From :Popular News
အငြင်းပွားဖွယ်ဖြစ်နေသော ကချင်ပြည်နယ် ရှေ့တန်းစစ်မျက်နှာပြင်ရှိ မြန်မာ့တပ်မတော် တပ်ရင်းများကို တစ်ဆင့်ချင်း ရုပ်သိမ်းသွားမည်ဟု သိရသည်။ ရှေးဦးစွာ တိုက်ပွဲဖြစ်ပွားရာ လက်တစ်ကမ်းအကွာရှိ စစ်တပ်ရင်းများကို နောက်တန်းစစ်စခန်းများသို့ ပြန်လည်ဆုတ်ခွာရန် စီစဉ်သွားမည်ဖြစ်ပြီး ယင်းနောက်တန်း စစ်မျက်နှာရှိ စစ်တပ်ရင်းများအား စစ်အခြေစိုက်နေရာများသို့ တစ်ဆင့်ချင်း ပြန်လည်ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ တပ်မတော် စစ်တပ်ရင်းများ ရုပ်သိမ်းမှုကို လာမည့် ရက်သတ္တနှစ်ပတ်နှင့် တစ်လ အတော်အတွင်း ဆောင်ရွက်သွားမည်ဟု ဝန်ကြီးဦးအောင်မင်းက အောက်တိုဘာလ ၁၂ ရက်က တွေ့ဆုံစဉ် ပြောကြားကြောင်း ဝန်ကြီးနှင့် တွေ့ဆုံခဲ့သည့် ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ဝင် ကိုထွန်းအောင်ကျော်က အောက်တိုဘာလ ၁၃ ရက်က ပြောသည်။ “ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ဒီနှစ်ပတ်တစ်လအတွင်း သတင်းကောင်း ကြားရတော့မှာပါလို့ ဝန်ကြီးက ပြောတယ်။ လက်တစ်ကမ်း အကွာမှာရှိတဲ့ စစ်တပ်ရင်းတွေကို တစ်ဆင့်ချင်း ပြန်ရုပ် သွားပြီး နှစ်ဦးနှစ် ဖက် နိုင်ငံရေး အရ ဆွေးနွေးမှုတွေ ဆောင်ရွက်နိုင်အောင် စီစဉ်နေတယ်လို့ ပြောတယ်” ဟု ဝန်ကြီးနှင့် တွေ့ဆုံခဲ့သည့် ငြိမ်းချမ်းရေးမစ်ရှင် အဖွဲ့ဝင်အချို့က ပြောသည်။ ယင်းကဲ့သို့ ရှေ့တန်း စစ်မျက်နှာပြင်ရှိ တပ်မတော် တပ်ရင်းများကို တစ်ဆင့်ချင်း ရုပ်သိမ်းသွားပါက တပ်မတော်အစိုးရနှင့် ကေအိုင်အို (ကေအိုင်အေ) တပ်မတော်ကြား နှစ်ပေါင်း ရှည်ကြာ ဖြစ်ပွားနေသည့် လက်နက်ကိုင် တိုက်ပွဲများ အဆုံးသတ်သွားနိုင်ခြေရှိပြီး ဒီမိုကရေစီတိုင်းပြည် ဖြစ်ထွန်းပေါ်ပေါက်မှု ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး မစ်ရှင်အဖွဲ့ဝင် မူးသာက ပြောသည်။ ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ဝင် ထွန်းအောင်ကျော်၊ မူးသာ၊ ကိုကိုလေးတို့ ၃ ဦးသည် အောက်တိုဘာလ ၁၂ ရက်က နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံခဲ့သည်။ ၄င်းတို့သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ကာလအတွင်း ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်ကြီး ဇော်မိုင်၊ ဒေါက်တာ တူးဂျာတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၄င်း၏ အမေရိကန် ခရီးစဉ်အတွင်း ဘီဘီစီသတင်းဌာနနှင့် အင်တာဗျူးတွင် မိမိတပ်မတော်မှ တပ်မှူးများအား ကချင်ပြည်နယ်အတွင်း ထိုးစစ်မဆင်ရန် အမိန့်ထုတ်ပြန်ထားသော်လည်း ပစ်ခတ်မှုတွေ ဖြစ်ပွားနေခြင်းမှာ တစ်ဖက်မှ ပစ်ခတ်လာသည့်အပေါ် ခုခံ ကာကွယ်မှု သဘော တုံ့ပြန်ခြင်းသာ ဖြစ်ကြောင်းဖြင့် ပြန်လည်ဖြေကြား ခဲ့ကြောင်း သိရှိရသည်။
Myanmar Express

5 comments:
ငြိမ်းချမ်းရေးမစ်ရှင်ကကြားဝင်ညှိပေးတာကောင်ပါတယ်။ တပ်တွေရုပ်သိမ်းပြီချိန်KIAအခွင့်အရေးမယူဘို့လိုတယ်။ ဥပမာ-လူစုတာနယ်မြေချဲ့တာစစ်ရေးအသာစီးယူတာကချင်ပြည်နယ်ကိုမောင်ပိုင်စီးပြီးခွဲထွက်ရေးလမ်းကြောင်းကိုဦးတည်တာတွေမဖြစ်ဘို့လိုတယ်။ ဆွေးနွေးပွဲုလုပ်ရင်လည်းပြည်ူသူ့ရှေ့မှာလုပ် သတင်းတိကျစွာထုတ်ပြန်စေချင်တယ်။အားလုံးစိတ်ဝင်စားနေကြတယ်။ငြိမ်းချမ်းရေးရပါစေ။
အရင်လိုငြိမ်းချမ်းရေးယူပြီး ဆက်ကြေးကောက်ပြီး ရလာတဲ့ငွေတွေနဲ့ လက်နက်တွေ လူတွေမစုဘို့လိုပါတယ်။ ဒါပေမယ့်လည်း မလွယ်ပါဘူး။ ကန်နေကျနွား ခွါမမေ့ဘူးတဲ့။ စကားပုံရှိတယ်လေ။ ရှေည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖြစ်ပါစေကြောင်းဆုတောင်းပါတယ်။

လုံးဝကိုမ၇ုတ်သိမ်းသင့်ပါ။ရန်သူကိုနောက်ထပ်အခွင့်အရေးပေးသလိုဖြစ်
သွားမည်ဖြစ်သည်။KIA အကြမ်းဖက်သောင်းကျန်းသူ...သူပုန်တွေကိုလုံး
ဝအခွင့်အရေးမပေးသင့်ပါ။မြွေပွေးခါးပိုက်ပိုက်တွေဖြစ်သည်။အမှန်မှာထာဝရ
ငြိမ်းချမ်းရေးအတွက် လိုက်ဇာစခန်းကိုအပြီးတိုင်ထိုးစစ်ဆင်နွဲပြီးသိမ်းပိုက်
သင့်ပါသည်။
နိုပေးကိုင်လျင် ဖင်ရန်မရှာဖို့လိုတယ်
ယခင်လည်းနှစ် နှစ်ဆယ်နေလာခဲ့ပြိး
ထဖေါက်တာဘဲ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်