Subscribe to our RSS Feed

မြောက်ကိုရီးယားနိုင်ငံတွင် ဘိုလာဗန်မုန်တိုင်းတိုက်ခတ် ၄၈ ဦး သေဆုံး

From :mwd

ပြုံယမ်း စက်တင်ဘာ ၎

မြောက်ကိုရီးယား နိုင်ငံတွင် ဘိုလာဗန် မုန်တိုင်း တိုက်ခတ်မှုကြောင့် ၄၈ ဦး သေဆုံးခဲ့ပြီး ၅ဝ ကျော် ပျောက်ဆုံး သို့မဟုတ်ဒဏ်ရာရ လျက်ရှိကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ထို့အပြင် အဆိုပါမုန်တိုင်း တိုက်ခတ်မှု ဒဏ်ကြောင့် လူဦးရေ ၂၁ဝဝဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အိမ်ခြေ ၆၅ဝဝ ကျော် ပျက်စီးခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန၏ ထုတ်ဖော် ပြောကြားချက်အရ သိရ သည်။

ထို့အပြင် မုန်တိုင်းဒဏ်ကြောင့် သစ်ပင် ၁၆၇ဝဝ ကျော်ပြိုလဲခဲ့ပြီး စက်ရုံနှင့် ပြည်သူပိုင် အဆောက်အအုံ ၈၈ဝ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ၊၎င်းအပြင် လယ်မြေ ဟတ်တာ ၅ဝဝဝဝ နီးပါး ပျက်စီးခဲ့ပြီး ကောက်ပဲသီးနှံများ စိုက်ပျိုး ထားသော လယ်မြေ ဟတ်တာ ၄၅၃ဝဝ ခန့် ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်