Subscribe to our RSS Feed

မအေးမြကို အကြံပေးကြပါအုံး

From : အေးမြ

 ကျွန်မ နာမည် က အေး မြ ပါ ။ အ မေ က ကျွန်မ ဘ၀ လေး အေး မြ နေ စေ အောင် ဆို ပြီး ကျွန်မ ကို အေး မြ လို့  နာ မည် ပေး ခဲ့ ပါ တယ်။ ကျွန်မ လူ မှန်းသိ တတ် စ အ ရွယ် ကတည်း က ကျွန်မ ဘ၀ မှာ အ မေ နဲ့  ကျွန်မ ပဲ ရှိ ခဲ့ တာ ပါ။ တစ် ခြား ဆွေ မျိုး တွေ ကို မ သိ ခဲ့ ရ ပါ ဘူး။ ပြီး တော့ အ ဖေ ။ အဖေ ဆို တာ မွေး လာ က တည်း က မ မြင် ဖူး ပါ ဘူး ။ အမေ က တော့ ကျွန်မ အဖေ က သေ ဆုံး သွား ပြီ လို့  ပြော ပါ တယ်။ ဒါ ပေမယ့် အဖေ ဓါတ် ပုံ တစ် ပုံ တောင် အ မေ က ကျွန်မ ကို မ ပြ နိုင် ပါ ဘူး။ အမေ ကျွန်မ ကို ဘယ် လို အင် အား မျိုး နဲ့  လူ ဖြစ် အောင် ကျွေးမွေး ခဲ့ ပြီး ပညာ တွေ သင် ပေးခဲ့ လည်း ဆို တာ ကျွန်မ မ သိ ပါ ဘူး ။ ကျွန်မ ကတော့ အ ဖေ မ ရှိ ပါ နဲ့  ဘာ လို့ မွေး ခဲ့ တာ လဲဆို ပြီး ကျွန် မ ဘ၀ မှာ အ ခက် အ ခဲတွေ တွေ့  တိုင်း ကျွန်မ အ မေ ကို စိတ် ထဲက နေ ပြော မိ ပါ တယ် ။ အ ပြစ် တင် မိ ပါ တယ်။ အမေ က စက် ချုပ် ပြီး တော့ ကျွန်မ ကို ကျွေးမွေး ခဲ့ ပါ တယ်။ ကျွန်မ ဆယ် တန်း အောင် တော့ လည်း ဂုဏ် ထူး သုံး ဘာ သာ ပါ ပါ တယ် ။ ကျောင်းဆက် တက် ဖို့  အ မေ မ တတ် နိုင် တော့တာ ကျွန်မ သိ ခဲ့ ရ ပါ တယ်။ စက် ချုပ် တဲ့ ဒဏ် တွေ ကြောင့် အ မေ မှာ ဆိုးရွား လှ တဲ့ ကျီး ပေါင်း ရော ဂါ ခံစား နေ ရ ပါ တယ်။ လက် တွေ တုန် ကျင် ပြီးထိ မိ လို့ ထိ တာ တောင် အ မေ မ သိ တော့ ပါ ဘူး။ ဒီ လို နဲ့  ကျွန်မ အ ဝေးသင် ပဲဆက် တက် ခဲ့ ပါ တယ်။ တစ် ဖက် က တော့ စတိုးဆိုင် တစ် ခု မှာ အ ရောင်းစာ ရေး လုပ် ရင်း ကျွန်မ တို့ သားအမိ အ ဆင် ပြေ သလို စားသောက်နေ ခဲ့ ကြ ပါ တယ်။ အဖေ ကို တော့ ကျွန်မ ရှာ ဖို့ တောင် စိတ် မ ကူးမိ ပါ ဘူး။ ကျွန်မ တို့  ကို မလို ချင် တဲ့ အဖေ ကို ရှာ စ ရာ မ လို ဘူး လို့ တွေး မိ ပါ တယ်။ ကျောင်း မှာ အ ပေါင်းအသင်းတွေ က နင် အဖေ က ဘယ်သူ လဲ လို့  မေး လာ ရင် ကျွန်မ အ ရမ်း ၀မ်းနည်း မိ ပါ တယ်။ သူ တို့ တွေ ကျွန်မ ကို ဘယ်လို ထင် မြင် ကြ မ လဲ။ ကျွန်မ ရဲ့  ချို့  တဲ့ မှု ကြောင့် ကျွန်မ ဘ၀ က မ အေး မြနိုင် ခဲ့ ပါ ဘူး။ သြော် အ မေ ကျွန်မ ကို သူ့  ဘ၀ တစ် ခု လုံး နဲ့  ရင်း ပြီးချစ် ခဲ့ တာ ပါ လား ။ ပတ် ၀န်း ကျင် ရဲ့ ကဲ့ ရဲ့ သံ တွေ ကို ဂရုမ စိုက် ပဲ ကျွန်မ ကို လူ လား မြောက် အောင် ကျွေးမွေး ခဲ့ ပါ တယ်။ ဒီ လို နဲ့  ကျွန်မ ကျောင်း ပြီး တော့ အိမ် မှာ ခလေး တွေ ကို စာ ပြ တဲ့ ဆရာ မ လုပ် ခဲ့ ပါ တယ်။ နောက် ပြီး အိမ်တွေ ကို လိုက် သင် ရင် ပို ပြီး ရ တာ ကြောင့် ကျွန်မ အိမ် လိုက် ပြီး စာ ပြ တဲ့ ဆရာ မ ဖြစ် ခဲ့ ပါတယ်။ ဆရာမ အ လုပ် လုပ် ပြီး ကျွန်မ ဘ၀ လေး အ ဆင် ပြေ လာ တယ် ပြော ရ ပါ မယ်။ အမေ ကို လည်း ကောင်း ကောင်း မွန် မွန် ထားနိုင် လာ ပါ တယ်။ ကျွန်မ အလုပ် ရ မှ ၀ယ် ကျွေး ဖုး တဲ့ ထမင်းပေါင်း ကို မြိန် မြိန် ယှက် ယှက်စား သောက် တာ ကို ကြည့် ပြီး ဆင်းရဲ လွန်း လို့  ထမင်းပေါင်း တောင် ကျွန်မ ၀ယ် ကျွေးမှ စား ဖူး တဲ့ အ မေ ကို သနား မိ ပါ တယ်။ အ ဖေ ကို မုန်း တဲ့စိတ် က ကျွန်မ ကို ဘ၀ တစ် ခု လုံး ကြီး စိုး ထားခဲ့ ပါ တယ်။ အ ရွယ် ရ လာ လို့  ကျွန်မ ကို ချည်း ကပ် တဲ့ သူ တွေ ကို လည်း ကျွန်မ မုန်း မိ ပါ တယ် ။ ချစ် တယ် ဆို တာ သူ တို့  အ တွက် လက် သုံးစ ကား တစ် ခု ပဲ လို့  ယူ ဆ ပြီး ယောကျာ်း တွေ အ မုန်း ကြီး ကို မုန်း မိ ပါ တယ်။ အဖေ လည်း အမေ ကို ချစ် တယ် ပြော ပြီး အမေ ကို ထား ခဲ့ တာ ပါ လို့ တွေးမိ ပါ တယ်။ ဒီ လို နဲ့  ကျွန်မ တစ် နေ့ တော့  အ လုပ် သစ် တစ် ခု ရ ပါ တယ်။ အိမ် တစ် အိမ် က ကျွန်မ ကို သူ့ က လေး ကို စာ ပြ ပေး ဖို့  ပြော လို့  ကျွန်မ လည်း ကျွန်မ အလုပ် သစ် ရှိ ရာ ကို လာခဲ့ ပါ တယ်။ ကျွန်မ ကို စာ ပြ ပေး ဖိုနဲ့ က လေး ကို ဂရု စိုက် ပေး ဖို့ ကလေးအ ဖေ က ကျွန် မ ကို မှာ ပါ တယ်။ ကျွန်မလည်း ဟုတ်ကဲ့ ဒါ ကျွန်မ အ လုပ် မို့ လို့  စိတ် ချ ပါ ပေါ့။ ဒီ လို နဲ့  ကလေး ကို စာ သင် နေ ရင်း ကျွန်မ စိတ် ထဲ စနိုး စနှောက် ဖြစ် တာ တစ် ခု ရှိ ပါ တယ်။ ကလေးအဖေ က စာ သင်နေ ရင်း ကျွန်မ တို့  စာ သင် တဲ့ အ နား မှာ ရှိ နေ တတ် ပါ တယ်။ ကျွန်မ က တော့ ကလေး ကို တော် တော် ဂရုစိုက် ပါ လား လို့  တွေး မိ ပါ တယ်။ နောက် ပြီး ကျွန်မ က လေး အမေ ကို တစ် ခါ မှ မ မြင် ဖူး ပါ ဘူး ။ ကျွန်မ က တော့ ကလေး အမေ က အ လုပ် သွား တယ် ထင် ပါ တယ်။ တစ် နေ့  တော့ စာ သင် ဖို့  အ သွား က လေး ဖျားနေ တယ် ဆို တာ နဲ့  ကျွန်မ လည်း စာ မ သင် ဖြစ် လို့ ပြန် မယ် လုပ် တော့ ကလေး အ ဖေ က ပြော စရာ ရှိ လို့  ပါ ဆို ပြီး ကျွန်မ ကို ပြော တာ နဲ့  ကျွန်မ လည်း နားထောင် ဖြစ် ခဲ့ ပါ တယ်။ သူ ပြော တာ က သူ့  အ ကြောင်းတွေ ပါ။ သု မိန်း မ နဲ့  သူ နဲ့ က ကွဲ နေ ကြ ကြောင်း ။ သူ အ ရမ်း အ ထီး ကျန် ကြောင်း ။ သူ အ သက် က ခု မှ ၃၁ နှစ် ပဲ ရှိ သေး တာ ဖြစ် ကြောင်း။ သူု ဘယ် လို အ လုပ် တွေ လုပ် ကြောင်း ။ ဘာ တွေ ပိုင် ဆိုင် ကြောင်း ပေါ့။ ကျွန်မ နဲ့ ဘာ မှ မ ပတ် သတ် တဲ့ အ ကြောင်းတွေ ကို ဘာ လို့ ပြောနေ ပါ လိမ့်  လို့  တွေး မိ ပါ တယ်။ နောက် ပိုင်းပို ပို ဆိုး လာ ပါ တယ်။ ကျွန်မ အိမ် ပြန် ရင် တောင် လိုက် ပို့ ပေး မယ် ဘာ ညာ ဆို ပြီး လုပ် လာ ပါ တယ်။ ကျွန်မ လည်း သ တိ နဲ့ နေ ၇ ပါ တော့ တယ်။ ပြီး တော့ သူ တို့ အိမ် မှာ ကလေး အဖေ နဲ့  ကလေး ပဲ ရှိ ပါ တယ်။ အိမ် အ ကူ အ ဒေါ် ကြီး က အလုပ် လုပ် ပြီး ရင် အိမ် ပြန် တယ် လို့ ပြော ပါ တယ်။ သူ တို့ အိမ် က ဘာ ကျွေး ကျွေး ကျွန်မ မ စားပါ ဘူး ။ ကျွန်မ ကို ဆေး ခတ် လို့  မ ရ အောင် လို့ ပါ။ ဒီ လို သ တိ ထား တဲ့ ကြားက ပဲ တစ် နေ့  ကျွန် မ စာ သင် ဖို့ သွား တော့ ကျွန်မ အိမ် ထဲ လည်း ရောက် ရော ကလေး အိပ် နေ လို့ သွားနိုး ပေးမယ် ဧည့် ခန်း က စောင့်ပေး ပါ လို့  ပြောလို့  ဧည့် ခန်း က စောင့်မည် ဆို ပြီး ၀င်သွား တော့ စိမ်း ရွှင် ရွှင် အ နံ တစ် ခု ကို ရ ပြီး ကျွန်မ မူး လာ ပါ တယ်။ နောက် ပိုင်း တော့ ကျွန်မ မေ့သွား တယ် ထင် တာ ပါ ပဲ။ ကျွန်မ နိုးလာ တော့ အိပ် ရာ ပေါ် ရောက် နေ ပါ တယ်။ ကျွန်မ လည်း ကြောက် ပြီး ထွက် လာ တော့ ကလေး အ ဖေ ကို တွေ့  ပါ တယ်။ သူ က ကျွန်မ ကို မြင်တယ် ဆို ရင် ပဲ ကျွန်မ မူး မေ့ သွား ကြောင်း ပြီး တော့ အားလုံးအတွက် သူတာ ၀န် ယူ ကြောင်း ပြော ပါ တယ်။ သူ ကို လက်ထပ် ပါ လို့ လည်း ပြော ပါ တယ်။ ကျွန်မ လည်း ကိုယ် ကို ကိုယ် ဘာ ဖြစ် လို့ ဖြစ် မှန်း မသိ အောင် ကို ဖြစ် ပြီး အမေ ဆီ ကို ပဲ ပြန် ချင် နေ မိ ပါ တယ်။ ဒါ ကြောင့်အမေ ဆီ ကို အ ပြေး ကျွန်မ ပြန် ခဲ့ ပါ တယ်။ ကျွန်မ အားလုံး ကို မေ့ လိုက်မယ် ဒီ လို လူ မျိုး ကို တော့ မ ယူ နိုင် ဘူး ။ ဒီ အ ဖြစ် အပျက် က ဒီ မှာ ပဲ အ ဆုံးသတ် လိုက် တော့မယ် လို့ ။ ဒါပေမယ့် ကျွန်မ အ ဖြစ် အပျက် က မပြီး နိုင် ပါ ဘူး။ ကျွန်မ မှာ ကိုယ် ၀န် ရှိ နေ ပြီဆို တာ သိ လိုက် ရ တဲ့ နေ့  ဟာ ကျွန်မ ဘ၀ ပျက် သလို ကို ခံစား မိ ပါ တယ်။ ကျွန်မ လည်း အ မေ လို ဖြစ် ပြီး ဆို ပြီ တွေး မိပါ တယ်။ ဒီ က လေး ကို ကျွန်မ ဘယ် လို အင်အား မျိုး နဲ့ မွေး ရ ပါ့မလဲ။ သြော် လော က ကြီး က ရက်စက် လိုက် ကြ တာ။ ကျွန်မ ကြ မှာ ဒီလို အ ဖြစ် မျိုး တွေ ကြုံ ရ တယ်။ ကျွန်မ ဘာ လုပ် ရ မလဲ ဆို တာ မ သိ တော့ ပါ ဘူး ။ ကျွန်မ အ ဖြစ် ကို အ မေ သိ ရင် ရင် ကျိုး ပြီး သေ ဆုံးနိုင်တယ်။ အမေ က ကျွန်မ ဘ၀ မှာ တစ် ဦး တည်းသော အ မျိုး ပါ။ ကျွန်မ ဘ၀ မှာ ဘာ တွေ များ မ ကောင်းတာ လုပ် ခဲ့ လို ပါ လဲ။ ကျွန်မကို ဘယ်လို နှိမ် နှိမ် ဘာပြော ပြော သြော် သူတို့ က မှန် တာ ပြော တာ ဆို ပြီး တွေးမိ ပါ တယ်။ ကျွန်မ သူ များ ပိုင်ဆိုင် တာ တစ် ခါ မှ မ ခိုး ဖူး ပါ ဘူး ။ ဆဲရေးတိုင်းထွာခြင်း မ ပြု မိဖူး ပါ ဘူး။ ဘာလို့  ကျွန်မ မှာဒီ လို မျိုး တွေ ကြုံ တွေ့  ရ တာ လဲ ကျွန်မ တွေးမ ရ ပါ ဘူး။ အမေ ကို လည်း အရမ်းသနား တယ်။ ကျွန်မ ဘ၀ လေး ကို လည်း အေးအေးချမ်းချမ်း ကုန်ဆုံး ချင် တယ်။ ကျွန်မ ဘယ်လို လုပ် ရ မလဲ. ကျွန်မ ကို ဒီလို ဖြစ် အောင် လုပ် တဲ့ လူ ကို တော့ ဘယ် လို မှ ကျွန်မ လက် မထပ် နိုင် ပါ ဘူး ။ ကျွန်မ ကလေး မွေး ဖို့ က လည်း ကျွန်မ မှာ အင် အား မ ရှိ ပါ ဖူး။ ဖျက်ချ ပစ် ဖို့  ကြ ပြန် တော့ လည်း ကျွန်မ လူ သတ် မိ တာ လား။ ကျွန်မ ကိုယ် ကျွန်မ သတ် သေ ဖို့  ကြ တော့ ကျွန်မ အမေ ကို ဘယ် သူ ရှာ ကျွေးမလဲ.။ ကျွန် မ ကိုယ် ၀န် က နု သေး လို့  နှစ်လ ပဲ ရှိ သေး လို့ ဖျက် ချရင် ဘေး မဖြစ် ဖူးလို့ တော့ ပြော ပါ တယ်။ ကျွန်မ ဘယ်လို လုပ် ရ မလဲ ဆို တာ မ သိတော့  လို့  ကျွန်မ ကို အ ကြံ လေး များ ပေး နိုင် ပါ မလား ရှင်။ ကျွန်မ အ တွက် အ ကောင်းဆုံး ဖြစ် မည့် နည်း လမ်း လေးများ ရှိ ရင် ကျွန်မ ကို ပြော ပြပေး စေ လို ပါ တယ်။ ဆရာ ၀န် တွေ ရှေ့  နေ တွေ နဲ့  ဆွေး နွေး ဖို့  ကြ တော့ ကျွန်မ ပိုက် ဆံ အများ ကြီး မတတ် နိုင် လို့ ပါ။ ဒါ ကြောင့် online ကနေ အကြံ ဥာဏ် တောင်း ရင် ငွေ ကုန် ကြေး ကျ သက် သာ တယ် လို့ ပြော လို့  ကျွန်မ အ ရှက် နည်း စွာ ဒီစာ အား ရေး သား ပြီး အ ကြံ ဥာဏ် တောင်း ခံ အပ် တာ ပါ ရှင်။ 

