Subscribe to our RSS Feed

နိုင်ငံခြားသားခံယူခြင်းနှင့် မျိုးချစ်စိတ်ပြဿနာ

From : .. the voice


ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က နော်ဝေနိုင်ငံသား ခံယူခြင်း အခမ်းအနားတစ်ခု အော်စလို မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီမြို့တော်ခန်းမဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကမ္ဘာတစ်လွှားက ထင်ရှားတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တွေကို ဆုချီးမြှင့်တဲ့ နေရာပေါ့။ ဒါပေမဲ့ ဒီတစ်ခါ ကိုယ်တက်ရမှာက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုဘယ်လ် ဆုရှင်တွေကို ကြိုဆိုတဲ့ အခမ်းအနားမဟုတ်။ မြန်မာနိုင်ငံသား ဘဝကနေ နော်ဝေနိုင်ငံသားအဖြစ် ခံယူရမယ့် အခမ်းအနားဆိုတော့ စိတ်ထဲမှာ သိပ်ဘဝင်မကျလှပါ။

“ယူချင်လွန်းလို့ ယူလိုက်တာမှ မဟုတ်ဘဲဗျာ။ အခြေအနေအရ ရွေးစရာမရှိလို့ လက်ခံလိုက်ရတာ ဆိုတော့ ကျွန်တော်တော့ အခမ်းအနား မတက်ခဲ့ဘူး” လို့ ကျွန်တော့်လို နိုင်ငံသား ခံယူထားပြီး မနှစ်ကတည်းက နိုင်ငံသား ဖြစ်သွားတဲ့ သူငယ်ချင်းတစ်ဦးက ပြောပါတယ်။ ဒီအခမ်းအနားဟာ မဖြစ်မနေ တက်ရမယ့် ပွဲမဟုတ်တဲ့အတွက် အခမ်းအနား မတက်လည်း ကိုယ့်ရဲ့နိုင်ငံသား ခံယူထားမှုက ဘာမှထိခိုက်စရာ မရှိဘူးလို့ သူကရှင်းပြပါတယ်။

ကျွန်တော်ကတော့ ဒါတွေကို သိပ်မသိ။ နော်ဝေနိုင်သား ခံယူနိုင်ဖို့ နော်ဝေစာနဲ့ စကားကို သတ်မှတ်နာရီ ပြည့်အောင် သင်ထားတယ် ဆိုပေမယ့် ကောင်းကောင်း ဖတ်တတ်၊ ပြောတတ်တာ မဟုတ်သေးပါ။ “အခမ်းအနားတက်ရင် ကိုယ်ကပါ အလိုတူအလိုပါ တရားဝင် အသိအမှတ်ပြုသလို ဖြစ်သွားမလားဆိုပြီး စိတ်ထဲမှာ စွဲနေလို့ မတက်တာဗျို့” လို့ သူကဆိုပါတယ်။ တက်သင့်မသင့် ဇဝေဇဝါ ဖြစ်နေတဲ့ ကျွန်တော်ဟာ သူရဲ့အိုင်ဒီယာကို ကြားရပြီးတဲ့နောက် အဲဒီအခမ်းအနားဆီ မတက်ဖြစ်လိုက်တော့ပါဘူး။

တစ်ဆက်တည်းမှာပဲ ‘အခြေအနေအရ ရွေးစရာမရှိလို့ လက်ခံလိုက်ရတာ’ ဆိုတဲ့ စကားလုံးကို အသေအချာ ပြန်စဉ်းစားနေမိပါတယ်။ ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်၊ အခုလို စက်တင်ဘာလအတွင်း စစ်တပ်အာဏာ သိမ်းချိန်မှာ အဲဒီစစ်တပ်ကို လက်နက်ကိုင် တော်လှန်မှ ရမယ်ဆိုပြီး တောခိုခဲ့ကြတဲ့ ကျွန်တော်တို့ ကျောင်းသားတွေမှာ နော်ဝေနိုင်ငံဆီ သွားပြီး နော်ဝေနိုင်ငံသား အဖြစ် ခံယူဖို့ အစီအစဉ် ဘယ်ရှိပါ့မလဲ။ မူလအစီအစဉ်က စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ဖို့ သက်သက်မျှသာ ဖြစ်ပါတယ်။

