Subscribe to our RSS Feed

ဂျာမနီစီးပွားရေး လုပ်ငန်းရှင်များမှ ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံရန် လုပ်ငန်းဆိုင်ရာများ တွေ့ဆုံ ဆွေးနွေး

From : မြဝတီ


ဂျာမနီနိုင်ငံ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Dr. Karl Brauner ဦးဆောင်သည့် အဖွဲ့ဝင် ၂၂ ဦ
းပါ အဆင့်မြင့် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၃ ရက် နံနက် ၁ဝ နာရီတွင် ပို့ဆောင်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပို့ဆောင် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်အား လာရောက်တွေ့ဆုံ၍ ဂျာမနီ စီးပွားရေးလုပ်ငန်းရှင်များက ၎င်းတို့ ကုမ္ပဏီများ၏ ကမ္ဘာတစ်ဝန်းတွင် လုပ်ကိုင်ဆောင်ရွက် လျက်ရှိသော စီးပွားရေး လုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြကြပြီး မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားသည့် ပို့ဆောင်ရေး ဝန်ကြီးဌာန ကွပ်ကဲမှုအောက် ရှိ လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

ဂျာမနီ စီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုပြုရန် စိတ်ဝင်စားသော လုပ်ငန်းများမှာ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည် ဆောက်ရေးလုပ်ငန်း၊ လေဆိပ်များ တိုးချဲ့တည်ဆောက်ခြင်း၊ မြန်မာ့လေကြောင်း အတွက် ကွင်းတို ဆင်းသက်နိုင်သော ဂျာမနီနိုင်ငံထုတ် လေယာဉ်ငယ်များ ဖြည့်တင်းရေး၊ ဆိပ်ကမ်းများ တည်ဆောက်ပြုပြင်ခြင်း၊ အထူးစီးပွားရေး ဇုန်များရှိ ရေနက် ဆိပ်ကမ်းများ တည်ဆောက်ခြင်း၊ သင်္ဘောတည်ဆောက်ခြင်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင် ရေးကဏ္ဍ အတွက် ဂျာမနီနိုင်ငံထုတ် ရေယာဉ်ငယ်များ ဖြည့်တင်းရေး၊ ပို့ဆောင်ရေး ဝန်ကြီး ဌာနက အကောင်အထည် ဖော်ဆောင် ရွက်လျက် ရှိသော စီမံကိန်းများအတွက် နည်းပညာနှင့် ငွေကြေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးတို့ဖြစ်ပြီး ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများကလည်း လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ အကောင်အထည်ဖော် ဆောင် ရွက်သွားမည့် စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်သည့် အခြေအနေများကို အသေးစိတ်ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။



 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်