 Myanmar Express 

51 comments:

ကြားရတဲ့အဖြစ်က တကယ့်ကို မခံချင်စရာပါ။ ညီမအနေနဲ့ မိန်းကလေးတစ်ယောက်ခံစားချက်နဲ့စဉ်းစားကြည့်ရင် အရင်ဆုံးကိုယ့်စိတ်ကိုခိုင်အောင် အဆိုးဆုံးတွေကိုခံနိုင်အောင်ကြိုတင်လေ့ကျင့်ထားပါ။ဒီကိစ္စကလည်းအချိန်အများကြီးယူဖို့မဖြစ်နိုင်ပါဘူး။အမေ့ ကိုလည်းအသိပေးသင့်တယ်လို့ထင်ပါတယ်။ဘာပဲပြောပြောတိုးတိုးတိုင်ပင်ဖော်ပေါ့။ဒါဟာကြိုတင်ကြံစည်ထားတာပါ။အဲဒီ ကလေးအဖေနဲ့အရင်ဆုံးညှိနှိုင်းပါ။သူ့ကိုလုံးဝမယူနိုင်ဘူးလို့ ခိုင်မာတဲ့ဆုံးဖြတ်ချပြီးသားဆိုရင်တော့ အဖြေက ရှင်းပါတယ်။ ကလေးကို ဖျတ်ချလိုက်ပါ။ ညီမကတော့ ကိုယ်ချင်မစာလို့ပြောတာမဟုတ်ပါဘူး။ကလေးကို မွေးရင် အစ်မလို အဖမဲ့ ဘ၀နဲ့ ကြီးပြင်းရမှာပါ။ အဲတော့ ကိုယ်ဖြစ်ချင်တာကို ဟိုလူနဲ့ရအောင်ညှိနှိုင်းပြီးဖြစ်အောင်လုပ်ယူပါ။တစ်အချက် သူ့ကိုမယူဘုးဆိုရင် သူကို ဒီကိုယ်ဝန်ကို ဖျတ်ချဖို့ တာဝန် သူယူပါစေ။ပြောချင်တာငွေရေးကြေးရေးပေါ့။အသက်အန္တရာယ်မဖြစ်အောင်သူ့ကို တာဝန်ယူခိုင်းပါ။ဒီနေရာ အစ်မရဲ့ လိမ္မာပါးနပ်မှုလိုပါလိမ့်မယ်။
ှီနှစ်အချက် တကယ်လို့ ကလေးကို ဖျတ်ချဖို့ သတ္တိမရှိဘူးဆိုရင် ကလေးအဖေကို လက်ခံလိုက်ပါ။ ဒါက ကိုယ့်ကုသိုလ်ကံနဲ့လည်းဆိုင်ပါတယ်။ကိုယ့်ခန္ဓာကိုယ်ကို ဒီလိုနည်းနဲ့ရအောင်ယူလိုက်လို့ မကောင်းဘူးလို့လဲတထစ်ချပြောဖို့ခက်ပါလိမ့်မယ်။ ဒါကတော့ အစ်မ နည်းနည်းပါးပါးသိမှာပါ။ ကိုယ့်အပေါ်ကောင်းနေရက်နဲ့ ကိုယ့်ခံစားချက်ကြောာင့်တော့ မာနမထားပါနဲ့တော့။ပြီးတော့ အခုလိုအချိန်မှာဘုရား၊တရားများများလုပ်ပါ။ကိုယ်မှန်တာကိုတိုင်တည်ပြီးသစ္စာဆိုပါ။မိဘ ကိုလုပ်ကျွေးနေတဲ့ သားသမီးက အခုလိုအဖြစ်ဆိုးကြုံရတာ ရှေးဘ၀က အကုသိုလ်ပါ။ဘယ်တော့ စိတ်ဓါတ်မချလိုက်ပါနဲ့။ကိုယ့်ကိုကိုယ်သတ်သေတာတွေဘာတွေမလုပ်ပါနဲ့။ရအောင်ရင်ဆိုင်ပါ။အခုညီမ က စာလေးနဲ့ပဲရေးပေးလိုက်တော့ သိပ်လွယ်တာပေါ့ပြောရင်ရပါတယ်။အစ်မရင်ဆိုင်နေရတဲ့ဒုက္ခက လုံးဝမလွယ်ပါဘူး။ဒါပေမယ့် အဲဒီမလွယ်တာကို ရအောင်ရင်ဆိုင်ပါအစ်မရယ်။
ဟို ကလေးအဖေနဲ့ ရအောင်ညှိယူပါ။ကိုယ်ဖြစ်ချင်တာကိုပေါ့။ကိုယ်က ဘာဖြစ်ချင်တာလည်းကိုတော့အရင်ဆုံးသေချာအောင်သိအောင်လုပ်ထားပါ။မြန်မြန်လုပ်ပါ။အချိန်ဆွဲလို့မကောင်းတဲ့ပြသာနာပါ။ ကလေးအဖေကလည်းသားသမီးရှိတာပဲ သားသမီးချင်းကိုယ်ချင်းစာတက်အောင်ပြောပါ။ညီမလည်းအစ်မပြသာနာကိုသူငယ်ချင်းရှေ့နေတစ်ယောက်နဲ့ တိုင်ပင်ကြည့်ပြီးငွေကုန်ကြေးကျ သက်သာအောင်ဘယ်လိုလုပ်လို့ရမယ်ဆိုတာစုံးစမ်းကြည့်ပါဦးမယ်။ဒါပေမယ့် ရုံးပြင်ကနားရောက်တာထက်စာရင် ကိုယ့်အချင်းချင်းပြေလည်အောင်ညှိယူသင့်တယ်လို့ထင်ပါတယ်။အခုခေတ်မှာက TV တွေထဲကလို ယောက်ျားအမည်ခံမယ့်လူကလည်းရှိလောက်မှာမဟုတ်ပါဘူး။အဲဒီနည်းလမ်းကလည်းမကောင်းပါဘူး။အမေ ကလွဲလို့ ဆွေမျိုးမရှိတဲ့ အစ်မ အိမ်ထောင်ကျပြီးကိုယ့်အိမ်ထောင်လေးနဲ့ကိုယ်ဖြစ်နေမယ်ဆိုရင်လည်းတစ်မျိုးကောင်းမှာပါ။အမေ ကံမကောင်းတိုင်းကိုယ်လည်းအဲလိုဖြစ်မယ်လို့တွက်လို့မရပါဘူး။
ကလေးအဖေနဲ့သာ အမြန်ဆုံးတိုင်ပင်ပါ။တောင်းဆိုပါ။