ဒါပေမဲ့ တော်လှန်ရေးတစ်ရပ် အောင်ဖို့ဆိုတာ အသက်စွန့်တိုက်နေရုံနဲ့ ဘယ်လုံလောက်ပါ့မလဲ။ တခြား အချက်အလက်တွေ အများကြီး လိုဦးမှာပေါ့။ ဒီလိုနဲ့ လူကြီးသူမတွေ ပြောနေကျ စကားအတိုင်း ‘ကာလရွေ့လျားလာတာ နဲ့အမျှ’ ကျွန်တော်တို့ တောခိုကျောင်းသား ABSDF အဖွဲ့ဝင် တွေဟာလည်း တိုက်ပွဲမှာ ကျသူကျ၊ ငှက်ဖျားနဲ့ ဆုံးသူဆုံး၊ အိမ်ပြန်သူပြန်၊ နိုင်ငံခြား ထွက်သူထွက်၊ ဆက်တိုက်သူတိုက် စသဖြင့် လမ်းအသွယ်သွယ်နဲ့ ခရီးဆက်ရင်း အခုတော့ ကျွန်တော်အပါအဝင် တောခိုကျောင်းသားဟောင်း တချို့ဟာ နိုင်ငံခြားသား ခံယူရတဲ့ အခြေအနေအထိ ဆိုက်လာခဲ့တယ် ဆိုပါတော့။

၂၀၀၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်း နော်ဝေနိုင်ငံဆီ ရောက်လာတဲ့ မြန်မာနိုင်ငံသားဦးရေ ၃၀၀၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပြီး အများစုဟာ တောခိုကျောင်းသား ဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ စစ်ပြေး ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။ နော်ဝေ ဥပဒေအရ သူ့နိုင်ငံဧရိယာ ထဲမှာ ခုနစ်နှစ်ကြာ ဆက်တိုက်နေထိုင်ပြီးသူတိုင်း နော်ဝေ ဘာသာစကားကို သတ်မှတ်ထားတဲ့ နာရီပြည့်အောင် သင်ထားပြီးသူတိုင်း နိုင်ငံသားအဖြစ် လျှောက်ခွင့်ရှိ တဲ့အတွက် ခုနစ်နှစ် ပြည့်ပြီး သူတိုင်းနီးပါး နိုင်ငံသားအဖြစ် လျှောက်ထားကြတာကို တွေ့ရပါတယ်။

ဒါက နော်ဝေက အခြေအနေပါ။ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန် အပါအဝင် တခြားဥရောပ နိုင်ငံတွေမှာလည်း ၁၉၈၈ နောက်ပိုင်း ထွက်လာသူတွေ ထောင်နဲ့ချီ ရှိနေပါတယ်။ တစ်ခါ မြန်မာတွေ အများဆုံး ရောက်နေတဲ့ အမေရိက၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန် တို့မှာဆိုရင် နိုင်ငံသားခံယူမှုက ဥရောပထက်တောင် ပိုလွယ်၊ ပိုမြန်တယ်လို့ ဆိုပါတယ်။ ၁၉၈၈ နောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းတွေ၊ တခြား နယ်စပ်စခန်း တွေကနေ ထွက်လာတဲ့ မြန်မာနိုင်ငံသားဦးရေ သုံးသောင်း ဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းရပေမယ့် အသေအချာစာရင်း ပြုစုထားတာမျိုးတော့ မတွေ့ရသေးပါ။

.. www.MyanmarExpress.net
 

16 comments:

ကိုယ့်တပ်မတော်ကိုပြန်တိုက်ဖို့စဉ်းစားတာကိုက
အယူအဆအမှားပဲ
ကိုယ့်တပ်မတော်နဲ့တည့်အောင်နေပြီးအတူတူတွဲ
ပြီးနိုင်ငံအတွက်အလုပ်လုပ်သင့်တယ်
ဒါမှအားလုံးကောင်းဖို့ဖြစ်မယ်

