Subscribe to our RSS Feed

ဆူဇူကီးဖလား ခြေစစ်ပွဲဝင်မည့် မြန်မာအသင်းအား MFF နာယကနှင့် ဥက္ကဋ္ဌတို့ တွေ့ဆုံအားပေး

From : မြဝတီ


အာဆီယံ ဘောလုံး အဖွဲ့ချုပ်က ကြီးမှူး၍ အောက်တိုဘာ ၅ ရက်မှ ၁၃ ရက် အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏ ကွင်းတွင် ကျင်းပ ပြုလုပ်မည့် ၂ဝ၁၂ အာဆီယံ ဆူဇူကီး ဖလား ခြေစစ်ပွဲကို ဝင
်ရောက် ယှဉ်ပြိုင်ရန် လေ့ကျင့် ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် အသင်းအား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော် တို့က MNL ကလပ်အသင်း ပိုင်ရှင်များ၊ ဥက္ကဋ္ဌ များနှင့်အတူ ယနေ့ နံနက် ၉ နာရီတွင် မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ် ရုံးတွင် တွေ့ဆုံ အားပေးသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နာယက ဦးအောင်ကို ဝင်းက လက်ရှိ ဘောလုံး သမားများ အနေဖြင့် ဘယ်ခေတ်၊ ဘယ်အခါ နှင့်မျှ မတူသည့် လစာ ဝင်ငွေနှင့် ခံစားခွင့်များ ရရှိနေကြောင်း၊ နိုင်ငံတော် အစိုးရ၊ ပြည်သူများနှင့် ဘောလုံး အဖွဲ့ချုပ်တို့ ကလည်း လိုလေသေး မရှိအောင် ပံ့ပိုးအားပေး နေကြောင်း၊ အထူး သဖြင့် ဘောလုံး ဥက္ကဋ္ဌနှင့် ကလပ်အသင်း ပိုင်ရှင်များ အနေဖြင့် ငွေကုန် ကြေးကျခံကာ မြန်မာ့ဘောလုံး တိုးတက်ရေး အတွက် အစွမ်းကုန် ကြိုးစားပေးလျက် ရှိကြောင်း၊ ယင်းအတွက်ကြောင့် ကစား သမားများ အနေ ဖြင့် ယင်းကျေးဇူး ကို တုံ့ပြန်သည့် အနေဖြင့် နိုင်ငံ့ဂုဏ်ဆောင် နိုင်အောင် အစွမ်းကုန် ကြိုးစား ကြရန်လိုကြောင်း၊ အသင်းတစ်သင်း အောင်မြင်ရေး အတွက် စိတ်ဓာတ်၊ စည်းကမ်း၊ ကြိုးစားမှုနှင့် ညီညွတ်မှုမှာ မဖြစ်မနေ အရေးကြီး လိုအပ်ကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မိမိတို့ အနေဖြင့် မြန်မာ့ဘောလုံး အတွက် အချိန်၊ ငွေ၊ လုပ်အားများ စိုက်ထုတ်ပြီး အစွမ်းကုန် ပံ့ပိုးနေခြင်းမှာ နိုင်ငံနှင့် လူမျိုးဂုဏ်ကို မြှင့်တင် ပေးနိုင်သည့် ဘောလုံး အားကစား တိုးတက်အောင် မြင်ရေး အတွက်ဖြစ်ကြောင်း၊ ဘောလုံး အသင်း အောင်မြင်ရေး အတွက် ဘက်ပေါင်း စုံမှ ပံ့ပိုးပေး နေခြင်းကို ကစား သမား များဘက် မှလည်း ပြန်လည် ပေးဆပ်ရန် တာဝန် ရှိကြောင်း၊ မိမိအသိ စိတ်ဓာတ်နဲ့ မိမိ တာဝန်ကို ကျေပွန်အောင် အစွမ်းကုန် ကြိုးစားကြရ မည်ဖြစ်ကြောင်း၊ မိမိတို့ လက်ရွေးစင် အသင်း အောင်မြင်မှု ရရန် တစ်နိုင်ငံ လုံးက စောင့်မျှော် နေသည်ကို မမေ့စေ လိုကြောင်း၊ ဘောလုံးသမား များအနေဖြင့် ပရော် ဖက်ရှင်နယ် ပီသစွာ နေထိုင်ကြရန် လိုကြောင်း၊ ယခု ပြိုင်ပွဲတွင် အောင်မြင်မှု ရအောင် ကြိုးပမ်းပြီး ပြည်သူများ၏ ဆန္ဒကို ဖြည့်ဆည်းပေး စေလို ကြောင်းဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ MNL အသင်း ပိုင်ရှင်များ ကိုယ်စား ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်းထွန်းက အားပေး စကား ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိ သူများ က မြန်မာ့ လက်ရွေးစင် ဘောလုံးသမား များအား နှုတ်ဆက် အားပေးသည်။


 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်