Subscribe to our RSS Feed

နိုင်ငံပိုင် သတင်းစာများကို တစ်ပတ်ခြားစီ ရောင်စုံကာလာဖြင့် ထုတ်ဝေ သွားမည်

From : MRTV4

လက်ရှိ ပြည်တွင်းမှာ ထုတ်ဝေ လျက်ရှိတဲ့ နိုင်ငံပိုင် သတင်းစာများ ဖြစ်တဲ့ မြန်မာ့အလင်း သတင်းစာနဲ့ ကြေးမုံ သတင်းစာကို တစ်ပတ်ခြားစီ ရောင်စုံ ကာလာနဲ့
ထုတ်ဝေ သွားဖို့ ရှိတယ်လို့ ပြန်ကြားရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ရောင်စုံ သတင်းစာ အဖြစ် ထုတ်ဝေရာ မှာလည်း စာမျက်နှာ ၁၆ မျက်နှာကို ရောင်စုံ ကာလာနဲ့ ထုတ်ဝေ သွားမှာ ဖြစ်ပြီး ကြော်ငြာ စာမျက်နှာ ၄ မျက်နှာ ကိုတော့ အဖြူ၊ အမဲနဲ့သာ ထုတ်ဝေ သွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အင်္ဂလိပ် ဘာသာနဲ့ ထုတ်ဝေ လျက်ရှိတဲ့ The News Light of Myanmar သတင်းစာ ကိုတော့ အဖြူ၊ အမဲနဲ့သာ ဆက်လက် ထုတ်ဝေ နေမှာ ဖြစ်ပါတယ်။ အခုလို မြန်မာ့အလင်း သတင်းစာနဲ့ ကြေးမုံ သတင်းစာကို ရောင်စုံ သတင်းစာ အဖြစ် ပြောင်းလဲ ထုတ်ဝေမှု ကိုတော့ ယခု လလယ်ပိုင်းက စတင်ပြီး ဒီဇင်ဘာ လလယ်ပိုင်း အထိ တစ်ပတ်ခြားစီ ထုတ်ဝေ သွားမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ နောက်ပိုင်း မှာတော့ ပုံမှန်နေ့စဉ် ရောင်စုံ သတင်းစာများ အဖြစ် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် တို့မှာ ထုတ်ဝေ ဖြန့်ချိ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုပါ နိုင်ငံပိုင် သတင်းစာ များကို တစ်စောင်ကို ၅၀ ကျပ်နှုန်းနဲ့ ရောင်းချ လျက်ရှိပြီး ရောင်စုံ သတင်းစာ အဖြစ် ထုတ်ဝေ လျက်ရှိတဲ့ စမ်းသပ် ကာလ အတွင်း ကိုလည်း ဈေးနှုန်း ပြောင်းလဲမှု မရှိဘဲ ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်