Subscribe to our RSS Feed

မုံရွာ၊ ဟုမ္မလင်း၊ ခန္တီးနှင့် ကလေးမြို့များသို့ အပေါ့စား လေယာဉ်များဖြင့် ခရီးစဉ်များ ပြေးဆွဲရန် စီစဉ်နေ ကြောင်း သတင်းရရှိ

From :မြဝတီ



မန္တလေးတိုင်း ဒေသကြီး မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာလေဆိပ်၊ ဟုမ္မလင်း လေဆိပ်၊ ခန္တီးလေဆိပ်နှင့် မန္တလေးမြို့ ချမ်းမြသာစည် လေဆိပ်တို့သို့  ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်း အောင်သည် စက်တင်ဘာ ၂၈ ရက်က သွား ရောက် ကြည့်ရှု စစ်ဆေးပြီး မုံရွာ၊ ဟုမ္မလင်း၊ ခန္တီးနှင့် ကလေးမြို့များသို့ အပေါ့စား လေယာဉ်များဖြင့်  ခရီးစဉ်များ ပြေးဆွဲပေးရေး၊ ချမ်းမြသာစည် လေဆိပ်ကို ဗဟိုပြုပြီး မြန်မာ့ လေကြောင်းမှ လက်ရှိပျံသန်း ပြေးဆွဲ နေသည့် Schedule Flightထက် ပိုမို သက်သာသော စရိတ်ဖြင့် ပခုက္ကူ- ကျောက်ထုမှ ဒေသခံပြည်သူ များအတွက် စရိတ်နည်း အပေါ့စား လေယာဉ်များဖြင့် ဝန်ဆောင်မှု ပေးရေး ၊ လေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစွာ ဆင်းတက်နိုင်ရေး တို့ကို မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။

  Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်