After 88, The UNHCR Offices in neighbour countries of Myanmar recognized many Burmese as Person of Concern, the Burmese refugees. The majority Burmese refugees or Burmese students were recognized by UNHCR Office in Bangkok, Thailand since 1989, that I remember. Since 1990, the resettlement process was started for those Burmese refugees to settle in third countries, arranged by UNHCR Office in Bangkok. At that time, about 4 millions Burmese workers are being in Thailand since many decades ago. Among the Burmese refugees recognized by UNHCR, 60% is workers from about 4 millions residing in Thailand previously, 20% is not from Myanmar who can not speak Burmese, 10% is rebels and border-villagers, the rest 10% is students, politicians who fled from Myanmar after 88. There were other kinds of Burmese refugees who are residing in refugee-camps being along Thai-Myanmar border line. Those refugees get resettlement in third countries also. Thus, the Burmese refugees can be seen in two categories, one is made by UNHCR of UN and another is dwellers from border-camps. They all arrive in third countries, Nearly all of UNHCR recognized Burmese refugees had already arrived in third countries. Most of camp-dweller refugees are waiting for their turn to get resettlement in third countries. Till today, there are about 200 000 so-called Burmese refugees are residing in third countries. After arriving in third countries, 95% of Burmese refugees are trying to be citizen of their living countries. In Myanmar, the democratic process was started since April 2011. The new democratic government passed half of its term, two and half years long. How many exiled Burmese arrived back to mother land, Myanmar? Till today, it can be calculated that there is only no more than 0.1% of exiled Burmese came back to Myanmar. The rest, 99.9% of Burmese refugees will settle down in third countries. It is much sure, no need to ask astrologers. All of those people forgot their saying to do for the country and are deceivers, self-seekers, idiots.

Fools. They use heroic words. In reality they are fools.

သူခိုးကလူပြန်ဟစ်တဲ့ ပြည်ပနိုင်ငံများ၇ှိ ပြည်ဖျက်ဒီမိုလုပ်စား လူလိမ်များ


နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် နော်ဝေးနိုင်ငံ အော်စလိုမြို့ကိုေ၇ာက်၇ှိစဉ် ၂၀၁၃ ဖေဖေါ်ဝါ၇ီ (၂၇)၇က်က အော်စလိုမြို့လယ် နေရှင်နယ်သီယေတာေ၇ှ့မှာ အဆိုတော် မွန်းအောင် အပါအဝင် ဒုက္ခသည်အမည်ခံ နော်ဝေးနိုင်ငံေ၇ာက် မြန်မာ ၃၀-၄၀ လောက်က သမ္မတကြီးအား ရွှေပန်းဖြင့်ကြိုဆိုပါသည် ဆိုတဲ့ဆိုင်းဘုတ်ထောင်ပီး နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကို ရိုင်းစိုင်းစွာဆန္ဒပြခဲ့ပါတယ် လူစည်ကား၇ာ အော်စလိုမြို့လယ်ခေါင်မှာ မြန်မာနိုင်ငံကိုသိက္ခာချခဲ့ပါတယ်

၂၀၁၃ မတ်လ (၂)၇က်ကလဲ NLD အလံတွေ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေကို ကိုင်ဆောင်ပီး နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကို ဆန္ဒပြတဲ့ အဲ့ဒီ ဖင်လန်နိုင်ငံေ၇ာက် တိုင်းချစ်ပြည်ချစ်များ ဆိုတဲ့ မြန်မာဒုက္ခသည်ဆိုသူတွေဟာ နိုင်ငံရေးအကြောင်းပြပီးလုပ်စားသွားတဲ့ ဒုက္ခသည်အယောင်ဆောင် လူလိမ်တွေပါ တခိျု့က မြန်မာနိုင်ငံသားတွေမဟုတ်တော့ပါဘူး ဒုက္ခသည်အယောင်ဆောင် ဒုက္ခသည်အဖြစ်ခံယူပီး ဖင်လန်နိုင်ငံသားခံယူထားသူတွေပါ

