From :
.. the voice
သီတဂူအထောက် အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇ ဘဏ်လီမိတက် တို့ ပူးပေါင်းလှူဒါန်းမှုဖြင့် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသည့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် တရားမဝင် မြန်မာလုပ်သား ၁၈၀ ကျော်ကို အောက်တိုဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ခေါ်လာကြောင်း အဆိုပါ လုပ်သားများက ပြောကြားသည်။
MAI စင်လုံးငှား လေယာဉ်ဖြင့် ရောက်ရှိလာသည့် အဆိုပါ မြန်မာ ၁၈၅ ဦး တွင် ဒုက္ခသည်စခန်း များတွင် ရောက်ရှိနေသည့် မြန်မာလုပ်သား ၈၀ ကျော် ပါဝင်ကြောင်း မလေးရှားအခြေစိုက် သီတဂူ အထောက်အကူပြု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ယခု ပြန်လာသည့် အလုပ်သမားများတွင် အော်ပရာစီခေါ် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးမှုကြောင့် ပြန်လာသူများ၊ မေလကုန်နှင့် ဇွန်လက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ပြည်တော်ပြန်ရန် လုပ်ဆောင်နေသူများ၊ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသူများ ပါဝင်ကြောင်း လုပ်သားများကို မေးမြန်းချက်များအရ သိရှိရသည်။
"Camp ထဲမှာနေတာ အရမ်း ဒုက္ခရောက်တယ်။ စရိတ်မရှိလို့ မပြန်နိုင်ဘူး။ အခု သီတဂူအဖွဲ့က လာခေါ်လို့ ပြန်လာခွင့်ရတာ" ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ ဒုက္ခသည်စခန်း တစ်ခုတွင် ရှစ်လကျော်ကြာ နေထိုင်ခဲ့ရသည့် မွန်ပြည်နယ်ဇာတိ အသက် ၃၀ကျော် အရွယ် ဦးအောင်နိုင်က ပြောကြားသည်။
ဒုက္ခသည်စခန်းမှ မြန်မာများကို ခေါ်ယူရာတွင် ဒုက္ခသည်စခန်းများကို ရောက်နေသည့် သက်တမ်းကြာနေသူ များနှင့် မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေသူ များကို ဦးစားပေး ခေါ်ယူကြောင်း ပြန်တော်ပြန်လာသူများကို မေးမြန်းချက် အရသိရှိရသည်။
"မြန်မာ ၈၀၀ လောက် ကျန်ခဲ့သေးတယ်" ဟု ကွာလာလမ်ပူမြို့တော်ရှိ ဒုက္ခသည်စခန်း တစ်ခုတွင် ရှစ်လ နေထိုင်ခဲ့ရသူ ကိုထွန်းပြည့်အောင်က ဆိုသည်။
ဒုက္ခသည်စခန်းများက လိုက်ပါလာသူ ၄၆ ဦး ဝန်းကျင်မှာ လမ်းစရိတ် မရှိသည့်အပြင် မိသားစုနှင့် အဆက်အသွယ် မရရှိသဖြင့် နေရပ်ပြန်ရန် အခက်အခဲ ဖြစ်နေသည်ဟုဆိုကာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်စောင့် နေကြသည်။
ယင်းသို့ ထိုင်စောင့်နေကြသည့် အချိန် သုံးနာရီအကြာပြီးနောက် ည ၇ နာရီခွဲတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် အလုပ်သမား ဝန်ကြီးဌာနတို့၏ အကူအညီဖြင့် ရန်ကုန် တွင် ခေတ္တတည်းခိုမည့် နေရာများသို့ ထွက်ခွာသွားပြီ ဖြစ်သည်။
ယင်း ၄၆ ဦးတွင် မွန်၊ ရခိုင်၊ ရှမ်း၊ ချင်းတို့မှ ဒေသခံများ ပါဝင်ကြောင်း ယင်းတို့ထံမှ သိရသည်။
မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၈ ရက်နေ့တွင်ရောက်ရှိလာသည့် အလုပ်သမား များတွင် အမျိုးသား၊ အမျိုးသမီး များအပြင် ကလေးငယ်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။
သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့ ပူးပေါင်းလှူဒါန်းမှုဖြင့် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အရှင် ဉာဏိဿရ ကိုယ်တိုင် ဦးဆောင်ကာ မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် တရားမဝင် မြန်မာလုပ်သား ၁၈၀ ကျော် ကို MAI စင်းလုံးငှား လေယာဉ်ဖြင့် စက်တင်ဘာလ ၁၃ ရက်နေ့ ကလည်း တစ်ကြိမ် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။
.
. www.MyanmarExpress.net

1 comments:
ငKBZ THANLWIN IS 786 BINGALI . OIC UNDERCONTORL BANK. KBZ AND IKBZ ARE NOT
AUNGKOWIN. THIS BANK ARE OIC SUB BRENCH.
SO MYANMAR ARE STOP TO KBZ AND CLEAR ON
MYANMAR MAP.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်