အင်တာနက်ပေါ်တင်ထားတဲ့ဝတ်ပုံစားပုံကတမျိုးဘဲနော်၊ရိုးသားပါတယ်ဆိုတာဘာကို
ကြည့်ပြီးမှတ်ချက်ချရမလဲ၊မိန်းကလေးချင်းကိုယ်ချင်းစာပါတယ်။
၁=အစကတည်းကရှောင်ဖို့ သင့်တယ်
၂=အချိန်(၂)လကြာတာဘာကြောင့်လဲ
၃=ဖြစ်လာပြီဆိုရင်တော့ယူနိုင်ရမယ်၊မယူနိုင်တဲ့အကြောင်းရင်းကဘာလဲ
၎=အမေတုန်းကသတိရှိရှိမွေးခဲ့တယ်ထင်ပါတယ်
၅=မိမိဘဝကိုမိမိပိုင်တာမို့ ကိုယ်ပြုသမျှကံကိုယ့်ကံပါ။

ညီမရယ်အကောင်းဆုံးကတော့ကလေးအဖေနဲ့သာယူလိုက်ပါ။ညီမဘဝကိုသူကတာဝန်ယူပါ့မယ်ဆိုတော့လက်ခံလိုက်ပါ။တကယ်လို့ခွေးစိတ်ပေါက်ပြီးအဲ့ဒီကောင်ကမယူဘူးဆိုရင်
မြန်မာပြည်မှာတရားဥပဒေဆိုတာရှိပါတယ်။အမျိုးသမီးရေးရာကိုလည်းတိုင်နိုင်တယ်။မဒိန်းမှုနှင့်လည်းတိုင်နိုင်ပါတယ်။တရားကိုနတ်စောင့်ပါတယ်ညီမရယ်။

အ ဖြစ် အ ပျက် တွေ က မ ကြား ဝံ စ ရာ ပဲ....
အ ကောင်း ဆုံး က တော့ ကိုယ့် နဲ့ ဖူး စာ ပါ လို့ အ ကြောင်း ဖန် လာ တာ လို့ ပဲ ဖြေ သိမ့် ပြီး က လေး အ ဖေ နဲ့ သာ လက် ထပ် တာ အ ကောင်း ဆုံး ပဲ ထင် မိ ပါ တယ်.... ကိုယ် ဝန် ဖျက် ချ မယ် ဆို ရင် တော့ တစ် မျိုး ပေါ့...... ကိုယ့် အား ကို ကိုး ပြီး က လေး ကို မွေး မယ် ဆို ရင် တော့ မ မွေး ပါ နဲ့ ဗျာ... မိ ဘ မ စုံ တဲ့ သား သ မီး တစ် ယောက် ရဲ့ ခံ စား ချက် ကို အစ် မ ကိုယ် တိုင် ခံ စား လာ ခဲ့ ပြီ ပဲ..... နောက် ထပ် ကိုယ့် ရဲ့ ရင် သွေး အ ပေါ် မ သက် ရောက် မိ အောင် ကြိုး စား စေ ချင် တယ် ဗျာ.. အ ကောင်း ဆုံး ဆုံး ဖြတ် ချက် ကို ချ နိုင် ပါ စေ လို့ ဆု တောင်း ပေး ပါ တယ်.....

ဒီလူဟာ ကုလားပဲ ဖြစ်ရမယ်..ဒါလောက်ယုတ်တာ..မယူနှင့် အဲလောက်ယုတ်မာတဲ့ကောင်ကို..ဖျက်ချလိုက် သတ္တ၀ါတခု ကံတခုပါ..မမွေးပါနှင့် အဲဒီလိုကို တရားသာစွဲပါ အမျိုသမီးရေးရာ ဆိုတာ ရှိပါတယ်...အဲဒီကိုသာ တိုင်ပါ...

