Subscribe to our RSS Feed

တရုတ်သမ္မတနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂရိတ်ဝေါခန်းမ၌ တွေ့ဆုံ


From : မြဝတီ

တရုတ် သမ္မတ ဟူကျင်ထောင်းသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နှင့် စက်တင်ဘာ ၅ ရက် နံနက်က ဂရိတ်ဝေါ ခန်းမ၌ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

ယခု ခရီးစဉ်သည် ကလင်တန်၏ ယခုနှစ် အတွင်း တရုတ် နိုင်ငံသို့ ဒုတိယ အကြိမ်မြောက် သွားရောက်သည့် ခရီးစဉ် ဖြစ်ပြီး သူမသည် သြဂုတ် ၃ဝ ရက်မှ စတင်၍ Cook ကျွန်း၊ အင်ဒိုနီးရှား၊ အရှေ့တီမော၊ ဘရူနိုင်းနှင့် ရုရှားနိုင်ငံ များသို့ လည်ပတ်ခဲ့ကြောင်း သိရသည်။

ကလင်တန်သည် တရုတ် ကာကွယ်ရေး ဝန်ကြီး ယန်ကျဲချီနှင့် စက်တင်ဘာ ၄ ရက်တွင် တွေ့ဆုံပြီး တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် နှစ်နိုင်ငံ အကျိုးစီးပွား နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ ကြောင်းသိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်