Subscribe to our RSS Feed

KIA မိုင်းကြောင့် အပြစ်မဲ့ ပြည်သူများ သေကြေပျက်ဆီးဒဏ်ရာရ

From : မြ၀တီ


ကာမိုင်းမြို့နယ် ဆိုင်ဖရာကျေးရွာ တံတားညီနောင်တွင် ကေအိုင်အေ(ကချင်)အဖွဲ့မှ မိုင်းအားနင်းမိ၍ (၁)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာရရှိ ၁၆-၁၀-၂၀၁၂ ရက်နေ့ ကာမိုင်းမြို့နယ် ဆိုင်ဖရာကျေးရွာနေ သားငယ်(ခေါ်) ကျော်အောင် (၂၅)နှစ်၊ စိုးမိုးအောင်(၁၉)နှစ်နှင့် ဒေါ်လှညွန့် (၄၈)နှစ်တို့သည် တံတားညီနောင်ကျေးရွာမှ ဆိုင်ကယ်ဖြင့် ဆိုင်ဖရာကျေးရွာသို့ ပြန်လာစဉ် တံတားညီနောင် အထွက်တွင် ကေအိုင်အေ(ကချင်)အဖွဲ့မှ ထောင်ထားသောမိုင်းအား နင်းမိပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲမှုကြောင့် သားငယ်တွင် ယာလက်ဖျံ ဒဏ်ရာ (၁)ချက်၊ စိုးမိုးအောင် လည်ပင်းပေါက်ပြဲ ဒဏ်ရာရ၍ စိုးရိမ်ရပြီး ဒေါ်လှညွန့်မှာ ဦးခေါင်းနောက်စေ့ ပွင့်ထွက်ပြီး ၎င်းနေရာတွင်ပင် သေဆုံးခဲ့ကြောင်းသတင်းရရှိသည်။ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်အားသိသိခြင်း တပ်မတော် စစ်ကြောင်းများမှ လိုက်လံရှင်းလင်းဆောင်ရွက်ပြီး ထိခိုက်ဒဏ်ရာရရှိသူ များအား ကာမိုင်းပြည်သူ့ဆေးရုံမှတစ်ဆင့် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသရေးအတွက် ကူညီဆောင်ရွက် ပေးခဲ့သည်။ ကေအိုင်အေ(ကချင်)အဖွဲ့မှ မိုင်းထောင်မှုများကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှုများစွာ ရှိနေ ကြောင်းသတင်းရရှိသည်။ 

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်