Subscribe to our RSS Feed

မျိုးစောင့်ဥပဒေ ထောက်ခံကြောင်းလက်မှတ် လေးသန်းကျော် ရရှိပြီးဖြစ်

From : ..mizzima

“မျိုးစောင့်ဥပဒေ”ဟု လူသိများသည့် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေကြမ်းကို ထောက်ခံသည့် လက်မှတ်များကို တစ်နိုင်ငံလုံးအနှံ့ ကောက်ခံမှု များ ပြုလုပ်နေရာ အောက်တိုဘာ ၇ ရက် အထိ လက်မှတ်လေးသန်းကျော် ရရှိထားပြီး ဖြစ်သည်ဟု အဆိုပါ လက်မှတ်များ ကောက်ခံသော ဆရာတော်တစ်ပါးဖြစ်သည့် ဦးဝီရသူက မဇ္ဈိမကို မိန့်သည်။

အဆိုပါ လက်မှတ်များကို ယခုနှစ် ဇွန်လမှ စတင် ကောက်ခံခြင်းဖြစ်ရာ လေးလကျော်အတွင်း လက်မှတ် လေးသန်းကျော် ရရှိထားခြင်း ဖြစ်သည်။ ကောက်ခံရရှိသည့် လက်မှတ်များကို စုစည်းပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခြင်းဖြစ်သည်။ အနယ်အနယ်အရပ်ရပ်မှ ပေးပို့လာသည့် လက်မှတ် များကို အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်သို့ ပို့ပေးပြီး အဆိုပါ ကျောင်းတိုက်မှတစ်ဆင့် ပြည်သူ့ လွှတ်တော်သို့ ပေးပို့ခြင်း ဖြစ်သည်။

လွှတ်တော်သို့ မျိုးစောင့်ဥပဒေ ထောက်ခံသည့် လက်မှတ်များ ပေးပို့ခြင်းနှင့် ပတ်သက်၍ အင်းစိန်ရွာမပရိယတ်္တိစာသင် တိုက်မှ ဆရာတော်ဦးစန္ဒာသီရိက “ဒီဥပဒေနဲ့ပတ်သက်ပြီး လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေ တစ်ရပ် ပေါ်ထွန်းအောင် မဆွေးနွေးသေးသရွေ့ ထောက်ခံ လက်မှတ်တွေ ပို့ပါမယ်”  ဟု ပြောသည်။ယင်းသို့ဆွေးနွေးရာတွင် မျိုးစောင့်ဥပဒေဆိုသည့် အမည်ဖြင့် မဟုတ်ဘဲ အခြားအမည်ဖြင့် ဆွေးနွေးမည်ဆိုပါကလည်း မိမိတို့ ရေးဆွဲထားသည့် အချက်အလက်များ ပါဝင်ပါက လက်ခံမည်ဟု ဆရာတော်ကဆိုသည်။

မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်များ ကောက်ခံခြင်းနှင့် ပတ်သက်၍လည်း ဆရာတော် ဦးဝီရသူက “ကိုယ့်စည်းသူ့စည်း လုံအောင်ထိန်းနိုင်ရင် ပဋိပက္ခတွေ ဖြစ်တော့မှာမဟုတ်ဘူး။ မျိုးစောင့်ဥပဒေ ဆိုတာ ကလဲ ကိုယ့်စည်းကိုယ့်ဘောင်ကို လုံခြုံအောင် ကာကွယ်စောင့်ရှောက်တဲ့ သဘောပါ”ဟု မိန့်ကြားသည်။

ယင်းသို့ လက်မှတ်များ ကောက်ခံရာတွင် မြန်မာတစ်ပြည်လုံး အတိုင်းအတာအနေဖြင့် ကောက် ခံခြင်းဖြစ်ကာ အထက် မြန်မာပြည်မှ ထောက်ခံလက်မှတ် နှစ်သန်းခန့် ရရှိသည်ဟုလည်း သိရသည်။ မျိုးစောင့် ဥပဒေ ထောက်ခံ လက်မှတ်များကို လွှတ်တော်သို့ တစ်ကြိမ်လျှင် တစ်သန်းနှုန်းဖြင့် ပေးပို့ နေခြင်းဖြစ်ပြီး အောက်တိုဘာလတွင် ပေးပို့ခြင်းသည် လေးကြိမ်မြောက်ဖြစ်သည်။

မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်များကို ပြည်သူ့လွှတ်တော်သို့ တာဝန်ယူပေးပို့သူဆရာတော် ဦးစန္ဒာသီရိက “မျိုးစောင့် ဥပဒေ ထောက်ခံလက်မှတ်တွေ ပြည်သူ့လွှတ်တော်ကိုပေးပို့တာ သုံး သန်းကျော်ရှိသွားပြီ။ အောက်တိုဘာ ဒုတိယ အပတ်ထဲမှာ ကျန်တဲ့ ထောက်ခံလက်မှတ် တစ်သန်း ကိုထပ်မံ ပေးပို့သွားမှာပါ”ဟု မိန့်သည်။

မျိုးစောင့်ဥပဒေဟုခေါ်ဝေါ်နေသော ဥပဒေကြမ်းနှစ်ခုသည် “မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ အရေးပေါ်ဥပဒေကြမ်းနှင့် ကိုးကွယ်ရာဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင် ဥပဒေကြမ်း”တို့ ဖြစ်သည်။

ထိုဥပဒေကို ၂၀၁၃ခုနှစ် ဇွန် ၁၂ ရက်က မှော်ဘီ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ကျင်းပခဲ့သည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲတွင်ြ ဖန့်ဝေခဲ့ခြင်းဖြစ်သည်။

