Subscribe to our RSS Feed

မောင်တောတွင် နယ်မြေလုံခြုံရေး ပြည်သူ့စစ် သင်တန်းပေး

From : ခေတ်လူငယ်

မြန်မာနိုင်ငံ အနောက်ဘက်ဆုံး ဒေသအတွင်း နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားများ၏ ဘဝလုံခြုံရေးကို ကာကွယ်နိုင်ရန်အတွက် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ဒေသခံတိုင်းရင်းသားများကို စက်တင်ဘာလ နောက်ဆုံးပတ်ကစပြီး ပြည်သူ့စစ်သင်တန်းများ လေ့ကျင့်ပေးနေပြီဖြစ်ကြောင်း မောင်တောမြို့ ဒေသခံများထံမှ သိရှိရသည်။ မောင်တောမြို့နယ်တွင် အများအားဖြင့် တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိသည့် ဘင်္ဂါလီကျေးရွာများ အများဆုံးရှိပြီး ယင်းတို့နှင့် နီးစပ်သော ဒေသခံတိုင်းရင်းသား ကျေးရွာများမှ ရခိုင်၊ မြို၊ ဒိုင်းနက်၊ သက် စသည့် လူမျိုးများကို မိမိတို့၏ ကျေးရွာများကို မိမိတို့ကိုယ်တိုင် ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့တပ်မတော်က ပြည်သူ့စစ် သင်တန်းပေးခြင်း ဖြစ်ကြောင်း ယင်းဒေသခံများက ဆိုသည်။ “လောလောဆယ်တော့ သင်တန်းပေးနေပါတယ်။ လက်နက်ကတော့ သင်တန်းပြီးမှ ပေးမယ်လို့ပြောတယ်” ဟု မောင်တောမြို့ အမျိုးသားဖောင်ဒေးရှင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က ပြောကြားသည်။ ယင်းသင်တန်းကို နစက အရာရှိများနှင့် တပ်မတော်အရာရှိများက သက်ဆိုင်ရာ နယ်မြေအလိုက် လေ့ကျင့်ပေးနေခြင်းဖြစ်ပြီး သင်တန်းပြီးဆုံးပါက ကျေးရွာတစ်ရွာလျှင် ပျမ်းမျှ လက်နက် ၁၀ လက်ခန့် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း အထက်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ၎င်းက ဆိုသည်။ လက်ရှိ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရခိုင်အပါအဝင် သက်၊ မြို၊ ခမီး၊ ဒိုင်းနက် စသည့် ဒေသခံတိုင်းရင်းသား စုစုပေါင်း ၃ ရာခိုင်နှုန်းရှိပြီး ဘင်္ဂါလီလူမျိုး ၉၇ ရာခိုင်နှုန်းရှိကြောင်း ခရိုင်လဝက၏ စာရင်းဇယားများအရ သိရှိရကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 Myanmar Express 

2 comments:

thank you very good idea the public of myanmar.this is must be protect and defences our all boundry of mother land.also muse and chin state.

this is our army ,, main intention is protect our ethic and our land ,, love our army..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်