အဲ့ဒီ မြန်မာဒုက္ခသည်ဆိုသူတွေဟာ မျိုးချစ်စိတ်တကယ်၇ှိတာ မြန်မာနိုင်ငံကောင်းစားေ၇းကိုတကယ်လိုလားတာ မဟုတ်ပဲ နိုင်ငံပေါင်းစုံက အလှူ၇ှင်အဖွဲ့အစည်းတွေဆီကနေ ဒီမိုကေ၇စီေ၇းဘန်းပြပီးတောင်းစားလို့ကောင်းအောင် လူမြင်ကွင်းမှာလမ်းပေါ်ထွက် ဆိုင်းဘုတ်ထောင်ပြပီး ဆန္ဒပြနေတဲ့ လူလိမ်တွေပါ မြန်မာပြည်တိုးတက်သွား၇င် သူတို့တစ်သက်လုံး လုပ်စားတောင်းစားလာသလို လွယ်လွယ်နဲ့လုပ်စားတောင်းစားလို့မရတော့မှာကို စိုး၇ိမ်နေတဲ့အကောင်တွေပါ ဒီမိုလုပ်စားတွေပါ

အဲ့ဒီ ဖင်လန် နော်ဝေး အစ၇ှိတဲ့ အနောက်နိုင်ငံတွေကမြန်မာဒုက္ခသည်တခိျု့က ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည်စခန်းဝင်ပီး ဒုက္ခသည်လျှောက်ပီး ဖင်လန် နော်ဝေး အစ၇ှိတဲ့ အနောက်နိုင်ငံတွေကိုေ၇ာက်လာတဲ့ကောင်တွေပါ တခိျု့က ABSDFကနေ ဒုက္ခသည်လျှောက်ပီး ဖင်လန် နော်ဝေး အစ၇ှိတဲ့ အနောက်နိုင်ငံတွေကိုေ၇ာက်လာတာပါ

ဖင်လန် နော်ဝေးနိုင်ငံက ဒုက္ခသည်အမည်ခံဒီမိုလုပ်စားတွေထက် အဆပေါင်းများစွာ ပိုဆိုးတဲ့ ပြည်ဖျက်ကောင်တွေက ထိုင်းနိုင်ငံ မဲဆောက်မြို့က အဖွဲ့ပေါင်းစုံကဒီမိုလုပ်စားတွေဘဲ့ အဲ့ဒီ ဒီမိုသူတောင်းစားတွေက မြန်မာပြည်မကောင်းကြောင်း မြန်မာအစိုး၇မကောင်းကြောင်း ပြောပီး နိုင်ငံပေါင်းစုံက အလှူ၇ှင်အဖွဲ့အစည်းပေါင်းစုံဆီကနေ တောင်းစား၇င်းချမ်းသာနေကြတာ ဒီမိုကေ၇စီေ၇းကိုဘန်းပြပီး တိုင်းပြည်ကိုေ၇ာင်းစားနေတဲ့ ပြည်ဖျက်ဒီမိုလုပ်စားတွေပေါ့

မြောက်ပိုင်းABSDF ကချင် ပါဂျောင်မှာ ကျောင်းသား(၁ဝဝ)ကျော်ကို တိ၇ာဆန်အ၇ိုင်းတွေလိုနှိပ်စက် ကျောင်းသား(၄ဝ)ကိုသတ်ဖြတ်ပီး လူ့အခွင့်အေ၇းကို ကမ်းကုန်အောင်ချိုးဖေါက်ခဲ့တဲ့ ABSDFလူသတ်သမား ဒေါက်တာနိုင်အောင် ဆို၇င် မြန်မာအစိုး၇က လူ့အခွင့်အေ၇းချိုးဖေါက်နေပါတယ်လို့ပြောပီး လုပ်စားတောင်းစားလာတာဘဲ့ သူခိုးကလူပြန်ဟစ်လာတာဘဲ့