ထိုဥပဒေများကို ဘုန်းတော်ကြီးအချို့က ရေးဆွဲထားခြင်းဖြစ်ပြီး “မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေကြမ်း”တွင် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမည်ဖြစ်ပြီး၊ ဘာသာခြားဖြစ်ခဲ့သူက ဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိထားရန် လိုအပ်ကြောင်း ပါရှိသည်။ ထိုကိစ္စကို မလိုက်နာပါက ထောင်ဒဏ် ၁၀ နှစ် ကျခံရမည်ဟု လည်း ပြစ်ဒဏ်ကို တစ်ပါတည်း ထည့်သွင်း ရေးဆွဲထားသည်ကိုလည်း လေ့လာတွေ့ရှိရသည်။


.. www.MyanmarExpress.net
 

5 comments:

မျိုးစစ်လျင် မျိုးချစ်မည်။
အမျိုး၊ ဘာသာ၊ သာသနာ ကိုစောင့်ရှောက်မည်။
မျိုးမစစ်သူများကတော့ အခုထိ ယောင်ဝါးဝါးနဲ့
တိုင်းပြည်ကို ရောင်းစားဖို့ ကြံနေကြလေရဲ့။

ဘုန်းကြီအားလုံးမိန်းမယူခွင့် လွတ်တော်တွင်အဆို တင်ရမယ်

NLD ရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ပေးနေတဲ့ ကော်မတီ လူကြီး ရှေ့နေကြီး ဦးကိုနီကို သတိထားမိပါတယ်။ အမှုတွေလိုက်တဲ့နေရာမှာ သူ့ဟာသူတော်ချင်တော်လိမ့်မယ်။ ဒါပေမယ့် မြန်မာမိန်းမများ အထူးလက်ထပ်ခွင့် အက်ဥပဒေနဲ့ပတ်သက်လို့ သူပြောတာတွေ ပြန်ကြည့်ရင်တော့ တော်တော်စိတ်ပူစရာကောင်းတယ်။

မွတ်ဆလင်ဥပဒေအရ ယောက်ျားသေရင်မိန်းမက အမွေ ၄ ပုံ ၁ ပုံ (သားသမီးရှိရင်) သို့မဟုတ် ၈ ပုံ ၁ ပုံ (သားသမီး မထွန်းကားရင်) ရမယ်လို့ သတ်မှတ်ထားတယ်။ ဒါပေမယ့် မြန်မာအမျိုးသမီး တစ်ယောက်နဲ့ အိမ်ထောင်ကျတဲ့ မွတ်ဆလင် ယောက်ျား သေရင်တော့ မြန်မာ့ရိုးရာ ဥပဒေအတိုင်း မယားလုပ်သူက အမွေအားလုံးရမယ်ဆိုတာကို ဦးကိုနီက မတရားဘူးလို့ ဆိုထားတယ်။ သူပြောချင်တာက မွတ်ဆလင်သေရင် သူတို့ မွတ်ဆလင် ထုံးစံအတိုင်းပဲ မိန်းမကို အနည်းအကျင်း ခွဲပေးပြီး ကျန်အမွေအားလုံးကို ယောက်ျားရဲ့ မွတ်ဆလင် ဆွေမျိုးတွေက ပြန်သိမ်းသင့်တယ် ဆိုတာဖြစ်တယ်။ ဒါမှ သူတို့ မွတ်ဆလင်တွေ လူ့အခွင့်အရေး ပြည့်ဝမယ်ဆိုတဲ့သဘောပေါ့။

ဒါဟာပေါ့သေးသေးမဟုတ်ဘူးနော်။ အဲဒီလို လူ့အခွင့်အရေးအယူအဆကို ခံယူထားသူတွေက ဦးစီးပြီး အခြေခံဥဒေ ပြင်ဆင်ရေးကို လုပ်နေတယ်ဆိုတာ အနာဂတ်အတွက် အရမ်းသတိထားရမှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့အသက်သွေး အခြေခံဥပဒေထဲမှာ မွတ်ဆလင် ထုံးတမ်းစဉ်လာ ကာကွယ်ရေးတွေ ထည့်လာနိုင်တယ်။



.

NLDမှာ က မွတ် တွေ များတယ်လေ ပြင် ချင် မှာ ပေါ့ စု ကြည် ကိုယ် တိုင် က ကု လား ယူ ထား တာ ကြည့်။

1-PLEASE MOVE ON THIS PROPOSED NATIONAL
PROTECTION LAW.
2-WE LIKE TO SEE HOW OUR PYITHU LUTTAW
RESPONSE THIS PROPOSED LAW.
3-WE SHOULD COMPLETE THIS JOB SOONEST POSSIBLE.
4-THIS PROPOSED LAW WILL INDICATE WHO
LOVE OUR COUNTRY AND OUR PEOPLE AND
WHO ARE AGAINST OUR COUNTRY AND OUR
PEOPLE.
5-NOTICED SO MANY NEWS LAWS ARE PASSED BY PYITHU LUTTAW BUT WHY DELAY SO MUCH.
6-THIS PROPOSED LAW WILL PROTECT OUR
WOMEN AND GIRLS MEANS IT INCLUDED OUR
SISTERS,OUR DAUGHTERS,OUR GRAND DAUGHTERS AND OUR GRAND DAUGHTERS AND
OUR FUTURE GENERATION.
7-WE DO NOT MEANS TO HATE ANY BODY BUT
OUR DUTY AND RESPONSIBLE IS TO PROTECT
OUR WOMEN AND GIRLS.
8-WHY SO HESITATE AND TOO LATE TO MAKE
THIS PROTECTION LAWS.
9-WE STILL NEED MORE LAWS FOR OUR WOMEN,GIRLS AND CHILDREN.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်