Subscribe to our RSS Feed

ဒီဇိုင်းပုံစံထုတ်ပြီး တည်ဆောက်သွားမည့် အမှတ်(၂) ဘုရင့်နောင် တံတား အသစ်အတွက် နေရာ လျာထားခြင်း

From :မြဝတီ


ရန်ကုန်- ပဲခူး- တောင်ငူ- မန္တလေး ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ် (၁၂၂/၁) နှင့် (၁၂၂/၂) အကြားရှိ နှစ်လမ်းသွား သံကူ ကွန်ကရစ် တံတား အင်အားဖြည့်
တည်ဆောက်ရန် ယာယီလမ်းလွှဲ ဘေလီတံတား တည်ဆောက် ပြီးစီးမှု၊ ရန်ကုန်- ပဲခူး-တောင်ငူ- မန္တလေး လမ်းတစ်လျှောက် လမ်းပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ ပဲခူးမြို့ ရှောင်ကွင်းလမ်း အစရှိ လမ်းအူကြောင်း အခြေအနေနှင့် ပဲခူး တက္ကသိုလ် စုဝေးခန်းမ နှစ်ထပ်ဆောင် တစ်လုံး တည်ဆောက်နေမှု တို့ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်သည် စက်တင်ဘာ ၂၉ ရက်က ကြည့်ရှု စစ်ဆေးခဲ့သည်။

ယမန်နေ့က ရန်ကုန်မြို့ ဘုရင့်နောင် တံတားသို့ ရောက်ရှိပြီး အမှတ်(၂) ဘုရင့်နောင် တံတားအသစ် လျာထား နေရာကို သေချာစွာ ရွေးချယ် သတ်မှတ်ရန်၊ တံတား ဒီဇိုင်းပုံစံ ထုတ်ပြီး တိုင်းတာ ရမည့်အပိုင်း ကြိုတင် စီမံ ဆောင်ရွက် ထားရှိရန် တို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Photo : စီမံကိန်း ဒီဇိုင်းမြင်ကွင်း တစ်ခု


  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်