From : MRTV-4
ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ UNFPA မှ မြန်မာနိုင်ငံမှာ မျိုးဆက်ပွား ကျန်းမာရေး၊ လူဦးရေနဲ့ ဖွံ့ဖြိုးမှု လုပ်ငန်းများမှာ ကူညီ ထောက်ပံ့မှုများ ပေးဖို့အတွက်
အမေရိကန် ဒေါ်လာ ၂၉.၅ သန်းကို ထောက်ပံ့ ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ထောက်ပံ့မှုနဲ့ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အထိ ကာလအတွင်း မြန်မာနိုင်ငံမှာ မျိုး ဆက်ပွား ကျန်းမာရေး လုပ်ငန်းများ၊ လူဦးရေနဲ့ ဖွံ့ဖြိုးမှု လုပ်ငန်းများ၊ HIV-AIDS အသိပညာပေးနဲ့ ကူညီထောက်ပံ့ရေး လုပ်ငန်းများ၊ ကျား/မ သာတူညီမျှ ရရှိရေးစတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ လုပ်ငန်းများ လုပ်ဆောင်မှု ကိုတော့ မြန်မာနိုင်ငံရှိ ကျန်းမာရေး ၀န်ကြီး ဌာန၊ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဌာန အပါအ၀င် သက်ဆိုင်ရာ ၀န်ကြီး ဌာနများနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ UNFPA ဟာ မြန်မာနိုင်ငံ အတွက် ထောက်ပံ့ အကူအညီ ပေးမှုတွေကို ၁၉၇၃ ခုနှစ်မှ ၁၉၈၃ ခုနှစ်အတွင်း လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်း၊ ၁၉၉၁ ခုနှစ်မှာ သားဆက်ခြား ကျန်းမာရေး ဆိုင်ရာ လုပ်ငန်း စီမံချက်နဲ့ မျိုးဆက်ပွား ကျန်းမာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ ပါတယ်။ ဒါ့အပြင် UNFPA မှ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိကို အမေရိကန် ဒေါ်လာ ၁၆ သန်း၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိကို အမေရိကန် ဒေါ်လာ ၂၁ သန်း ကူညီ ဆောင်ရွက် ပေးခဲ့တယ်လို့ သိရပါတယ်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်