Subscribe to our RSS Feed

မြန်မာ့အာမခံတက္ကသိုလ် ဖွင့်လှစ်ရန်အတွက် စီစဉ်ဆောင်ရွက်နေ

From :  ကြေးမုံ


ယခုကျင်းပသည့် အာမခံလုပ်ငန်းဆိုင်ရာ Seminar သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် Seminar ဖြစ်ပြီး အာမခံလုပ်ငန်းအတွက် အလွန်အကျိုးရှိမည့် Seminar ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု မူဝါဒများနှင့်အညီ မြန်မာနိုင်ငံတွင် မြန်မာ့အာမခံတက္ကသိုလ် ဖွင့်လှစ်ရန် အတွက်လည်း စီစဉ်ဆောင်ရွက်နေကြောင်းဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက အောက်တိုဘာ ၁ ရက်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ချက်ထရီယမ် ဟိုတယ်၌ ကျင်းပသည့် The 19th Session of the ISJ Overseas Seminar ၌ ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ သံမှူး Mr.Hideaki Matsuo၊ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်း၊ The General Insurance Association of Japan (GIAJ) မှ Executive Director Mr.Hiromi ASANO တို့က အမှာစကား ပြောကြားကြသည်။ ယင်းနောက် ဂျပန်နိုင်ငံ အာမခံလုပ်ငန်း ကုမ္ပဏီများမှ တာဝန်ရှိသူများက “Insurance Market and Regulartion in Japan- Past and Present” စာတမ်း၊ “Lessons and Issues- Case Study” စာတမ်း၊ “The Role of Insurance Regulator” စာတမ်းနှင့် “Achieving a Healthy Market Following Liberalization” စာတမ်းတို့ကို ဖတ်ကြားဆွေးနွေးကြပြီး တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို စာတမ်းရှင်များနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ကြသည်။ အဆိုပါ Seminar ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း၊ The General Insurance Association of Japan (GIAJ) နှင့် The Non-Life Insurance Institute of Japan တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း   သိရှိရသည်။


Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်