Subscribe to our RSS Feed

မြန်မာလူထုအပေါ် ဗုံးကျဲတိုက်ခိုက်စဉ်က အသုံးပြုခဲ့သော ဗြိတိန်လေယဉ်များ ပြန်လည်တူးဖော်မည်

From : planet


မြန်မာနိုင်ငံနှင့် ဗြိတိသျှ လေကြောင်းပျံသန်းရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ တစ်ဦးတို့သည် ဒုတိယ ကမ္ဘာစစ် ကာလအတွင်းက အသုံးပြုခဲ့သည့် စပစ်ဖိုင်းယား တိုက်လေယာဉ်ဟောင်းများ တူးဖော်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ လက်မှတ် ရေးထိုးဖြစ်ခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်အတွင်းက မြှုပ်နှံခဲ့သော ဗြိတိန်တိုက်လေယာဉ်များ တူးဖော်မည်
မြန်မာနိုင်ငံနှင့် ဗြိတိသျှ လေကြောင်းပျံသန်းရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ တစ်ဦးတို့သည် ဒုတိယ ကမ္ဘာစစ် ကာလအတွင်းက အသုံးပြုခဲ့သည့် စပစ်ဖိုင်းယား တိုက်လေယာဉ်ဟောင်းများ တူးဖော်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ လက်မှတ် ရေးထိုးဖြစ်ခဲ့ကြသည်။ လေကြောင်းပျံသန်းရေး သမိုင်းမှတ်တမ်းဆိုင်ရာ စုဆောင်းသူ ဒေးဗစ် ဂျေ ကန်ဒဲလ်သည် ယခုနှစ် အစောပိုင်းကတည်းက မြန်မာနိုင်ငံတွင် စပစ်ဖိုင်းယား လေယာဉ်ပျက် တစ်စင်းကို တွေ့ရှိခဲ့ကြောင်းနှင့် ယင်းသည် အကောင်းဆုံး အခြေအနေတွင် ရှိနေဆဲဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၇၀)မျှ တိမ်မြုပ်ပျောက်ကွယ်နေသည့် စပစ်ဖိုင်းယား လေယာဉ် ဒါဇင်ပေါင်း အတော်များများ ရှိနေရန် ကန်ဒဲလ်က မျှော်လင့်ထားပြီး ၎င်းက ယင်းကို ရတနာသိုက်များသဖွယ် ရှာဖွေ တူးဖော်ရန် စီစဉ်ထားသည်။ ဗြိတိသျှ စစ်တပ်သည် မြန်မာနိုင်ငံကို ကိုလိုနီနယ်မြေအဖြစ် အုပ်ချုပ်ထားစဉ် ကာလအတွင်း ဒုတိယကမ္ဘာစစ်နှင့် ကြုံကြိုက်လာချိန်တွင် စပစ်ဖိုင်းယား တိုက်လေယာဉ် အချို့ကို စွန့်ပစ်ခဲ့၊ မြေကြီးအောက် မြှုပ်နှံခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။


လေကြောင်း ပျံသန်းမှု သမိုင်းအချက်အလက် ရှာဖွေ စုဆောင်းသူ အများအပြားက ကမ္ဘာပေါ်တွင် ယခုအခါ စပစ်ဖိုင်းယား တိုက်လေယာဉ် အရေအတွက် (၃)ဒါဇင်မျှသာ ရှိတော့ကြောင်း ပြောဆိုထားသည်။ တစ်ယောက်စီး တိုက်လေယာဉ်များသည် ဒုတိယ ကမ္ဘာစစ်၏ လေကြောင်းပျံသန်းမှု နည်းပညာဆိုင်ရာ မှတ်တမ်း အမြုတေများလည်း ဖြစ်ပြီး အရှည် ပေ(၃၀)နှင့် တောင်ပံအလျား (၃၇)ပေ ဝန်းကျင်မျှ ရှိကြသည်။ ထုပ်ပိုးထားသော လေယာဉ်တစ်စင်းတွင် တောင်ပံကို မတပ်ဆင်ဘဲ ဖြုတ်ထားနိုင်သည်။ ဗြိတိသျှ သံရုံးသည် ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်တို့ ကြိုတင်ဆွေးနွေးထားသည့် သဘောတူညီချက်အရ ယင်းစီမံကိန်းကို အကောင်အထည် ဖော်မည်ဟု ပြောကြားခဲ့သည်။

ယခုနှစ် အစောပိုင်းက မစ္စတာ ကင်မရွန်သည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သည်။ လေယာဉ်ဟောင်းများ ရှာဖွေတူးဖော်မှု လုပ်ငန်းကို အောက်တိုဘာ လကုန်ပိုင်းတွင် စတင်ရန် မျှော်လင့်ထားသည်။ မြန်မာ့အလင်း သတင်းစာက ရှာဖွေတူးဖော်မှုများအတွက် သဘောတူညီမှုကို ပြည်သူ့လေကြောင်းဌာနတာဝန်ရှိသူ၊ ကန်ဒဲလ်နှင့် ရွှေတောင်ပေါ် ကုမ္ပဏီ စီမံရေးရာ ဒါရိုက်တာ ဦးထူးထူးဇော်တို့ အင်္ဂါနေ့က လက်မှတ်ရေးထိုးကြောင်း ဖော်ပြခဲ့သည်။ ဦးထူးထူးဇော်က မြန်မာနိုင်ငံတွင် စပစ်ဖိုင်းယား တိုက်လေယာဉ် စင်းရေ (၆၀)မျှ မြေကြီးအောက်တွင် မြှုပ်နှံ ခံထားရပြီး ယင်းတို့သည် အခြေအနေ ကောင်းမွန်နေဆဲဟု မျှော်လင့်ရကြောင်း ပြောကြားသွားသည်။

ထိုပမာဏသည် ကမ္ဘာပေါ်တွင် စပစ်ဖိုင်းယားများ တည်ရှိမှု အများပြားဆုံး ဖြစ်လာနိုင်ကြောင်းလည်း ဦးထူးထူးဇော်က ဆိုသည်။ "သမိုင်းဝင် တိုက်လေယာဉ်တွေကို လူတွေ တွေ့မြင်စေချင်တယ်။ နောက်ပြီး ခုလို တိုက်လေယာဉ်တွေ ပူးပေါင်းတူးဖော်မှုက အနာဂတ်မှာ မြန်မာနဲ့ ဗြိတိန်ကြား ဆက်ဆံရေးကို ပိုမို ခိုင်မာလာစေမှာ ဖြစ်ပါတယ်"ဟုလည်း ၎င်းက ပြောဆိုသွားသည်။ 
ဗြိတိသျှသံရုံးက ယခု တူးဖော်မှုတွင် ရရှိလာသော လေယာဉ်အချို့ကို မြန်မာနိုင်ငံတွင် ပြသထားမည်ဟု ဆိုသည်။ ကန်ဒဲလ်သည် မြန်မာနိုင်ငံသို့ (၁၂)ကြိမ်မျှ လာရောက်ကာ လေယာဉ်ပျံများ ရှာဖွေမှုအတွက် အချိန်ယူ လေ့လာခဲ့ပြီး ယင်းအတွက် ဒေါ်လာ နှစ်သိန်းတစ်သောင်းကျော် ကုန်ကျခဲ့ကြောင်း သိရှိရသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်