Subscribe to our RSS Feed

နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများ အသုံးပြုမှု ပိုမိုများပြား

From : ခေတ်လူငယ်

နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားများကို မြန်မာနိုင်ငံတွင်ရှိသော လျှပ်စစ်ရရှိမှုမရှိသော နယ်မြေများတွင် ပိုမိုသုံးစွဲလာကြကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်ကာ ဆိုလာသုံးစွဲသူ ပိုမိုများပြားလာပြီး ရောင်းအားကောင်းလာကြောင်း၊ W 300 နှင့် W 260 ကို အများဆုံး သုံးစွဲကြကြောင်း၊ W 300 ဆိုလာပြားသည် ဘက်ထရီဗို့အား ၂၀၊ W 260 ဆိုလာပြားသည် ဘက်ထရီဗို့အား ၁၈ တို့နှင့် တွဲသုံးနိုင်ကြောင်း ဆိုလာအရောင်းဆိုင် တစ်ဆိုင်မှ သိရသည်။ ဆိုလာပြားများကို လျှပ်စစ်ပစ္စည်းများနှင့် မီးထွန်းရာတွင် အသုံးပြုကြကြောင်း အချို့ဟိုတယ်များတွင် နေရောင်ခြည် စွမ်းအင်သုံး၍ ရေပူ၊ ရေအေးစက်များကို အသုံးပြုလာကြကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။ 

   Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်