Subscribe to our RSS Feed

ပြည်တွင်း စွမ်းအင် ကဏ္ဍတွင် ထိုင်းနိုင်ငံမှ အများဆုံး လာရောက် ရင်းနှီးမြှုပ်နှံ

From : mrtv4

ပြည်တွင်း စွမ်းအင် ကဏ္ဍမှာ ပြည်ပ နိုင်ငံများမှ ရင်းနှီး မြှုပ်နှံမှုများ ဆောင်ရွက်လျက် ရှိပြီး ဒီလိုပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံမှု တွေမှာ ထိုင်းနိုင်ငံက

အများဆုံး ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်တယ်လို့ စက်တင်ဘာလ ၄ ရက်နေ့က Sedona ဟိုတယ်မှာ ကျင်းပ ပြုလုပ်တဲ့ စွမ်းအင်ကဏ္ဍ ဆိုင်ရာ ညီလာခံမှာ စွမ်းအင် ၀န်ကြီး ဌာန၊ စွမ်းအင် စီမံကိန်း ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒီလို စွမ်းအင် ကဏ္ဍကို ပြည်ပနိုင်ငံများမှ လာရောက် ရင်းနှီး မြှုပ်နှံရာမှာ ထိုင်းနိုင်ငံက အများဆုံး ဖြစ်ပြီး တရုတ် နိုင်ငံက ဒုတိယ အများဆုံး ဖြစ်ပါတယ်။ ပြည်တွင်းရဲ့ စွမ်းအင် ကဏ္ဍမှာ စုစုပေါင်း နိုင်ငံ ၁၁ နိုင်ငံမှ ရင်းနှီးမြှုပ်နှံ ထားတာ ဖြစ်ပါတယ်။ ဒီလို လာရောက် ရင်းနှီးမြှုပ်နှံ ထားတဲ့ နိုင်ငံတွေ ကတော့ ထိုင်း၊ တရုတ်၊ ရုရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ စင်္ကာပူ၊ ဟောင်ကောင်၊ ဆွစ်ဇာလန်၊ မလေးရှား အစရှိတဲ့ နိုင်ငံများမှ လာရောက် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက် နေတာ ဖြစ်ပါတယ်။

ပြည်ပ နိုင်ငံများမှ စွမ်းအင် ကဏ္ဍမှာ ရင်းနှီး မြှုပ်နှံမှု ဆောင်ရွက် နေတဲ့ လုပ်ကွက် များမှာ ကုန်းတွင်း လုပ်ကွက် အနေနဲ့ ဟူးကောင်း၊ ရွှေဘို-မုံရွာ၊ ချောက်၊ စစ်တွေ၊ ကံမ-နတ်တောင်၊ အင်ပင်-တည်ကြီးကုန်း၊ မြင်းခြံ အစရှိတဲ့ နေရာများ အပါအ၀င် ကုန်းတွင်း လုပ်ကွက် ၁၉ ကွက်မှာ ဆောင်ရွက် နေတာဖြစ်ပြီး ကမ်းလွန် လုပ်ကွက် အနေနဲ့တော့ လုပ်ကွက် ၂၂ ကွက် ရှိတယ်လို့ သတင်း ရရှိပါတယ်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်