Subscribe to our RSS Feed

လွတ်လပ်သော သတင်းမီဒီယာ RFA မှ လွတ်လပ်စွာ ပြောဆိုရေးသားမှုများအား ချက်ချင်းဖျက်ရန် အမိန့်ထုတ်

From : Aung Pan

RFA Facebook စာမျက်နှာတွင် လိင်အရှုပ်တော်ပုံအကြောင်း comment ရေးသားသူများ၊ link ချိတ်လာသူများအား ချက်ခြင်းဖျက်ရန် လမ်းဆုံကဂျမ်းဘုံမှအမိန့်ထုတ်။
RFA ဦးခင်မောင်စိုး၏ လိင်သောင်းကျန်းမှုအရှုပ်တော်ပုံ များသတင်းထွက်ပေါ်လာပြီးနောက် အာအက်အေ ဖေ့ဘွတ်စာမ

ျက်နှာတွင် ဦးခင်မောင်စိုးအား comment ရေးသားမှုများအထူးများပြားလာသည်။ ဦးခင်မောင်စိုး၏ တဌာနတည်းအမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုများ အကြောင်းအရာများကို ကာကွယ်ပေးသော ဌာနမှူးဒေါ်ငြိမ်းရွှေသည် သူမနှင့် ခင်မောင်စိုး မကောင်းရေးလာမှုများအား ချက်ခြင်းဖျက်ရန် အမိန့်ထုတ်လိုက်ပြီး အဆိုပါ comment များကိုဖျက်ပစ်ရန် ဝန်ထမ်းတဦး အရေးပေါ်ခန့်လိုက်ကြောင်းသတင်းရရှိသည်။
ဒေါ်ငြိမ်းရွှေသည် ယ္ခုအခါ အမေရိကန်နိုင်သားဖြစ်နေပြီး ဌာနတွင်း မြန်မာနိုင်ငံသားများကို ဖိနှိပ်ချုပ်ချယ်သူတဦးအဖြစ်နာမည်ကြီးသူတဦးဖြစ်သည်။ ၂၀၀၈ခုနှစ်အတွင်းက အာအက်အေ၏ အချိန်ပိုင်းဝန်ထမ်း ရုပ်ရှင်မင်းဟောင်း ထွန်းထွန်းနိုင်၏ဇနီးဟောင်း ဒေါ်မြင့်မြင့်သန်းအား ဦးခင်မောင်စိုးမှ အလိုမတူအဓမ္မပြုကျင့်ရန်ကြိုးစားမှုဖြစ်ပွားခဲ့ရာ အနိုင်ကျင့်စော်ကားခံရသူဒေါ်မြင့်မြင့်သန်းမှ ဒေါ်ငြိမ်းရွှေအား ငိုယို၍ စာဖြင့်တရားဝင်တိုင်ကြားခဲ့သည်။ အဆိုပါတိုင်ကြားစာကို ဒေါ်ငြိမ်းရွှေမှ အာအက်အေ အုပ်ချုပ်ရေမှူးထံ မတင်ပြဘဲ အာအက်အေ မြန်မာဌာနအတွင်းတွင်ဖျောက်ဖျက်ပစ်ပြီး ဒေါ်မြင့်မြင့်သန်းအားအလုပ်မှ ထုတ်ပယ်ခဲ့ကြောင်းကို တိုင်စာအားဖတ်ခဲ့ရသူတဦးက ပြောပြခဲ့သည်။ ဒေါ်ငြိမ်းရွှေသည် ရိုဟင်ဂျာအရေးထွက်ပေါ်လာစတွင် ဝါကအူဒင်အား အင်တာဗျူးပြီးလွှင့်တင်မှုကို အာအက်အေ မြန်မာဝန်ထမ်းများ၏ကန့်ကွက်မှုကြားမှ အမေရိကန်အလိုကျလွှင့်ထုတ်ခဲ့သည့်အပြင် အာအက်အေ သတင်းထောက်များ၊သတင်းကြေညာသူများအား ဘင်္ဂါလီဟုရေးသားလွှင့်ထုတ်မှုကို သူမ၏ အမိန့်ဖြင့် ဘင်္ဂါလီ ဟုမသုံးစွဲရန်နှင့် ရိုဟင်ဂျာဟူသောအမည်ကိုသာ သုံးစွဲစေခဲ့သည်။
