From :
..president office
..
www.MyanmarExpress.net



ဘန်ဒါဆရီ ဘီဂါဝန် အောက်တိုဘာ ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း တို့သည် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံတွင်
ကျင်းပမည့် (၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့
တက်ရောက်ရန်အတွက် ယနေ့ နံနက် (၁ဝ) နာရီတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့်
ထွက်ခွာရာ ဒေသစံတော်ချိန် ညနေ(၃) နာရီ (၅) မိနစ်တွင် ဘရူနိုင်း
ဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီးတို့အား
ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဝန်ကြီးချုပ်ရုံး အမြဲတမ်း အတွင်းဝန် Haji Abdul
Mumin ၊ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံ သံအမတ်ကြီး၊
ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်နှင့်
သံရုံးဝန်ထမ်းများ၊ မိသားစုများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ခေတ္တတည်းခိုမည့် အစိုးရဧည့်ဂေဟာသို့ မော်တော် ယာဉ်ဖြင့် ရောက်ရှိသည်။


0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်