တရားဥပဒေ စိုးမိုးရေးကော်မတီဥက္ကဌ ဘာလုပ်နေလဲ

ဒီလူအကျင့် မကောင်းလို့ မိန်းမနဲ့ ကွဲနေတာဖြစ်ရမယ် ညီမဒီလူ့ ကိုယူမယ်ဆိုရင် သူ့ ရဲ့မကောင်းတဲ့ ညာဉ်ကြောင့်တသက်လုံး စိတ်ဆင်းရဲရမယ် သက်ဆိုင်ရာကို တိုင်ကြားဖို့  ညီမအနေနဲ့ အမြန်ဆုံး စီစဉ်ပါ ခလေးကိုယူမယူ ဆိုတာကတော့ညီမ သဘောဘဲ အမူမ့ ဖွင့်ခင်တော့ သက်ဆိုင်ရာလူး ကြီး တွေအကြောင်း ကြားပြီး သူ့ နဲညှိနိုင်း မူအရင်လုကြည်ပါ ယူဖို့ ပြောမဟုပ်ဘူးနော် ညီမဘဝ တခုလုံ ပျက်ရတဲ့ အပေါ် သူဘာတွေတာဝန် ပေးဆပ်မှာလဲ သက်ဆိုင်ရာ လူကြီးစုံညီနဲ့  အရင်ညှိနိုင်းကြည့်ပါ အဆင်မပြေရင်တော့ အမူသာ ဖွင့်လိုက်ပါ

maymyochit နင်ကလူလိုစာနာစိတ် ရှိပုံမရဘူး နင့် အလှည်ကျလည်း ခံနိုင်ဖို့ ပြင်ထားပေါ့ လူဆိုတာတသမထဲ ဘယ်တော့မှမသွားဘူး လူလူခြင် စာနာစိတ် လူတိုင်းမှာ ရှိကြပါစေ

သမီးအရွယ်မို့လို့သမီးလို့ဘဲနာမ်စားသုံးမယ်။
ဒီလိုအကျင့်မကောင်းတဲ့လူမျိုးကိုအိမ်တောင်ဖက်အဖြစ်
မရွေးလိုက်ပါနဲ့တသက်လုံးဒုက္ခရောက်သွားလိပ်မယ်။
ဒါမျိုးပြဿနာကအကောင်းဆုံးအကျန်ပေးနိုင်မှာသမီးရဲ့အမေဘဲ။
သမီးမေမေကိုဖွင့်ဖွင့်လင်းလင်းမပြောခင်(အရိပ်အယောင်-
သွယ်ဝိုက်သောနည်းလမ်း)တမျိုးမျိုးနဲ့အရင်ဆုံးလုပ်ပါ။
အမေဆိုတဲ့အမေတွေကသားသ္မီးဘာဖြစ်လာဖြစ်လာ
အရင်ဆုံးသိ့နှင့်နေသူတွေပါ။
အမေကလောကဒါဏ်ခံနိုင်ရေရှိပါတယ်။
သမီးရဲ့အမေကသန်မာထက်မြက်တဲ့အမေပါ။
ဒါကြောင့်အကောင်းဆုံးတိုင်ပင်ရမှာကသမီးရဲ့အမေဘဲဖြစ်ပါတယ်။

ကုလားနဲ့အိပ်ဖို့လုပ်နေတယ်

Aung Ko ဘာသာပြန်နားလည်မှုလွဲနေတယ်ထင်တယ်ဆိုလိုတာကကိုယ်ပိုင်ဆုံးဖြတ်ရ
မယ်ဆိုတာပါတယောက်ကဖျက်တယောက်ကမဖျက်ပါနဲ့ မွေးလိုက်ပါတယောက်ကယူ
လိုက်တယောက်ကမယူပါနဲ့ မကောင်းတဲ့လူကိုတယောက်ကတရားစွဲတယောက်ကတိုင်
ပင်ပါအုံးပြောကြမယ်တယောက်နဲ့တယောက်အမြင်မတူကြတာတွေပါမအေးမြအမေက
တောင်သမီးယူလိုက်ပါ(သို့ )မွေးလိုက်ပါဆိုရင်တောင်မအေးမြကသူ့ ဘဝသူဘဲဆုံးဖြတ်
ဖြစ်မှာပါဒါကြောင့်ကိုယ်ဘဝကိုယ်ပိုင်တယ်ကိုယ်ပဲရွေးချယ်ရမယ်ဒါဟာကိုယ်တိုင်ရွေးတဲ့
ကိုယ့်ကံပါလို့ ပြောခြင်းပါ။အောင်ကိုကလူလိုစာနာစိတ်ရှိပြီးတာဝန်ယူမယ်ဆိုရင်တော့
ကောင်းတာပေါ့ဒါတောင်မအေးမြကဆုံးဖြတ်အုံးမှာ။အကောင်းဆုံးဆုံးဖြတ်ချက်ချနိုင်ပါ
စေ။


ဘာ လို့သူကိုမယူနိုင်တာလဲ ဆိုတာကိုယ့်ကိုယ်ကိုပြန်မေးပါ
(၁)ရုပ်ဆိုးလို့လား
(၂)အရက်သောက်လို့လား
(၃)ချမ်းသာတယ်ဆိုတာတော့ထင်ရှားပါတယ်
(၄)ခလေးအဖေမို့လား
(၅)သူကိုယူရင် ဖြစ်လာနိုင်တဲ့ပြသာနာနဲ့
(၆)သူ့ကိုမယူရင်ဖြစ်လာနိုင်တဲ့ပြသာနာ ဘယ်အရာက ပိုများမလဲဆိုစဉ်းစားပါ လောကမှာအချစ်နဲ့တည်ဆောက်လို့မရ ပါဘူး မချစ်တာတစ်ခုနဲ့တော့ မဆုံးဖြက်ပါနဲ့လို့
အကြံပေးချင်ပါတယ်

တစ်ခါတည်းနဲ့တန်းရလား

Clean the baby,Don't accept these kind of Man's blood.That is your choice,You have right to do it?Don't hesitate.

