Subscribe to our RSS Feed

နိုင်ငံခေါင်းဆောင်ဖြစ်ရေးအတွက် လူထုဆန္ဒအပြင်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်လည်းညီညွတ်ရန်လိုကြောင်း ဦးအောင်သိန်းလင်းပြောကြား

From : hotnews

 

နိုင်ငံတော်၏အကြီးအမှူး ခေါင်းဆောင်ရာထူးအတွက် ပြည်သူလူထု၏ဆန္ဒသဘောထား  တစ်ခုတည်းဖြင့် မလုံလောက်ဘဲ။  လူထုဆန္ဒအပြင် မြန်မာပြည်သူ ၉၂.၄၈ ရာခိုင်နှုန်းမှ ထောက်ခံ အတည်ပြုထားသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေပါအချက်များနှင့် ညီညွတ်ရန်လိုကြောင်း၊ ယင်းသို့ ညီညွတ်မှသာလျှင် နိုင်ငံခေါင်း ဆောင်ဖြစ်နိုင်မည်ဖြစ်ကြောင်း  ပြည်သူ့လွှတ်တော်ခေတ်မှီဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲမှု  စီစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ပြောကြား သွားခဲ့သည်။
“နိုင်ငံရဲ့အကြီးအကဲခေါင်း ဆောင်ဖြစ်ဖို့ဆိုတာ ပြည်သူလူထု ရဲ့ ဆန္ဒသဘောထားတစ်ခုထဲနဲ့ မရပါဘူး။ မြန်မာပြည်သူ ၉၂.၄၈ ရာခိုင်နှုန်းက ထောက်ခံပြီး အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံ  ဥပဒေပါအချက်တွေနဲ့လည်း ညီညွတ်ဖို့လိုပါတယ်။ ပြည်သူရဲ့  ဆန္ဒအပြင်နိုင်ငံတော်ရဲ့ အရေးကြီး  ဆုံးနဲ့ အဓိကအကျဆုံးပင်မကျော ရိုးကြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ   ကိုလည်း ကာကွယ်စောင့်ရှောက်ရ မယ်။ ဒီမိုကရေစီနိုင်ငံကိုသွားနေ တဲ့အခါ ဖွဲ့စည်းပုံဥပဒေကို အခြေခံ  ပြီးမှ ဥပဒေတွေရေးဆွဲရတာလေ  ပြည်သူတွေရဲ့ ဆန္ဒအပြင်ဖွဲ့စည်း ပုံအခြေခံဥပဒေ အခန်း (၃) ပုဒ်မ  ၅၉ ပါနိုင်ငံခေါင်းဆောင်ဖြစ်နိုင်တဲ့   အရည်အချင်းနဲ့ ကိုက်ညီမှုရှိရင် ဖြစ်နိုင်ပါတယ်။ နိုင်ငံတော်ရဲ့ အကြီးအမှူးခေါင်းဆောင်ဖြစ်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေကို ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ  တစ်ခုထဲမှာ  မဟုတ်ဘူး ၁၉၄၇ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်  ပုံအခြေခံဥပဒေ၊ ပုဒ်မ ၇၄/က မှာလည်း ဖော်ပြထားတာပဲ။ တိုင်းပြည်ခေါင်းဆောင်ဖြစ်ထိုက်တဲ့    အရည်အချင်းတွေ၊ ဒီဥပဒေတွေကို ပြည်သူတွေအနေနဲ့ လေ့လာမှု အားနည်းတဲ့အခါကြတော့ သူတို့ ရဲ့ ဆန္ဒတစ်ခုထဲနဲ့ သူတို့သဘော ကျတဲ့ တစ်ဦးတစ်ယောက်ကို  နိုင်ငံ  ခေါင်းဆောင်အဖြစ်တင်မြှောက်လို့ ရတယ်လို့ထင်ရတယ်။ ဒီလိုမရဘူး။ ဖွဲ့စည်းပုံဥပဒေဆိုတာ ကျွန်တော်  တို့နိုင်ငံရဲ့ ပင်မကျောရိုးကြီးလေ ဒီမိုကရေစီပန်းတိုင်ကိုသွားနေတဲ့  ကျွန်တော့်တို့နိုင်ငံမှာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေပါအချက်တွေကို လုံးဝသွေဖွယ်လို့မရဘူးလေ။ နိုင်ငံ  ခေါင်းဆောင်ဖြစ်ဖို့ အမတ်အရည် အချင်းနဲ့ကိုက်ညီရမယ်။ အဲဒီကမှ တစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃)  မှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံတော်သမ်္မတအရည်အချင်းနဲ့ ကိုက်ညီမှ နိုင်ငံခေါင်းဆောင်ဖြစ် နိုင်မယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအောင်သိန်းလင်း ကပြောကြားသွားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) ပုဒ်မ (၅၉) နိုင်ငံတော်   သမ္မတနှင့် ဒုသမ္မတများရွေးချယ်  တင်မြောက်ခြင်းဆိုင်ရာပြဋ္ဌာန်း ချက်၌ မိမိကိုယ်တိုင်သော်လည်း ကောင်း၊ မိမိ မိဘ တစ်ပါးပါး သော်လည်းကောင်း၊ ခင်ပွန်းသော်  လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်း ကောင်း၊ အဆိုပါ တရားဝင်သား သမီးတစ်ဦးဦး၏ ဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံ ခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်သိသူ၊ (သို့) နိုင်ငံခြား  အစိုးရ၏လက်အောက်ခံဖြစ်သူ   (သို့) တိုင်းတစ်ပါး၏နိုင်ငံသားဖြစ် သူသော်လည်းကောင်း၊ တိုင်းတစ် ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားသောအခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင် ခွင့်ရှိသူများမဖြစ်စေရဟုဖော်ပြပါ ရှိသည်။

 Myanmar Express

4 comments:

အဲဒီစကားက သမ္မတကြီး ပြောတာလေကွာ အောင်သိန်းလင်းမင်းကွာ

အဲဒီစကားက သမ္မတကြီး ပြောတာလေကွာ အောင်သိန်းလင်းမင်းကွာ

ှုဦးသိန်းစိန် မှာပုဂ္ဂိုလ်ရေးအောက်တန်းကျတဲ့စိတ်မရှိဘူး နိုင်ငံတိုးတက်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သူသိတယ် ရိုသားပြီး အတ္တနည်းတယ် အဲဒီအတွက် ပြည်သူချစ်တဲ့ ခေါင်းဆောင်တယောက် ဖြစ်လာတာပေါ့ ဦးအောင်သိန်းလင်းတို့အနေနဲ့ သူ့ကိုဆန့်ကျင်ရမှာမဟုတ်ဘူး အားကျအတုယူရမှာ..

The more you speak out, the more we know you are brainless and useless.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်