ဒီမိုလုပ်စား လူသတ်သမား ဒေါက်တာနိုင်အောင် ၇ဲ့မိန်းမ ခင်ဥမ္မာ ကလဲ ဒီမိုလုပ်စားဘဲ့ တောင်ကြီးNLDညီလာခံမှာ စာပေခွင့်ပြုချက်မ၇ှိတဲ့ ဆင်ဆာမဲ့စာအုပ်တွေေ၇ာင်းသွားတဲ့ဖြစ်စဉ်၇ဲ့ နောက်ကွယ်ကတ၇ားခံက အဲ့ဒီ ခင်ဥမ္မာ ဆိုတဲ့ ပြည်ဖျက် NDDအဖွဲ့ကကောင်မပေါ့ တောင်ကြီးမြို့ပါ ၂၁၀၂ နိုဝင်ဘာ (၁၆)၇က်က NDD ခင်ဥမ္မာ လာခဲ့တာဖြစ်ပါတယ်

ABSDFလူသတ်သမား နိုင်အောင် နဲ့ NDDအဖွဲ့က ပြည်ဖျက်မ ခင်ဥမ္မာ လင်မယားက တောင်းစားထားတဲ့ထောက်ပံ့ငွေတွေနဲ့ မဲဆောက်နဲ့ဘန်ကောက်မှာ အိမ်တွေကားတွေဝယ်ပီးချမ်းသာနေတာ ဒါမျိုးကို (၈၈)မင်းကိုနိုင် (၈၈)ကိုကိုကြီး တို့ကအားကျနေတာ

ABSDFလူသတ်သမားနိုင်အောင် ခင်ဥမ္မာ လင်မယားနဲ့ တခြားထိုင်းနယ်စပ်ကဒီမိုလုပ်စားအဖွဲ့ပေါင်းစုံ၇ဲ့ တိုင်းပြည်ကိုေ၇ာင်းစားနေတဲ့ဒီမိုလုပ်စားလမ်းစဉ်အတိုင်း (၈၈)မင်းကိုနိုင် (၈၈)ကိုကိုကြီး တို့လဲလိုက်နေကြလို့ ပြည်သူတွေကစိတ်ပျက်နေကြပါပီ

ဦးသိန်းစိန်ကို ဆန္ဒပြတဲ့ ဖင်လန်မှ မျိုးချစ်များ

ဦးဆောင်တဲ့ သူတွေက တော်တော်မျိုးချစ်ပြီး လေးစားစရာကောင်းတဲ့ သူတွေ ဖြစ်တာကို အောက်မှာဖတ်ကြည့်၇င်သိနိုင်ပါတယ်..

1..မင်းလွင် ထောင်ထွက် ဖင်လန်မှာ ဘာစောက်လုပ်မှ မလုပ်ဘဲ ထိုင်းမ နှစ်ယောက် ကို တပြိုင်တည်း ယူထားတဲ့ ကောင် နှာဘူး...

2..ကျော်ဌေး.. မယားကြောက် လေပေါ သွားခေါ စောက်ရှူး..

3...ငြိမ်းချမ်း.. ရုရှား က မကောင်းတဲ့ မိန်းမကို ယူထားတဲ့ ကောင် စကားလုံးကြီး လေပေါ ...

4..သန့် ဇင်ထွန်း...နားလေး ကရင်နီ camp က ပိုင်ရှင်မပေါ်ဘဲ ဗိုက်ရှိလာတဲ့ ကောင်မ အချောင်နိုက်ရင်း ပိုက်ဘော မိထားတဲ့ ကောင် ..နိုင်ငံ ချစ်ပြီး အတော်လေးစားစရာ ကောင်းတဲ့ သူတွေ ဆိုတော့ ရီဖို့ ကောင်းလိုက်တာ...