ညီမလေးရယ် Anonymouse ကို တာဝန်ယူခိုင်းလိုက်ပါ
ကိုကြီး နဲ့ က တစ်ခါထဲဆိုတာသူသိပါတယ်
လိုအပ် တဲ့ အပိုင်းကို သူဆက်ပေးလိမ့်မယ်နော်
ကလေး ကိုစာလာပြဦးလေ

စသိကတည်းက ရှောင်ရမှာလေ မဟုတ်ဘူးလား
အလုပ်က ရှာစားနေတာ ဒီစာပြတဲ့ အလုပ်ပဲ လုပ်တက်သလား
ကျွန်မတို့လည်း ဒီလိုပဲ ကြိုးစားရုန်းကန်ပြီး ကိုယ်ဖြူစင်မှုအတွက် လက်မထောင်နေနိုင်နေတာပဲ
ကလေးနဲ့ အဖေ နှစ်ယောက်တည်း ရှိတဲ့ အိမ်ကိုစာသွားသင် စရာလား
ဖြစ်နိုင်ရန်ကိုယ့်အိမ်ကို ခေါ်သင်ပါလား သူအဖေလာကြိုတာ အမြင်တင့်တယ်ပါတယ် အခုဟာက မစာနာလို့တော့မဟုတ်ပေမယ့် ထင်ချင်ရင်တောင် ယုန်ကမတိုး ပိုက်ကတိုး လိုမျိုးတောင်ပြောလို့ရနေပြီ
သေချစဉ်းစားစေချင်ပါတယ် (၂)လ မကလို့ (၁)ပတ်ပဲဖြစ်ဖြစ် ဒါဟာ လူသတ်မှုပဲ ဆိုတာ တရားဥပဒေက အပြစ်မပေးနိုင်ရင်တောင် နောင် ကိုယ်ပြန်ခံရမယ်ဆိုတာ မမေ့ပါနဲ့။

ကိုယ်ဝန်ကိုဖျက်မချပါနဲ့ကွာ။ သူက ကုလားမို့လို့လား။ကုလားဆိုရင်
တော့မယူနဲ့ပေါ့ မြန်မာဆိုရင်တော့သူကိုသာလက်ထပ်လိုက်ပါ။
ဟိုဘ၀က ၀ဋ်ကြွေးလို့သာသတ်မှတ်လိုက်ပါ။ ကိုယ့် ကိုယ်ကိုသေကြောင်းမကြံပါနဲ့။ဒီဘ၀မှာ ကုသိုလ်တွေသာလုပ်ပါတော့။

အင်း . . .
ထင်တာလေး တစ်ခုတော့ ပြောကြည့်ချင်တယ်။
ဇာတ်လမ်းလေးတစ်ပုဒ်တင်ပြီး လူတွေရဲ့အမြင်ကို ဖော်ထုတ်ချင်တာများလား။

ပထမအနေနဲ့ ညီမရဲ့ အမေ ကိုဖွင့်ပြော လိုက်ပါ၊ အမေက ညီမ အတွက် အကောင်းဆုံး နည်းလမ်းကို လမ်းပြ ပေးနိုင်မဲ့ သူပါ။ (သူ့ကိုလက်မထပ်နိုင်ဘူးဆိုရင်တော့ ကိုယ်ဝန် ကိုဖျက်ချ လိုက်တာကောင်းပါတယ်။ မဟုတ်လို့ရှိရင် ကိုယ်လက်မထပ်ချင်တဲ့ သူနဲ့ တသက်လုံး အတူနေသွားရမှာ က ညီမပါ၊ )

ဇာတ် လမ်း က ကို ရီး ယား အ တိုင်း ပဲ ။ မှတ် ချက် တော့ မ ပေး တော့ ပါ ဘူး - လူ တွေ ရဲ့ အ မြင် ကို သိ ရ တာ ပေါ့။
ကံ ကောင်း ပါ စေ ...

ထက်မြတ်တဲ့မိန်းမတစ်ယောက်ဆိုရင်ဒီလိုမျိုးဘယ်တော့မှမဖြစ်နိုင်ဘူး
အင်း တတိယလမ်းတော့ရှိပါတယ်

ကလေး အဖေနဲ့ တိုင်ပင်တာတော့ ကောင်းပါတယ် ဒါပေမယ့် ကလေးအဖေက အခုလို ကိုယ်ဝန်နဲ့ဆိုရင် သူလက်ခံနိုင်ပါမလား မသိဘူးနော် ......ဘယ်သူနဲ့ ရတာလည်း ဆိုရင်တော့ ဘယ်လို လုပ်မလည်း ......

Anonmous နဲ့ သာ ယူ လိုက် ပါ တော့ သူ ဘဲနေ မှာ က လေး အ ဖေ က နာ မည် တောင် မ ဖော် ပြ ရဲ ဘူး လေ

Anonymous ကို သာ တာ ဝန် ယူ ခိုင်း လိုက် ပါ သူ က က လေး အ ဖေ ထင် တယ် နာ မည် တောင် မ ဖော် ပြ ရဲ ဘူး

Anonymousကိုသာ တာဝန်ယူခိုင်းလိုက်ပါ။ သူကကလေးအဖေထင်တယ်။ သူ့နာမည်တောင် မဖော်ပြရဲဘူး ဖြစ်နေတယ်။

i think you will marry anonymous. Why don't he tell his name exactly?

