Fromး သာနောင်
ယခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လျာထားစာရင်းတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပါရှိနေကြောင်းသိရှိရသည်။ နိုဘယ်ငြိမ်းချမ်းရေးဆုကော်မတီကအမည်စာရင်းတင်သွင်းခံရသူများ၏အမည်များကို ထုတ်ဖော်ပြောကြားလေ့မရှိသော်လည်း နော်ဝေနိုင်ငံအော်စလိုမြို့ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု့အကြီးအကဲ Mr.Kristian Berg Harpviken ကအဆိုပါကော်မတီ၏ လုပ်နည်းလုပ်ငန်းကို လေ့လာပြီး ဆုရရှိနိုင်ခြေရှိသူ လျာထားအတိုချုပ်စာရင်းအား နှစ်စဉ်ထုတ်ပြန်လေ့ရှိသည်။ ယခုနှစ်အတွက် ထုတ်ပြန်သော ငြိမ်းချမ်းရေးနိုဘယ်ဆုလျာထားစာရင်းတွင် သမ္မတဦးသိန်းစိန်နှင့်အတူ အကြမ်းမဖက်ငြိမ်းချမ်းစွာ တော်လှန်ရေးဆိုင်ရာ ကျွမ်းကျင်သူ အမေရိကန်နိုင်ငံသား Dr . Sharp ၊ရုရှားသူ အခွင့်အရေးအုပ်စု Memorial တည်ထောင်သူ Ms Svetlana Gannushkina ၊ အမှီအခိုကင်းသော ရုရှားမီဒီယာအဖွဲ့ Echo of Moscow တည်ထောင်သူ Mr Alexei Venediktov ၊ဘာသာရေးအားလွဲမှားစွာအသုံးပြုခြင်း ကိုဆန့်ကျင်သူ နိုင်ဂျီးရီးယား နိုင်ငံသားနှစ်ဦးတို့ ပါဝင်ကြသည်။ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အား အောက်တိုဘာလ ( ၁၂ )ရက်တွင်ကြေငြာမည်ဖြစ်သည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်