Subscribe to our RSS Feed

မာစတာကတ်အသုံးပြုမှု မြန်မာနိုင်ငံတွင် ပထမဆုံးမြင်တွေ့ရတော့မည်


From : 7day

အမေရိကန်အခြေစိုက် ငွေပေးချေရေးကတ်ကုမ္ပဏီ မာစတာကတ်ကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံအတွင်း ၎င်း၏ကတ်များ အသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံမှ သမ၀ါယမဘဏ် (Co-Operative Bank) CB ဘဏ် နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် ရခဲ့ကြောင်း သိရသည်။ CB ဘဏ်သည် မြန်မာနိုင်ငံတွင်း၌ အလိုအလျောက်ငွေထုတ်စက် ATM များကို အကျယ်ပြန့်ဆုံး ထာ
းရှိဆောင်ရွက်နေသော ဘဏ်ဖြစ်ပြီး ယခုသဘောတူညီချက်အရ မာစတာကတ်အမှတ်တံဆိပ် ငွေပေးချေရေးကတ်များကိုလည်း ပြည်တွင်း၌ အသုံးပြုခွင့် ရရှိစေမည်ဖြစ်သည်။

မာစတာကတ်ကုမ္ပဏီ၏ အာရှ-ပစိဖိတ်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကရေးရာဌာန ဥက္ကဋ္ဌ ဗစ်ကီဗန်ဒရာက "သင့်မှာ ဘဏ်သုံးခု သို့မဟုတ် လေးခုလောက်ရှိလာတာနဲ့ အမျှ ရောင်းဝယ်ဖောက်ကားသူတွေအတွက်ရောရော၊ ကြော်ငြာလုပ်ငန်းတွေအတွက်ပါ ပညာပေးဖို့ ပိုထိရောက်အကျိုးရှိလာမှာပါ။ ကျွန်တော်တို့ဟာ (မြန်မာဈေးကွက်အတွင်း ၀င်ရောက်ဖို့) မြန်နိုင်သမျှ မြန်အောင်ကြိုးစားနေပါတယ်။ တစ်နှစ်လောက်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပိုကောင်းတဲ့ပုံရိပ် ရလာမယ်လို့ မျှော်လင့်နေပါတယ်"ဟုပြောသည်။

မာစတာကတ်များကို မကြာမီလများအတွင်း CB ဘဏ်၏ အေတီအမ်စက်များ၊ ယင်းကတ်လက်ခံသော အရောင်းဆိုင်များ၊ နေရာများတွင် စတင်အသုံးပြုနိုင်မည် ဖြစ်သည်။

မာစတာကတ်ကုမ္ပဏီသည် ၎င်း၏ မာစတာကတ်များ အသုံးပြုခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို မြန်မာနိုင်ငံတွင် လာမည့်ငါးနှစ်မှ ဆယ်နှစ်အတွင်း အီလက်ထရွန်နစ်ငွေပေးချေ ရေးဈေးကွက်ဖွံ့ဖြိုးလာပါမှ ပြည်တွင်း၌ အခြေချလုပ်ကိုင်သွားမည် ဖြစ်သည်။ ယင်းမတိုင်မီအထိမူ ဗီယက်နမ်မှ နေ၍ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် ကန်သမ္မတ အိုဘားမားက ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ကုမ္ပဏီများအားမြန်မာနိုင်ငံတွင်းရင်းနှီးမြုပ်နှံခွင့်ပေးပြီးနောက်အမေရိကန် အကြွေးဝယ်ကတ် ကုမ္ပဏီ `ဗီဇာ´ က မြန်မာ့ဘဏ္ဍာရေး ၀န်ဆောင်မှုဈေးကွက်သို့ စတင်ဝင်ရောက်မည်ဟု သြဂုတ်လ ၁၉ ရက်တွင် ကြေညာခဲ့သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်