Subscribe to our RSS Feed

အိန္ဒိယရှိ မီးရှူးမီးပန်း စက်ရုံ ပေါက်ကွဲမှု လူ ၄၀ သေဆုံး

From : mrtv4

အိန္ဒိယ နိုင်ငံ တောင်ပိုင်းရှိ တမီးလ်နာဒူး ပြည်နယ်တွင် ရှိသည့် မီးရှူးမီးပန်း စက်ရုံ တစ်ခုတွင် ကြီးမားသည့် မီးလောင်ကျွမ်းမှု

တစ်ခု ဖြစ်ခဲ့ရသဖြင့် အနည်းဆုံးလူ ၄၀ သေဆုံးခဲ့ရကာ ၆၀ ကျော် ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။ အဆိုပါ မီးလောင် ကျွမ်းမှုမှ တစ်ဆင့် ပေါက်ကွဲမှုများလည်း ဖြစ်ပွားခဲ့ပြီး မီးရှူးမီးပန်း ပုံးများမှ ပေါက်ကွဲခဲ့သဖြင့် ယခုလို သေဆုံးမှု မျုားပြားခဲ့ရခြင်းလည်း ဖြစ်သည်။

Om Siva Shakti ခေါ် မီးရှုးမီးပန်း စက်ရုံတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ မီးလောင်မှုကြောင့် စက်ရုံ တစ်ခုလုံး မီးလောင် ကျွမ်းခဲ့ရကာ မီးလောင်ရသည့် အကြောင်းရင်းကိုမူ မသိရသေးကြောင်း သိရသည်။ ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး အိန္ဒိယ သတင်း အေဂျင်စီ တစ်ခုဖြစ်သည့် Press Trust တွင် ဖော်ပြရာ၌ သေဆုံးသူ ဦးရေမှာ ၅၂ ဦး ရှိပြီး ယင်းစက်ရုံထဲတွင် မီးလောင်မှု ဖြစ်ပွားချိန်က လူပေါင်း ၃၀၀ခန့် ရှိနေခြင်း ဖြစ်ကာ အများစုသော ထိခိုက် သေဆုံးသူများမှာ ဒေသခံ ကျေး ရွာမှ ဖြစ်ကြောင်လည်း ဖော်ပြခဲ့သည်။

ယခုလို ဖြစ်ရပ်ကြောင့် မီးသတ်ကား တစ်ဒါဇင်ခန့်ဖြင့် ငါးနာရီကြာ ငြိမ်းသတ်ခဲ့ရကြောင်းလည်း သိရသည်။ မီးလောင်မှု မဖြစ်ပွားမီ ရက်အနည်းငယ်က လုံခြုံရေး စစ်ဆေးမှု ပြုရာတွင် အရည်အသွေး မပြည့်မီသဖြင့် စက်ရုံလိုင်စင်ကို ပိတ်ထားခြင်း ခံခဲ့ရခြင်းလည်း ဖြစ်သည်။ အဆိုပါ မြို့တွင် မီးရှုးမီးပန်း စက်ရုံများ ရှိကာ နိုင်ငံ အတွင်းရှိ ထုတ်လုပ်မှု အားလုံး၏ ၉၀ ရာနှုန်းကို ထုတ်လုပ် ပေးနေခြင်း လည်း ဖြစ်သည။်

source : presstv.ir

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်