Subscribe to our RSS Feed

ဆရာဝန် (၁၀၁၀) ဦးအား Black List မှ ပယ်ဖျက်ခွင့်ပြုခြင်း

From : .. သမ္မတရုံး 


၁။ ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်လျက် ရှိပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကိုလည်း အလေးထား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။
၂။ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း အလို့ငှာ ကုမ္ပဏီများ၊ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များအား အကြောင်းအမျိုးမျိုးကြောင့် ယခင်က Black List သတ်မှတ်ရေးသွင်းပြီး ကန့်သတ်မှုများ ဆောင်ရွက် ထား ရှိခဲ့သော်လည်း ယခုအခါ ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ ဖြေလျော့ဆောင်ရွက်ပေးလျက်ရှိရာ Black List မှ ပယ်ဖျက်ပေးခဲ့မှုများကိုလည်း နိုင်ငံတော်သမ္မတရုံး Website တွင် ဖော်ပြပေးလျက်ရှိပါသည်။
၃။ ယခုအခါ ထပ်မံ၍ ကျန်းမာရေးဝန်ကြီးဌာနမှ Black List သတ်မှတ်ထားသူများအနက် ဆရာဝန် (၁၀၁၀) ဦးအား Black List မှ ပယ်ဖျက်ပေးလိုက်ကြောင်း ထုတ်ပြန်အပ်ပါသည်။
၎။ Black List မှ ပယ်ဖျက်ပေးသည့် ဆရာဝန် (၁၀၁၀) ဦး၏ အမည်စာရင်းကို ဆက်လက် ဖော်ပြပါမည်။
 
.. www.MyanmarExpress.net
 

5 comments:

မုဒိတာပွားပါတယ် ။ပြည့်အင်အားးသည်

ပြည်တွင်းမှာသာ ရှိသည်။

အတ္တ တွေ များနေတဲ့ ဝန်ကြီးချုပ်တချို့ကို

အပြောင်းအလဲလုပ်သင့်တယ်။

အတ္တများပြီး အဖားကြမ်းတဲ့ တိုင်းနဲ့ပြည်နယ်

က စည်ပင်ညွှန်မှူး တွေကို ရာထူးချိန်းသင့်ပြီး

အာဏာရှင် တော်တော်ဆန်နေတဲ့ ပုဂ္ဂိုလ်

တွေ ရှိပါတယ်။ ကိုယ့်လက်အောက်က

အင်ဂျင်နီယာ စီမံဝန်ထမ်းတွေ ဆို အလွန်

အနိုင်ကျင့်ပါတယ်။ အစိုးရ အဖွဲ့ က ဝန်ကြီး

တွေကိုတောင် ချဲလင့် ခေါ်တဲ့ အဆင့်အထိ

အောက်ခြေ လွတ်နေကြတယ်။

ပညာနည်းသူသည် power ကိုအားကိုး၍ အနိုင်ကျင့် တတ်သည်။ လူကြားကောင်းအောင် လျှောက်ပြောတတ်သည်။ လုပ်ရပ်များကို ပြန်သုံးသပ်ကြည်ပါက အဆင့်မမီတတ်။ ဆင်ခြေအမျိုးမျိုး ပေးတတ်သည်။ လူမြင်ကောင်းအောင် မနားမနေ အလုပ်လုပ်ပြ တတ်သော်လည်း ထိရောက်မှု နည်းသည်။ ပါးစပ်ထဲတွေ့ကရာကို ပြောတတ်သည်။ နားထောင်သူများမှ သုံးသပ် ဝေဖန်နေသော်လည်း ရှက်ရမှန်းမသိ။ အကတိ လိုက်စားသည်။ အသိဥာဏ်နည်းသောကြောင့် လက်အောက်မှ လိမ်သမျှကိုခံကာ ဆရာကြီး လုပ်တတ်သည်။

ပညာနည်းသော ဆရာဝန်ထံ ဆေးကုခြင်းသည် သင့်ခန္ဓာကိုယ်အား သူ့ ပညာအတွက် စမ်းသပ်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။

ကျေးလက်တွေကို ဘဝအခြေပျက်ခံပြီးပြောင်း

တာ အာဏာရှင်ဆန်ပြီး အတ္တ ကြီးလွန်းတဲ့

တိုင်းစည်ပင် ညွှန်မှူးတွေ ကြောင့်ပါ။

အဲဒီသူတွေကတော့

ရန်ကုန်တိုင်းညွှန်မှူး ဦးကြည်တင်

မန္တလေးက ဗိုလ်မှူးဆန်းမော်ခင်

ရှမ်းက ဗိုလ်ကြီးစိုင်းထွန်းထွန်း

တနင်္သာရီက ဗိုလ်မှူးလှမျိုး

ကယား က ဗိုလ်ကြီးမျိုးနိုင်အောင်

တို့ ဖြစ်ပါတယ်။

မြို့နယ်တွေ ကို မတရားနှိပ်ကွပ် လပ်ငွေ ပေးသူတွေကို မျက်နှာသာ

ပေးပါတယ်။

ဝန်ကြီးချုပ် တစ်ဦးကိုသာ အဖားကြမ်းပြီး ကိုယ့် စည်ပင်ဝန်ကြီး

ကိုတောင် ဂရုမစိုက်ပဲ ပြည်သူနဲ့ ဝန်ထမ်းတွေကိုအာဏာရှင်ဆန်

ဆန် အုပ်ချုပ်နေသူတွေ ဖြစ်ပါတယ်။ အထူးအဖွဲ့ များဖြင့် စစ်သင့်

ပါတယ်။

ကျေးလက်ကလည်း ယူနီဖောင်းမသတ်မှတ်

နေအိမ် ရုံးကလည်း အတည်တကျ မရှိ

ဝန်ထမ်းတွေ စိတ်ဓါတ်မြှင့်တင်သင့်ပါတယ်။

ဒုဝန်ကြီးဦးဇော်ဝင်း လပ်စားပြီး ပစ်ထားတဲ့

တင်ဒါတွေ ပြန်စစ်သင့်ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်