From : popular
Myanmar Express
အောက်တိုဘာ ၅ ရက်နေ့ထုတ်၊ Bi Weekly Eleven သတင်းဂျာနယ်တွင် ဖော်ပြခဲ့သည့် "မြန်မာ့စီးပွားရေး ဦး
ပိုင်လီမိတက်မှပြုလုပ်သော
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ၌
သတင်းထောက်များကို ကင်မရာ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းများပျံ့နှံ့"
ဟူသည့် သတင်းတွင် ရေးသားဖော်ပြခဲ့သည့်စာသားအချို့နှင့်ပတ်သက်၍
မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း(မန္တလေးတိုင်းဒေသကြီး)မှ ထိုကြေညာချက်ကို
အောက်တိုဘာ ၆ ရက်နေ့ နေ့စွဲဖြင့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ယင်းရေးသားချက်ကို မိမိတို့အနေဖြင့်ကန့်ကွက်ကြောင်း၊ မန္တလေးနှင့်နယ်မြို့များရှိ အနေမှန်သည့်သတင်းသမားများအား Bi Weekly Eleven သတင်းဂျာနယ်က ထင်သာမြင်သာရှိသော တောင်းပန်မှုပြုလုပ်ပေးရန်တောင်းဆိုကြောင်း ယင်း သဘောထားကြေညာချက်တွင်ရေးသားဖော်ပြထားသည်။
ယခုသဘောထားကြေညာချက်ကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သို့လည်းပေးပို့ဦးမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါကြေညာချက်ကို အောက်တိုဘာ ၆ ရက်နေ့ကပြုလုပ်သော မြန်မာနိုင်ငံသတင်းစာဆရာအသင်း (မန္တလေးတိုင်းဒေသကြီး)၏အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရထုတ်ပြန်ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံသတင်းစာဆရာအသင်း(မန္တလေးတိုင်းဒေသကြီး)ကို ၂၀၁၂ ခုနှစ် သြဂုတ်လဆန်းပိုင်းက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဌအဖြစ် ဆရာစိုးဘားဒိုင်နှင့် အတွင်းရေးမှူးအဖြစ် ဆရာ ကိုဘဦးတို့က တာဝန်ယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်