Subscribe to our RSS Feed

ဒေသအလိုက်လျှပ်စစ်ယူနစ်ပျောက်ဆုံးမှု လျှော့နည်းရေးအတွက် တွန်းအားပေးဆောင်ရွက်ရန်နှိုးဆော်

From : The Hot News


 မြန်မာနိုင်ငံတွင်းရှိတိုင်းဒေသ ကြီး/ပြည်နယ်တိုင်းလျှပ်စစ်အင်ဂျင်နီယာများ အနေဖြင့် လျှပ်စစ် ဓာတ်အားယူနစ်ပျောက်ဆုံးမှုလျှော့ နည်းစေရေးအတွက် အဖက်ဖက် မှ တွန်းအားပေးဆောင်ရွက်သွားရန်ပဲခူးတိုင်းဒေသကြီးတိုင်း လျှပ်စစ်အင်ဂျင်နယီယာရုံးမှ ဆောင်ရွက်သကဲ့သို့ လိုက်နာဆောင်ရွက်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှယူနစ်ပျောက်ဆုံးမှု လျှော့နည်းaစရေးအတွက် တွန်းအားပေးဆောင်ရွက်သွားရန် နှိုးဆော်မှုများ ပြုလုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများ အလိုက်ယူနစ် ပျောက်ဆုံးမှု လျှော့နည်းမှုဆောင်ရွက်ချက်အခြေအနေများကို လစဉ်(၁၅) ရက်နေ့အထိတစ်ကြိမ်နှင့် လကုန်ရက်နေ့အထိ တစ်ကြိမ်ဆောင်ရွက်ချက် တိုးတက်မှုအခြေအနေအား (၃) ရက်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနသို့ ပြန်လည်တင်ပြရမည်ဖြစ် ကြောင်းသိရသည်။ ပဲခူးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် လက်အောက်ရှိမြို့နယ် လျှပ်စစ်အင်ဂျင် နီယာ၊ မြို့လျှပ်စစ်မှူးရုံးတစ်ရုံးချင်းစီ၏ ဓာတ်အားပျောက် ဆုံးမှုအား စိစစ်ခဲ့ရာတွင် ဓာတ်အားပျောက် ဆုံးမှုများပြားနေကြောင်း ပေးပို့ သည့်အစီရင်ခံစာများအရ စိစစ်တွေ့ရှိရကြောင်း သိရသည်။ သို့အတွက်ကြောင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုခေါ်ယူပြီး လျှပ်စစ် ဓာတ်အားပျောက်ဆုံးမှု လျှော့နည်းအောင်နည်းပေါင်းစုံဖြင့် ဆောင်ရွက်ရန် ၀န်ခံကတိပြု လက်မှတ်ရေးထိုးစေခဲ့ကြောင်း ဓာတ်အားပျောက်ဆုံးမှု လျှော့နည်း အောင်ဆောင်ရွက်မှုအားနည်းသော မြို့နယ်လျှပ်စစ်အင် ဂျင်နီယာ မြို့ လျှပ်စစ်မှူးတို့အား ခုံဖွဲ့စစ်ဆေးပြီး အရေးယူဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ တိုင်းလျှပ်စစ်အင်ဂျင်နီ ယာရုံးမှလည်း လိုအပ်သော နည်းပညာနှင့်ပစ္စည်းများပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ယူနစ်ပျောက်ဆုံးမှု လျှော့နည်းစေရေးအတွက် ဆောင်ရွက် ခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ကြောင်း တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ရုံးမှတာဝန် ရှိပုဂ်္ဂိုလ်တစ်ဦး၏ပြောပြချက်အရ သိရသည်။ 

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်