From :
..DVB
..
www.MyanmarExpress.net
ဗိုလ်ချုပ်အောင်ဆန်းပုံ
အသုံးပြုပြီး ဆန္ဒပြရင် အရေးယူမယ့်ပုဒ်မပါဝင်တဲ့ ဥပဒေကြမ်းကို အောက်တိုဘာ ၂
ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
၁၉၅၄
ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို
ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ အမျိုးသားခေါင်းဆောင်
ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံကို ဆန္ဒပြရာမှာ အသုံးပြုရင် အရေးယူမယ့်
ပုဒ်မအပါအဝင် ပုဒ်မ ၁၀ ခုပါ ဥပဒေကြမ်းကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ရွှေပြည်သာမြို့နယ်
ပြည်သူ့လွှတ်တော်အမတ် ဦးတင်မောင်ဦးက ၁၉၅၄ ခုနှစ် နိုင်ငံတော်
အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို
ပြင်ဆင်တဲ့ဥပဒေကြမ်းကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီဥပဒေကြမ်းမှာ
ဗိုလ်ချုပ်အောင်ဆန်းပုံကို ဆန္ဒပြတဲ့နေရာတွေမှာ သုံးစွဲရင် တရားဝင်
အသင်းအဖွဲ့မဟုတ်တဲ့ အခြားသူ ဖြစ်ရင် ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ကျပ်ငွေ ၅
သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ် ၂ ရပ်လုံးဖြစ်စေ
ချမှတ်ခြင်းခံရမှာဖြစ်ပြီး တရားဝင် အသင်းအဖွဲ့ ဖြစ်ရင်တော့ ငွေကျပ် ၁
သိန်းထက် မပိုသောငွေဒဏ် ချမှတ်ခြင်း ခံရမယ်လို့ ပါရှိပါတယ်။
3 comments:
ဗိုလ်ချုပ်သန်းရွှေပုံကိုသုံးရင်ကော?
ဟာာာာာာား
ကောင်းလိုက်လေ ဖြစ်သင့်တာကြာပေါ့
တပ်မတော်မှာတောင် အခုပြောင်းသွားပြီ သွားကြည့်ကြ
ခန်းမတွေ ဧည့်ရိပ်သာတွေ အထွတ်မြတ်ထားရာနေရာတွေမှာ
အရင်ကလို တပ်ချုပ်ကြီးပုံတစ်ပုံထဲ မရှိတော့ပါ
အပေါ်ဆုံးမှာ ဦးနေ၀င်း၊ဗိုလ်ချုပ်အောင်ဆန်း၊ဦးသန်းရွှေ
အဲဒီသုံးပုံက အစဉ်လိုက် ဘယ်မှညာ အောက်အတန်းမှာမှ အလည်တည့်တည့်မှာ လက်ရှိတပ်ချုပ်ဦးမင်းအောင်လှိုင် ပုံ T Shape ချိတ်ဆွဲထားကြောင်းပါ
တို့အမေစုက အဖေကိုပဲချစ်တာ။ အမေကို လုံးဝမချစ်ဘူးထင်တယ်။ ဘာလို့လဲဆိုတော့ သူက သူသွားလေရာနဲ့ တရာဟောလေရာမှာ သူ့အဖေပုံပဲ ပတ်ချိတ်နေတာတွေ့တာပဲ သြော် စစ်တပ်စစ်တပ် သားသမီးတွေက အဖေရာထူးကိုမီပြီး လုပ်စားခဲ့တာ ဒီနေ့ခေတ် ကောင်လေးတွေ ပြိုင်ကားမောင်းနေကြတာ အချို့က ဗိုလ်ချုပ်တွေရဲ့သားတွေပါတယ်ဆိုတော့လေ တို့အမေစုလည်း ဒီလိုပါပဲလားလို့ကွယ်ရို့
very good..............
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်