Subscribe to our RSS Feed

မြန်မာ့ အာမခံ တက္ကသိုလ် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက် လျက်ရှိ

From : MRTV4

အောက်တိုဘာလ ၁ ရက်နေ့က ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ The 19th Session of the ISJ Overseas Seminar
2012 ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ အာမခံ လုပ်ငန်း ဆိုင်ရာ ဆွေးနွေးပွဲမှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ မောင်မောင်သိန်းရဲ့ ပြောကြားချက် အရ နိုင်ငံတော် သမ္မတကြီးရဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု ၀ါဒများ နဲ့အညီ ပြည်တွင်းမှာ မြန်မာ့ အာမခံ တက္ကသိုလ် ဖွင့်လှစ်ဖို့ အတွက် စီစဉ် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီလို မြန်မာ့အာမခံ တက္ကသိုလ် ဖွင့်လှစ်နိုင်ဖို့ အတွက်ကို အခု လက်ရှိမှာ အသေးစိတ် ညှိနှိုင်းဆဲ အခြေအနေသာ ရှိသေးပြီး လုပ်ငန်း စတင်မှု တွေတော့ မပြုလုပ်ရ သေးဘူးလို့ သိရပါတယ်။ အခုလို မြန်မာ့ အာမခံ တက္ကသိုလ် ဖွင့်ပေးနိုင်ဖို့ စီစဉ် ရခြင်းမှာ ပြည်တွင်းရှိ အာမခံ လုပ်ငန်း အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေဖို့ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ မြန်မာ့ အာမခံ လုပ်ငန်းက အာမခံ အမျိုးအစား အချို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လုပ်ကိုင် ခွင့်ပြုခဲ့ပြီး ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ဖို့ ကုမ္ပဏီ ၁၂ ခုကို အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့မှ ရွေးချယ်ပေး ထားပါတယ်။

အဆိုပါ ပုဂ္ဂလိက ကုမ္ပဏီများ အနေနဲ့ ၂၀၁၃ ခုနှစ်၊ ၆ လပိုင်း နောက်ဆုံး ထားပြီး လုပ်ငန်း စတင် လည်ပတ်ဖို့ ညွှန်ကြား ထားပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ ပုဂ္ဂလိက အာမခံ လုပ်ငန်းများ ယခုထက် ပိုမို တွင်ကျယ်စွာ ဆောင်ရွက် လာနိုင်စေဖို့ အတွက် မြန်မာ့ အာမခံ လုပ်ငန်းရှင်များ အသင်း ဖွဲ့စည်း သွားဖို့လည်း ရှိတယ်လို့ သတင်း ရရှိပါတယ်။




Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်