စိမ်းရွှေရွှေ အနံ ရတာနဲ့ မေ့သွား တာတော့ ထူးဆန်းတယ်

ဟင့်အင်း ဟင့်အင်း အေးမြAnonymous ကိုမယူနိုင်ဘူး…ကိုNo Gyiကိုပဲယူမယ်ဒါ
ရှင်နဲ့ရတဲ့ဗိုက်ပဲလေ ရှင်တာဝန်ယူရမှာပေါ့

ဘယ်သူနဲ့ရတာလည်းဆိုတော့နင်နဲ့ရတာပေါ့
ကောင်စုတ်ရဲ့
လုပ်တုန်းကလုပ်ပြီး ခုမှရူးချင်ယောင်မဆောင်နဲ့
နော်

အဲ့ဒီတတိယလမ်းကနင်ပဲဖောက်ခဲ့တာလေ

ညီမက ကိုကိုနဲ့အတူတူနေချင်တာ
နော်ကိုကို နော်တူတူနေကြရအောင်

ကိုယ်ဝန်ကိုမဖျက်ချစေချင်ရင် ကိုသီဟဖြိုး တာဝန်ယူပေးပါလားဟင်

တစ်ခါဆို ဆိုသလောက်ထိရောက်တာကိုးရှင့်

အန်တီတုန်းကဘယ်လိုဖြေရှင်းခဲ့တာလဲဟင်
သမီးကိုအမှန်အတိုင်းပြောပြပါလား

တရားဥပဒေ စိုးမိုးရေးကော်မတီဥက္ကဌ ဘာလုပ်နေလဲ

ဘေဘီရေ
အထူးအကြံပေးချင်ပါတယ်.
koeyanmin@gmail.comကို အမြန်contact လုပ်ပါ။

နင်ကလှည်းကျိုးထမ်းပေးမှာလားဟင်

တတ်နိုင်တာ ကူညီမှာပေါ့.။ ဘေဘီရေ။

ခေါင်းတွေကို မူးသွားတာပါပဲလားဗျာ။ လက်ဦးဆရာဖြစ်သည့် မိခင်နှင့်တိုင်ပင်ကြည့်တာ ကိုယ့်အတွက် အကောင်းဆုံးလို့ မြင်မိပါပေသည်။

မြန်မာ ကားထဲက အတိုင်းပဲ ပေါ့. Myanmar Express ရယ် ဟက်ဟက်.

ညီမပြောတယ်ဆိုတဲ့ ကလေးအဖေနဲ့ တိုင်ပင်ကြည့်ပါ။ မိခင်ကိုလည်း
တိုင်ပင်ကြည့်ပေါ့။မိခင်ကလည်း အဲလိုခံစားဖူးတယ်ဆိုတော့ ညီမကို
ဘယ်လိုလုပ်ရတယ်ဆိုတာကို ပြန်ပြောလောက်ပါတယ်။ကလေးအဖေကို
မကျေနပ်လို့ စခန်းနဲ့ တိုင်မယ်ဆိုရင် ညီမလွယ်ထားတဲ့ ကလေးက
ဘယ်လို ဖြစ်မယ်ဆိုတာ ညီမ သိမှာပါ။ အကောင်းဆုံးကတော့ ကလေးအဖေနဲ့ မိခင်ကို တိုင်ပင်ကြည့်ပါ။အပြစ်မရှိတဲ့ကလေးကို
ဖျက်ချမယ်ဆိုတဲ့အရာကိုတော့ သိပ်ပြီး အားမပေးချင်ပါဘူး။

လူတွေနဲ့အဝေးဆုံးနေရာကို သားအမိနှစ်ယောက်စလုံး
သားနေလိုက်ပါလား....ကလေးတော့ မွေးလိုက်ပါ..
မဖျတ်ချလိုက်ပါနဲ့....တစ်နေ့ပါ အားကိုးစရာဖြစ်လာနိုင်ပါတယ်....
တစ်နေ့မှာ ကိုယ့်ကို နားလည်ပေးနိုင်တဲ့ သူပေါ်လာရင်
အိမ်ထောင်ပြုပြီးနေလိုက်ပါ...
အဲ့ဒါအကောင်းဆုံးထင်ပါတယ်...ဘဝအသစ်ပြန်စလိုက်ပါ...

အကြံပေး ပါ့မယ်....သိသလောက်ပါ...ကျွန်တော့မေးကိုဆက်သွယ်ပါ.. saw1986@gmail.com ဘာပဲဖြစ်ဖြစ် တကယ့်ကိုကိုယ်ချင်းစာပါတယ်

I have read this post more than two months. So she will have child by now.

I dome not believe you because i think

နဂို၇်ကတည်းက ကိုယ့်ကို စော်ကားတဲ့ ယောက်ျားမျိုးကို ဘယ်လိုလုပ် တစ်သက်လုံး ယုံကြည်နိုင်မှာလဲ
လူသက်မှုတစ်ခုက ဘ၀တစ်ခုကို ကယ်တင်နိုင်မယ်ဆိုရင် တန်ပါတယ် စကားပုံတောင်ရှိသေးတယ် သားကောင်ချနင်းရမှာပဲ

ဟဘာတွေလဲဟ

ဟ ဟ ဘယ်လို ကြီး တုန်း အေးမြ ရဲ့ မိန်းမမဖြစ်နိုင်ဘူး

ဟ ဟ ဘယ်လို ကြီးတုန်း

ဟဟ ဘယ်လို ကြီး တုန်း

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်