Subscribe to our RSS Feed

ဖွဲ့စည်းပုံပြင်ရေး လူထုဆန္ဒခံယူပွဲ အန်အယ်လ်ဒီ စတင်တော့မည်

From : .. nld

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူ့ဆန္ဒသဘောထား ရယူပွဲတွေကို  မြန်မာပြည်အနှံ့ ခရိုင်၊ မြို့ကြီးတွေနဲ့  မြို့နယ်တွေမှာ မကြာခင် စတင်ကျင်းပတော့မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

 

အောက်တိုဘာလလယ်ကစပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လူထု သဘောထားအမြင်တွေကို တတိုင်းပြည်လုံးမှာ အဖွဲ့ ၇ ဖွဲ့ခွဲ လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းအတွက် တာဝန်ယူလုပ်ဆောင်မယ့် အန်အယ်လ်ဒီပါတီက ဖွဲ့စည်းပုံပြင် ဆင်ရေးကော် မတီဝင်  ရှေ့နေကြီးဦးကိုနီက ပြောပါတယ်။

“လူထုကြားထဲအထိ ရှင်းပြမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာလဲ၊ တိုင်းပြည်အတွက် ဘယ်လောက်အရေးကြီးသလဲ၊ ဒီမိုကရက်တစ်ဖွဲ့စည်းပုံအခြေခံဥပဒေတခုရဲ့ စံနှုန်း ၂ ခုပေါ့။ လူထုဆန္ဒပါရမယ်၊ နိုင်ငံတော်အာဏာ ပြည်သူလူထုကို အပ်တာ ဖြစ်ရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီ ၂ ခုလုံးနဲ့ မညီဘူး။ စရေးကတည်းက လူထုဆန္ဒမပါဘူး၊ လူထုဆန္ဒကို အခြေမခံဘူး၊ နိုင်ငံတော်အာဏာကို ပြည်သူလူထုကို မအပ်ဘူး။ ဒီအကြောင်း ၂ ခုကြောင့် ကျနော်တို့ ဒါကို ပြန်ပြီးတော့ ပြင်ချင်တယ်။ ပြင်ဆင်ဖို့ကိစ္စမှာ အင်မတန်ခက်ခဲတဲ့ ကိစ္စတွေနဲ့ ရင်ဆိုင်ရမယ်။ ဒါ့အပြင် ပြင်ရမယ့်အချက်အလက်တွေကလည်း အလွန်များတယ်။ အဲဒါကြောင့် ပြင်တဲ့နည်းနဲ့အသစ်ရေးတဲ့နည်း ဘယ်နည်းကို လူထုက ကြိုက်သလဲ ရွေးကြပါလို့ ကျနော်တို့က ပြောမယ်။”

ခရိုင်၊ မြို့ကြီးတွေနဲ့ မြို့နယ်တွေမှာ ပြည်သူကို ဘယ်ပုံ၊ ဘယ်နည်း ချပြကြမလဲဆိုတဲ့ အသေးစိတ်တွေကိုတော့ ဆွေးနွေးကြတုန်းဖြစ်တဲ့အကြောင်းနဲ့ ဒီဆန္ဒခံယူပွဲတွေကို  လာမယ့် နိုဝင်ဘာလ နောက်ဆုံးထားပြီး ပြီးစီးအောင်ဆောင်ရွက်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပြည်သူဆန္ဒသဘောထား ရယူမယ့်အလုပ်ဟာ ဒီလောက်အချိန်တိုအတွင်း ဖြစ်နိုင်ပါမလားဆိုတော့ ဦးကိုနီက “ဒီလောက်အချိန်တိုအတွင်းပြည်သူ့သဘောထား ထိထိမိမိရယူဖို့တော့ မလွယ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် မှာတာက ဆန္ဒခံယူပွဲလည်းမဟုတ်ဘူး၊ လူထုကြားထဲကို ဆင်းမယ်၊ ပြောပြမယ်၊ လူထုဘက်က တုံ့ပြန်မယ့်အသံကို နားစွင့်မယ်။ ဒီအပေါ်မှာ အခြေခံပြီး တင်ပြမယ်။ သူက ဒီလောက်ပဲ ပြောတာပါ။ အသေးစိတ်ကျကျ လူထုဆန္ဒကို တိတိကျကျကောက်မယ်ဆိုတဲ့ သဘောမျိုးမဟုတ်ပါဘူး” လို့ ပြောပါတယ်။

အဖွဲ့ချုပ်က ကောက်ခံရယူတဲ့  ပြည်သူ့ဆန္ဒတွေကို လွှတ်တော် ၂ ရပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီထံ ဆက်လက် ပေးပို့သွားမှာဖြစ်ပြီး၊ ကော်မတီက ဒီဇင်ဘာလအကုန် လွှတ်တော်ထံ အစီရင်ခံတင်ရမှာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းအတွက် ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲကို  ၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်းဘေးခံနေရချိန်မှာ ကျင်းပခဲ့တာဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်းရဲ့ ၉၂ ရာခိုင်နှုန်းကျော်ရဲ့ ကောက်ခံမှုရရှိခဲ့တယ်လို့ အတည်ပြုခဲ့တယ်လို့ အရင် နအဖစစ် အစိုးရက ကြေညာထား တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒီဖွဲ့စည်းပုံမှာ ဒီမိုကရေစီနည်းမကျတာတွေ ပါဝင်နေတယ်ဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က  ဖွဲ့စည်းပုံကို ပြင်မလား၊ အသစ်ဆွဲမလားဆို တာကို ပြည်သူ့ဆန္ဒခံယူမယ် လို့  ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

.. www.MyanmarExpress.net
 

11 comments:

NLD reasonings are all idiotic reasonings. Only ignorant numskulls may think their arguments are sound. 2008 Constitution was drawn by the best brains that were available in Myanmar, studied and deliberated by many political parties at the National Convention (NLD foolishly walked out of the National Convention at the whim of Aung San Su Kyi), and approved by the people with secret ballots in the National Referendum.
NLD arguments against the 2008 Constitution are all wrong.

