Subscribe to our RSS Feed

ရေဓာတ်ငွေ့ဖြင့် အင်ဂျင်မောင်းနိုင်သည့်နည်းကို စီးပွားဖြစ်သုံးနိုင်ပြီ

From :ခေတ်လူငယ်

ချောင်းရေ၊ မြစ်ရေနှင့် အ၀ီစီရေတို့မှ ဓာတ်ငွေ့ဖြင့် အင်ဂျင်များကို မောင်းနှင်နိုင်သည့်နည်းကို စီးပွားဖြစ် အသုံးပြုနိုင်ပြီဖြစ်ကြောင်း အာဆီယံအင်ဂျင်နီယာအသင်းဝင် မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်သစ်မှ သုတေသီ အင်ဂျင်နီယာ ဦးကျော်ကျော်က ပြောကြားသည်။ အဆိုပါ ရေဓာတ်ငွေ့ဖြင့် မည်သည့်အင်ဂျင်အမျိုးအစားမဆို မောင်းနှင်ရာတွင် စက်သုံးဆီစရိတ် လျှော့ချမှုကို ရာခိုင်နှုန်း ၂၀ အထိ လျှော့ချပေးနိုင်မည်ဖြစ်ကာ အင်ဂျင်အမျိုးအစားအလိုက် ကျပ်ခုနစ်သိန်းမှ ကျပ် ၁၆ သိန်းဝန်းကျင်ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ ရေဓာတ်ငွေ့ဆိုသည်မှာ ရေထဲတွင် ပါဝင်သည့် ရေမော်လီကျူးများရှိ အောက်ဆီဂျင်နှင့် ဟိုက်ဒြိုဂျင် အက်တမ်များကို ဓာတ်ငွေ့အဖြစ် ပြောင်းလဲ ထုတ်ယူခြင်းဖြစ်ပြီး အဆိုပါရေဓာတ်ငွေ့ဖြင့် မော်တော်ယာဉ်၏ လေသန့်ရှင်းစနစ်သို့ ဓာတ်ငွေ့ပို့လွှတ်ပြီး အင်ဂျင်အတွင်း လောင်စာဆီနှင့်အတူ လောင်ကျွမ်းစေခြင်းဖြစ်သည်။ ယင်းရေဓာတ်ငွေ့ကို ဓာတ်ဆီနှင့် ဒီဇယ်၊ အင်ဂျင်နှစ်မျိုးစလုံးတွင်သာမက ကုန်တင်ယာဉ်များ၊ မီးရထားများ၊ မီးစက်များတွင် အသုံးပြုနိုင်သည်။ လက်ရှိအင်ဂျင်များတွင် ရေဓာတ်ငွေ့ဖြင့် စမ်းသပ်မောင်းနှင်ခြင်းကြောင့် မီးစက်များတွင် ရာခိုင်နှုန်း ၂၀ မှ ၂၈ ရာခိုင်နှုန်း၊ မော်တော်ယာဉ်များတွင် ၂၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းအထိ စက်သုံးဆီအသုံးစရိတ်ကို လျှော့ချပေးနိုင်ကြောင်း သိရသည်။ “ရေဓာတ်ငွေ့ကိုတော့ ဒေသတွင်း အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှားတို့မှာတော့ သုံးနေကြတာတွေရှိတယ်။ ဒီမှာက သိပ်ပြီး မတွင်ကျယ်သေးဘူး။ ရေဓာတ်ငွေ့ကို ရောပြီးအသုံးပြုတဲ့အတွက် အင်ဂျင်သက်တမ်းကို ပိုကြာစေတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို လျော့နည်းစေတယ်။ အဲဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု လျော့နည်းစေတယ်။ ရေဓာတ်ငွေ့စက်ကတော့ သုံးတဲ့သူအတွက် ဘာအန္တရာယ်မှမရှိပါဘူး”ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ အင်ဂျင်နီယာတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ  ၂ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

   Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်