Subscribe to our RSS Feed

ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ လက်ဆင့်ကမ်း စက်ချုပ်သင်တန်း (၂/၂၀၁၂) ဖွင့်ပွဲအခမ်းအနားသို့ ဦးဌေးဦး တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လက်ဆင့်ကမ်း စက်ချုပ်သင်တန်း (၂/၂၀၁၂) ဖွင့်ပွဲ အခမ်း အနားကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ (၂၄) ရက်နေ့က ဇလွန် မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး သင်တန်းခန်းမ ၌ ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး၊ ဟင်္သတာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး တက်ရောက်သည်။
ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လက်ဆင့်ကမ်း စက်ချုပ်သင်တန်း (၂/၂၀၁၂) ဖွင့်ပွဲ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး တက်ရောက်စဉ်
အခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတ ခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  အတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်များ၊ ဇလွန်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ပါတီဝင်များ၊ ရပ်ကျေးစည်းရုံးရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိ မြို့ဖများ၊ ဌာနဆိုင်ရာများ တက်ရောက်သည်။


ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦး သင်တန်းသူများနှင့် သင်တန်းနည်းပြများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စဉ်
ရှေးဦးစွာ ဧရာဝတီ တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်တင်မြင့်နှင့် ဇလွန်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးချိုမြင့်ခိုင်တို့ ကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦး သင်တန်းသူများနှင့် သင်တန်းနည်းပြများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စဉ်
ဆက်လက်၍ ဇလွန်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးချိုမြင့်ခိုင်မှ သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပါသည်။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦး သင်တန်းသူများနှင့် သင်တန်းနည်းပြများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စဉ်
ထို့နောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး၊ ဟင်္သာတမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက သင်တန်းသူများနှင့် နည်းပြများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ ဆရာမ (၄) ဦး၊ စက်ချု့ပ်သင်တန်း (၁/၂၀၁၂) သင်တန်းဆင်း အကူနည်းပြ (၈) ဦး၊ သင်တန်းသား (၁၃၃) ဦးနှင့် အပ်ချုပ်စက် (၄၀) လုံးရှိပြီး သင်တန်း ကာလ (၃) လ ဖြစ်ကြောင်း သိရှိရသည်။


Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်