From : Hmuu Zaw
သမ္မတ ဦးသိန်းစိန်က ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) မှ ကိုယ်စားလှယ်များကို အပစ်အခတ်ရပ်စဲရေး အတွက် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း ထားကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောသည်။
အဆိုပါ သမ္မတ ဦးသိန်းစိန်၏ ကမ်းလှမ်းမူကို KIO အဖွဲ့ ကိုယ်စားလှယ်များက အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ယခုရက်ပိုင်းအတွင်း နေပြည်တော်၌ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် သီးသန့် တွေ့ဆုံမေးမြန်းရာတွင် ဦးအောင်မင်းက ပြောကြားသည်။
“နိုင်ငံတော် သမ္မတကြီးက ဒီလောက်တောင် ဖြစ်လှတာ၊ နေပြည်တော်မှာ လာလုပ်၊ သူ့မျက်စိရှေ့မှာ လာလုပ်ဆိုပြီးတော့ ဒီလောက်အထိကို အခွင့်အရေး ပေးထားတယ်။ သွားရေး၊ လာရေး၊ လုံခြုံရေး ကိစ္စအားလုံး တာဝန်ယူတယ်။ ဒီမှာ လာလုပ်ပါ။ အဲဒါ အဖြေ မရသေးဘူး” ဟု ဦးအောင်မင်းက ဆိုသည်။
Myanmar Express

2 comments:
if they need a war you shell give it.
ကျွန်တော်တစ်ခါကပြောသလို kia နောက်မှာဘယ်သူ ဘယ်အဖွဲ့အစည်းရှိနေပြီလဲ။ kia ခေါင်းဆောင်ပိုင်းရဲ့ပိုင်ဆိုင်မှုတွေကိုစိုးရိမ်လို့လား။ သမ္မတကြီးဘက်ကတော့ကုန်ပြီနော်။ တပ်က လူ လက်နက်အင်အားမသုံးသေးဘူးနော်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်