အ စိုး ရ နဲ့ ပြည်သူ ကို ရန် တိုက်ပေး ပြီးရင် မင်းအောင်နိုင် ပြန်လာ လိမ့်မယ်

မြေလတ်ဒေသ ကိုကြွခဲ့ကြပါ....စောင့်နေပါ့မယ်

ဒါကမြန်မာနိုင်ငံပဲမြန်မာ့ဒီမိုကရေစီပဲရမှာပေါ့
ဒီမိုကရေစီမဆန်ဘူးဆိုတာဘယ်နိုင်ငံနဲ့ယှဉ်ပြီး
ပြောတာလဲ
အသစ်ဆွဲဖို့စိတ်ကူးမယာဉ်ပါနဲ့ပြင်မယ်ဆိုရင်
တောင်တပ်မတော်ကသဘောတူတာပဲရမယ်

ပြည်သူ့သဘောထားကိုပြောပြမယ်"ပြင်လည်းမပြင်ဘူး အသစ်ရေးဆွဲစရာအကြောင်းလည်း
မရှိဘူး ဒေါ်စုကိုသမ္မတအဖြစ်နဲ့မပြောနဲ့ဇာတ်
ထဲကအမတ်အဖြစ်နဲ့တောင်မမြင်ချင်တော့ဘူး
၇၈၆ဟာဂျီမဒေါ်စုကိုဘင်္ဂလားကိုပြည်နှင်ဒဏ်သာပေးလိုက်ကြပါတော့"

ကူလား​တွေပါဝင်​လာ​အောင်​ဆွဲမှာလား

င ပေါ NLD စေါက် ရူး NLD

အ ခု လည်း ပြည် သူ တွေ ဆန္ဒ ကို လိုက် ဖြည့် ပေး နေ တာ ဘဲ မင်း တို့ ဆန္ဒပြ တောင်း နေ ကြ တာ ဘဲ အ ဓိ က ကို ပြော ကြ စမ်း ပါ
တပ် မ တော် တ ခု တည်း ဖြစ် ရမယ် ပြ ဒါန် ထား တဲ့ အ ခြေ ခံ ဥပ ဒေ တ ခု တည်း ဖြစ် ရ မယ်
ပြည်နယ် အ မတ် ပြည် အုပ် ခူပ် ရေး မူး မှ လွှတ် တော် လွှတ် တော် မှ သမ္မ တ တ ဆင့် စီ သွား ရမယ် ဘာ အ လုပ် ဘဲ ဖြစ် ဖြစ် ပေါ့ သူပုန် တွေ ကို တပ် မ နော် ထဲ ဝင် မ လား လက် နက် အပ် မ လား န်ုင် ငရေး လုပ် မ လား ပြည် နယ် က လက် ခံ ရင် အ မတ် လုပ် ပေါ့
စီး ပွါး ရေး နိုင် ငံ ရေး ပြည် နယ် တိုး တတါ ရေး တ ဆင့် ပြိး န ဆင့် နင် ပြ ရမယ် လုပ် သင့် နာ လုပ် ပေး လိမ့် မယ် ပေါ့
အ ဓိ က ကို မ လုပ် ဘဲ ဘာ တွေ လုပ် နေ တာ လဲ မဲ မ ရ မှာ ကြောက် နေ တာ လား
နေ ရာ မ ရ မှာ ကြောက် နေ တာ လာီးတိုင်း ဆက် လုပ် နေ ရင် ဘာ မှ မ ရ ဘဲ ချီး ပုံ ထဲ ရောက် သွား မယ်
တုင်း ပြည် ပျက် သွား မယ် ဘယ် မှ မ သွား ဘဲ နဲ့ ရမ်း အေါ် မ နေ နဲ့ ဝ က ချင် ပြည် နယ် သွား ကြည့် ကြ အုးံ မြန် မာ န်ုင် ငံ နယ် မြေ မှ ဟုတ် ရဲ့ လား လေ့ လာ အုးံ
စောက် သ လွှဲ မ လုပ် နဲ့ ဒါ ဘဲ


pku THEER THREE

ကြိုက်သလိုပြင်ကြ
ဒါပေမယ့် မိသားစုအရင်းအခြာထဲမှာ
နိုင်ငံခြားသားတွေပါနေရင်
လွှတ်တော်ထဲဝင်မရအောင် ထည့်ဆွဲပေးပါ။

ထီ လာ ကို လာ ခဲ့ စောင့် နေ မယ် မင်း ကို နိုင် သူ တောင်း စား ပါ ခေါ်လာ ခဲ့

ရောင်ချူး များအဖွဲ့ nld

စစ်တပ်က ပေးတဲ့ နေရာမှာ

ဝင်ထိုင် နေပြီး ရောင်ဝါး

အလုပ်တွေ မလုပ်နဲ့နော်

ကိုယ့်တွင်းကို တူးသလိုလည်း

ဖြစ်နေ အုံးမယ်

ကို နီ ကဲ့ သို့  သော သိုး ရေ ခြံ.ု မူစ လင် ကု လား များ လွှတ် တော် တက် ခွင့် မ ပြ.ု လို.့  ဖြည့် စွက် ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်