Subscribe to our RSS Feed

ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပညာသင်ရန် မြန်မာအင်ဂျင်နီယာ ၅၈ ဦး တရုတ်သွားမည်


From : .popular

ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပညာရပ်ဆိုင်ရာ ဘာ သာရပ်တို့ကို လေ့လာရန် တရုတ် နိုင်ငံသို့ မြန်မာအင်ဂျင်နီယာ လူ ငယ် အယောက် ၅၈ ဦး သွာ
း ရောက်ကြမည်ဟု သိရသည်။
ဦးရေအများဆုံးအဖြစ် ပထမ ဦးဆုံး စတင်သွားရောက်မည့် အဆိုပါ လူငယ်တို့မှာ စီချင်ပြည် နယ်၊ ချန်ဒူးမြို့ရှိ Southwest Petroleum University တွင် ၃ လ ကြာ သွားရောက်သင်ယူကြ မည်ဖြစ်ကာ စက်တင်ဘာ ၈ ရက်နေ့တွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာကြမည် ဖြစ် သည်။၎င်းတို့သည် သင်ယူပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်လာပါ က ကျောက်ဖြူ-ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလုပ် ငန်းတွင် တာဝန်ထမ်းဆောင်ကြ မည် ဖြစ်ပြီး အပြည့်အဝ ပညာ သင်ဆု အပြင် လစဉ်လစာငွေ တို့ကိုပါခံစားကြရမည်ဟု သိရသည်။ကျောက်ဖြူ-ကူမင်း ရေနံ နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံ ကိန်းကို မြန်မာတရုတ် CNPC ၊ အိန္ဒိယ၊ တောင်ကိုရီးယား ဒေဝူး ကုမ္ပဏီတို့ ရှယ်ယာတို့ စုပေါင်း ကာ လုပ်ကိုင်နေသည်။

Myanmar Express

1 comments:

ခွေးမသားတွေ တိုင်းပြည်သယံဇာတကိုရောင်းစားမယ့်ပညာသွားသင်ကြ.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်