ဒေါ်ငြိမ်းရွှေသည် သတင်းမီဒီယာတတ်ကျွမ်းမှုမရှိ ဌာနမှူးဖြစ်နေမှုအားဝေဖန်သူများအားအလုပ်ထုတ်ပယ်လေ့ရှိသည်။ ဒေါ်ငြိမ်းရွှေတင်ဆက်နေသော လမ်းဆုံဂျမ်းဘုံအစီအစဉ်မှာ သူမရေးသားခြင်းမဟုတ်ဘဲ မြန်မာစာဌာနမှဆရာကြီးဟောင်းတဦးရေးသားပေးခြင်း သာဖြစ်သည်။ ဒေါ်ငြိမ်းရွှေ၏ သတင်းမီဒီယာ မြန်မာဘာသာစကားမကျွမ်းကျင်မှုများကို ဦးခင်မောင်စိုးက ရေးသားဖြေရှင်းပေးနေသောကြောင့် ဦးခင်မောင်စိုး ကာမသောင်းကန်းမှုများကို တိုင်ကြားသူများအားအလုပ်ထုတ်ပစ်ခဲ့သည်။ ဌာနဝန်ထမ်းများက ဦးခင်မောင်စိုးအားအလုပ်မှထုတ်ပယ်ရန်တင်ပြလာခြင်းများကို အာအက်အေ အမေရိကန်အုပ်ချုပ်ရေးမှူးထံတင်ပြခြင်းမရှိသည့်အပြင် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဦးခင်မောင်စိုးတဦးကိုသာအင်တာဗျူးပေးသောကြောင့် အလုပ်ထုတ်ပစ်ရန် မဖြစ်နိုင်ကြောင်းတင်ပြထားသည်ဟု သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ်အတွင်း အာအက်အေမြန်မာဌာနသို့ လာရောက်လည်ပါတ်စဉ်အတွင်း ဒေါ်ငြိမ်းရွှေနှင့် ဦးခင်မောင်စိုးမှ လိင်အရှုပ်တော်ပုံနှင် မကျေနပ်မှုများကို ဒေါ်အောင်ဆန်းစုကြည်အား မပြောနိုင်ရန်အတွက် သူတို့(၂)ဦးမှ အခြားသူများအနားမကပ်ရအောင်လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
ဒေါ်ငြိမ်းရွှေသည် အာအက်အေမြန်မာဌာနတွင် နိုင်ငံရေးတက်ကြွသူများရှိနေခြင်းသည် အစိုးရအားဝေဖန်မှုများဖြစ်ပေါ်နေသည်မှာ ဌာနအတွက်ကောင်းသောလမ်းမဟုတ်ဟု သူမနှင့်အနီးကပ်ရှိနေသူအားပြောပြတိုင်ပင်ပြီး နိုင်ငံရေးတက်ကြွသူသတင်းသမားများအား ဌာနမှဖယ်ရှားရန်ကြံစည်နေကြောင်းကြားသိရသည်။ ဦးခင်မောင်စိုး၏ သတင်းမီဒီယာကျင့်ဝတ်နှင့်မညီမှုများကိုတိုင်းကြားသော သတင်းထောက်များ၊ သတင်းထောက်များ၏သတင်းလိုက်ခ ငွေကြေးပေးချေရာတွင် ငွေလျော့မှုကို ပြန်လည်းမေးမြန်းသော သတင်းထောက်များအားလည်းအလုပ်မှထုတ်ပယ်ပစ်ခဲ့သည်။
 
Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်