From : Yangon Press International
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဝန်ဆောင်မှုပေးလျှက်ရှိသည့် ADSL အင်တာနက်(တယ်လီဖုန်းလိုင်း အသုံးပြုသည့် မြန်နှုန်းမြင့်အင်တာနက်စနစ်) စတင် တပ်ဆင်ခနှုန်း နကို ၆ သိန်းကို ကျပ် ၅သောင်းအဖြစ် လာမည့် နိုဝင်ဘာ ၁ ရက်နေ့မှ လျော့ချမည်ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖေါ်ပြထားသည်။ မြန်မာ့ဆက်သွယ်ရေး အပြင် အခြားသော အင်တာနက် ၀န်ဆောင်မှု ပေးနေသည့် ရတနာပုံ တယ်လီပို့နှင့် Red Link ကုမ္ပဏီမှ ၀ိုင်မက်စ်စနစ်၊ စကိုင်းနက် ဂြိုဟ်တု စနစ်သုံး မြန်နှုန်းမြင့် အင်တာနက်များ၏ ဈေးနှုန်းလျော့ ချမည် မချမည်ကိုမူ မသိရှိရသေးပါ။ ယခင် လစဉ်ကြေး ၆ သိန်းကျသင့်သည့်စတင်တပ်ဆင်ခကို နှုန်းထားသစ် တွင် ကျပ် ၅ သောင်းသို့၎င်း၊ ယခင် တလ ကျပ် ၃ သောင်းကျသင့်သည့် 512 kbps မြန်နှုန်းဝန်ဆောင်မှု ကို နှုန်းထားသစ်တွင် ၁၇၀၀၀ ကျပ်သို့ ၎င်း လျော့ချလိုက်သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏ အင်တာနက်ဝန်ဆောင်ခ နှုန်းထားမှာ ဒေသတွင်းနိုင်ငံများ အကြား အမြင့်ဆုံးသော နှုန်းထားဖြစ်သည်ဟု ထင်ရှားခဲ့သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ADSL အင်တာနက်လိုင်း လစဉ်ကြေးအဖြစ် ဘတ် ၆၀၀ ၀န်းကျင် (ကျပ် ၁၆၀၀၀ ) ၀န်းကျင်ရှိသည်ကို တွေ့ရသည်။ တဦးချင်းဝင်ငွေမြင့်မားသည့်ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စု တွင် ADSL အင်တာနက်လစဉ်ကြေးမှာ တလ ဒေါ်လာ ၂၀ မှ စတင်သည်ဟု သိရှိရသည်။
Myanmar Express

5 comments:
I live in New York, USA. Class C, D, E also expensive now because DSL Class C is only $30 per month in USA now. Now in Myanmar Class C is $70 per month. So Government and Internet Wi Fi companies must reduce their internet Subscriber fee.
ရတနာပုံတယ်လီပိုလ့် မပါဘူးလား ။ ရတနာပုံတယ်လီပိုလ်မှာ FEC နဲ့
BIll ဆောင်ရတာစိတ်ပျက်စရာကောင်းပါတယ်။ Casher ကမမတွေ
က FEC ကို နည်းနည်းလေးဟောင်းတာတို့ သူတို.မကြိုက်ဘူးထင်ရင်
လုံးဝ လက်မခံဘူး ဘာမှ့ပြန်ပြောလို.မရဘူး ပြောရင်လည်း စွာလိုက်
တာမှ့ ငါစိမ်းသည်ကတောင် အမေခေါ်ရလောက်အောင် ရိုင်းစိုင်းတယ်
FEC ကနေ ကျပ်ငွေပြောင်းသင်.နေပါပြီ။ ဈေးလည်းလျှော့သင်.နေပါ
ပြီ.............
လုပ်သင့်တာတွေ လုပ်ကြပါအုန်း အရပ်ကတို့ ရေ
ဘယ်ဈေးတွေဖြစ်ဖြစ်လျော့ နိုင်လေ ကောင်းလေပေါ့
သားငါးဟင်းသီးဟင်းရွက်ကစလို့ တိုက်တာအိမ်ခြံမြေကားစိန်ရွှေငွေတွေထိပေါ့
တနေ့ သင်ငွေလုပ်အားခတွေတော့ မြင့်တင်ပေးကြပါ
အင်တာနတ် လိုင်းတွေကိုလည်းကွန်နရှင်ကောင်းကောင်းလေးလွှင့်ပေးပါအုန်း လို့မေတ္တာရပ်ခံပါဒယ်
ဘာလို adsl line နက် wechat သုံးလို့ မရတာလဲ။ ပြောပြနိုင် မလား။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်