Subscribe to our RSS Feed

တာမွေစခန်းမှူး ရဲအုပ်စိုးဝင်း တစ်နိုင်ငံလုံးအဆင့် ရဲကျင့်ဝတ်ထူးချွန်ဆုရရှိ

From : hotnews 

 

တာမွေမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ်စိုးဝင်းသည် မြန်မာတစ်နိုင်ငံလုံးအဆင့် ရဲကျင့်ဝတ်ထူးချွန်ဆု(တတိယ) အား ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ ပြီး အောက်တိုဘာ ၁ ရက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် နေပြည်တော်၌ ဆုလက်ခံရယူခဲ့ ကြောင်း သိရှိရသည်။
““ရဲစခန်းအချို့က စခန်းမှူး တွေက ပြည်သူကိုဆက်ဆံတဲ့ အခါ မာနကြီးတစ်ခွဲသားနဲ့ မောက်မောက်မာမာ ဆက်ဆံချင် ကြတယ်။ ဒါပေမယ့် တာမွေ စခန်းက ရဲအုပ်စိုးဝင်းကတော့ ပြည်သူတစ်ယောက်အနေနဲ့ သူ့ ဆီသွားပြီး တိုက်ရိုက်အကူအညီ တောင်းတာပဲဖြစ်ဖြစ်၊ ဖုန်းဆက် ပြီး အကူအညီတောင်းတာပဲဖြစ် ဖြစ် ချိုချိုသာသာပြေပြေလည် လည်နဲ့ ကူညီရှာပေးတယ်။ အဲဒါ ၁ ရက်နေ့ညက  MRTV-4 သတင်းမှာ ရဲအုပ်စိုးဝင်းကို ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုက ဆုပေးတာ တွေ့လိုက် ရတာ တော်တော့်ကို ၀မ်းသာမိ တယ်။ ဂုဏ်လည်း ယူမိပါတယ် ဗျာ။ သူက တကယ့်ကို ဒေသခံ ပြည်သူ့အကျိုး တကယ်သယ်ပိုး တဲ့သူကိုးဗျ””ဟု တာမွေမြို့နယ် ကျောက်မြောင်း၊ သြဘာ လမ်းနေပြည်သူတစ်ဦးက တာမွေ ရဲစခန်းမှူး ရဲအုပ်စိုးဝင်း ဆုရရှိခဲ့ ခြင်းအပေါ် ဂုဏ်ယူမိကြောင်း ပြောကြားသွားခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ရဲတပ်ဖွဲ့ဝင်များအား ထူးချွန်ဆု များ ချီးမြှင့်ရာတွင် ရဲကျင့်ဝတ် ပညာရပ်များအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များအနက် ရဲတပ်သား အဆင့်မှ ဒုရဲမှူးအဆင့်ထိ တိုင်းနှင့်ပြည်နယ်အလိုက် စစ် ဆေးကာ ယင်းမှ အထူးချွန်ဆုံး တပ်ဖွဲ့ဝင်များရွေးချယ်၍ နေပြည် တော်၌ ထပ်မံစာမေးပွဲဖြေဆိုစေ ကာ ရွေးချယ်ဆုပေးခြင်းဖြစ် သည်။

 Myanmar Express 

1 comments:

ပထမ အဆင့်က CID ကလို့သိရတယ် တင်ပေးကြပါအုံး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်