Subscribe to our RSS Feed

ပြည်ခိုင်ဖြိုးပါတီ၌ ဥက္ကဌ ရာထူးဆက်ရှိမည် နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် ယခင်နာယကကြီးများ တာဝန်ယူထားခြင်းလုံးဝမရှိကြောင်း ဦးဌေးဦးမှ အတည်ပြုပြောကြား

From : hotnews

 

မကြာခင်ကျင်းပမည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုညီလာခံကြီး၌ ပါတီ ဥက္ကဌရာထူးအား ထားရှိမည်မဟုတ်ကြောင်း နှင့် ယခင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီး၌ နာယကကြီးအဖြစ် တာဝန်ယူသော အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ရှိ နာယကကြီးအအဖြစ်ရှိနေသေးကြောင်း သတင်းများထွက်ပေါ်လျှက်ရှိနေပြီး အဆိုပါသတင်းများ မှာ ကောလဟာလသာဖြစ်ကြောင်း ပါတီ ညီလာခံကြီး၌ ဥက္ကဌရာထူးအား ဆက်လက်ထားရှိ မည်ဖြစ်ကြောင်း နှင့် ယခင် အသင်းကြီး၏ နာယကအဖြစ် တာဝန်ယူထားသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာလည်း အသင်းကြီးအား ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းစဉ်ကပင် နာယက နေရာမှာမရှိတော့ကြောင်း ၊ ပြည်ခိုင်ဖြိုးပါတီ(ဗဟို) အထွေထွေ အတွင်းရေးမှူးဦးဌေးဦးက အတည်ပြုပြောကြားလိုက်သည်။ “ပါတီရဲ့ ဖွဲ့စည်းပုံအရ ဥက္ကဌရော ၊ ဒု ဥက္ကဌရော ရှိပါတယ်။ ဒုဥက္ကဌဆို တစ်ယောက်ထက်မက ပိုရှိပါတယ်။ထပ်လည်းရှိနေမှာပါ။ ပါတီမှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေရှိတယ်။ ဒါပေမယ့် အဲဒီဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေထဲကနေ ပါတီရဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်ခွင့်မရှိတော့တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေရှိတယ်။ အဲဒါကတော့ နိုင်ငံတော်သမ္မတကြီးအပါအ၀င်  ပြည်ထောင်စုဝန်ကြီးတွေပဲ ၊ ပါတီတာဝန်တွေကို ထမ်းဆောင်ခွင့်မရှိတော့တဲ့ ၀န်ကြီးတွေ ကြောင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အရေအတွက်နည်းသွားတယ်။ အဲဒါကြောင့် အဲဒီအရေအတွက်လည်း ပြန်ဖြည့်ရမယ် ၊ ဒါက ပါတီညီလာခံမှာ လုပ်မယ့်ကိစ္စပါ။ ဥက္ကဌကတော့ ရှိမှာပဲ ၊ သို့သော အဲဒီဥက္ကဌ တာဝန်ကို ဆောင်ရွက်လို့ မရဘူးဆိုရင်လည်း ဒီတာဝန်ကို ပါတီမှာ အမြဲတမ်းကျန်ခဲ့ပြီး ဆောင်ရွက်နိုင်တဲ့သူ ကယူပြီးဆောင်ရွက်မှာပါ့။ ရာထူးယူချင်ယူမှာပေါ့ ရာထူးမယူပဲနဲ့ ဒီတာဝန်ကိုပဲယူမှာပါ။ နောက်တစ်ခုက အ၇င် အသင်းကြီးတုန်းက  နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီဝင်တွေဟာ အသင်းကြီးမှာ နာယကတွေဘဲ အဲဒီမှာ အသင်းကြီးလို့ စတင်ဖွဲ့စည်းပေးခဲ့တည်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်းပါတယ်။ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးလည်းပါတယ်။ ကျွန်တော်တို့ န.ယ.က အဖွဲ့လို့ ဖျက်သိမ်းပြီး ၊ အစိုးရသစ်ကို စတင်ဖွဲ့စည်းတဲ့အချိန်မှာ ရော ၊ အသင်းကြီးကို ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ချိန်မှာရော န.ယ.က အဖွဲ့ဝင်တွေ န.ယ.ကနေရာမှာ လုံးဝမရှိတော့ပါဘူး။ သို့သော်လက်ရှီ မှာ ပါတီ နာယက အဖွဲ့ကို လိုအပ်ရင်ထားနိုင်ဖို့တော့ ကျွန်တော်တို့ ဖွဲ့စည်းမယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး တို့ကို နာယက အဖြစ် ဆက်ထားမယ်ဆိုတဲ့ သဘောမျိုးတော့မဟုတ်ပါဘူး´´ဟု USDP ဗဟိုအတွင်းရေးမှူး ၊ ပြည်သူ့လွှတ်တော် နိုင်ငံ သားများ၏ မူလအခွင့်အရေး နှင့် ဒီမိုကရေစီရေးကော်မတီ ဥက္ကဌ ဦးဌေးဦးမှ Hot News သတင်းထောက်အားပြောကြားသွားခဲ့သည်။ ပါတီဗဟိုညီလာခံကျင်းပရာ၌လည်း ယခင်ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၌ မပါခဲ့သော မြို့နယ် ၊ ခရိုင် နှင့် တိုင်းတို့၌ ပါတီဥက္ကဌများအား ရွေးချယ်ထားရှိမည်ဖြစ်ကာ ပါတီဥက္ကဌအားလည်း ဆက်လက်ထားရှိသွားမည်ဖြစ်ပြီး ၊ လိုအပ်ပါက နာယက အဖွဲ့အားလည်းထား ရှိမည်ဖြစ်ကြောင်း ဦးဌေးဦး၏ ပြောကြားချက်အရသိရှိသည်။


  Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်