.နောက်လိုက်တွေက မြန်မာ လို့ ကောင်းကောင်း မပြောတတ်တဲ့ တိုင်းရင်းသားတွေ ပေါ့ 

အပေါ်က comment (ဖင်လန်မှ မျိုးချစ်များ) က အမှန်ဆုံးပါ...ထောက်ခံပါသည်... အမှန်တိုင်း ဖွင့်ချပြီး ဆက်လက်ရေးသားပါ..
စကော.လောက်မှ ဇောက်မနက်သူများ... ဖင်လန်နိုင်ငံတွင် ပွဲတိုင်းလိုလို ဆန္ဒပြနေသော သူများသည်... အုပ်စုဖွဲ့ အရက်သောက်ပြီး အရက်ဝိုင်း]တွင်ပြောနေသော ဒီမိုအရက်ဝိုင်းအဆင့်သာ ရှိသည် နောက်ဆောင်းပါး သို့မဟုတ် သတင်းရေးလျှင် ဖင်လန်မှာနေတဲ့ မြန်မာနိုင်ငံသား အားလုံးဟု လုံးဝ လုံးဝ ထည့်မရေးပါနှင့်လို့ မေတ္တာရပ်ခံပါသည်.... အဘယ်ကြောင့်ဆိုသော် လူတိုင်းလူတိုင်းရဲ့ ခံယူမှု့နှင့် စိတ်ဓာတ် အဆင့်တန်းက မတူကြလို့ပါ... ကျေးဇူးတင်ပါသည်...

လူပြောလူယုံ ခွေးပြောခွေးရုံ။ အချောင်သမားတွေ။ ဒီUNHCR ဆိုတဲ့ အဖွဲ့ကြီးရှိတဲ့နိုင်ငံမှန်သမျှ အဲဒီနိုင်ငံတွေမှာရှိနေတဲ့ မြန်မာတွေ အချောင်သမားစိတ်တွေ မွေးနေကြဦးမှာဘဲ။ UNHCR ကအချောင်သမားတွေကို ကာကွယ်ပေးထားတာဆိုတော့။

မြန်မာနိုင်ငံမှာ 2တန်း တောင်မအောင်လဲ အမေရိကန်နိုင်ငံသားဖြစ် နေတာအများကြီးပါ။

မြန်မာ ပြည် ကို တ နေ့ ကျ ရင်ဒီဒုက္ခသည်စခန်းက လာတဲ့ ခွေးတွေကိုအသုံး ချ ပြီးလက် ဝေ ခံ ဖြစ် အောင်လုပ် ဆောင် လာမှာ အသေအချာ ပါ

မြန်မာ ပြည် ကို တ နေ့ ကျ ရင်ဒီဒုက္ခသည်စခန်းက လာတဲ့ ခွေးတွေကိုအသုံး ချ ပြီးလက် ဝေ ခံ ဖြစ် အောင်လုပ် ဆောင် လာမှာ အသေအချာ ပါ

မြန်မာပြည်ကိုတ နေ့ ကျ ရင် ဒီThai, Malay, Indiaက တဆင့်ဒုက္ခသည်အ နေ နဲ့ အ နောက်နိုင်ငံ များ မှာလာ ပြီးနိုင်ငံသားခံ ထားတဲ့ ခွေးတွေကိုအသုံး ချ ပြီးလက် ဝေ ခံ ဖြစ် အောင်လုပ် ဆောင် လာမှာ အသေအချာ ပါ

ဒီ Thai, Malay, India က နေ US, Norway, Finland, Australia ကို ဒုက္ခသည် အ နေ နဲ့ လာ ပြီး နိုင် ငံ သား ခံ ထား တဲ့ ခွေး တွေ ကို အသုံး ချ ပြီး တ နေ့ ကျ ရင် မြန် မာ ပြည် ကို လက် ဝေ ခံ ဖြစ် အောင် လုပ် ဆောင် လာမှာ အ သေ အ ချာ ပါ

ဒီ ဒုက္ခသည် စ ခန်း က လာ တဲ့ ခွေး တွေ ကို အသုံး ချ ပြီး တ နေ့ ကျ ရင် မြန် မာ ပြည် ကို လက် ဝေ ခံ ဖြစ် အောင် လုပ် ဆောင် လာမှာ အ သေ အ ချာ ပါ

နိုင်ငံရေးဒုက္ခသည်ဟူပြီး သတ်မှတ်ရန်အကြောင်းမရှိပါ။ မိမိတိုင်းပြည်မှာ စားစရာဝတ်စရာမရှိလို့ အကြောင်းပြတာပါ၊ စီးပွါးရေးဒုက္ခသည်တွေပါ။ အဖြူရောင်သူတောင်းစားတွေပါ


အစိုးရထောက်ပံ့ကြေး အလွဲသုံးစားမှု မြန်မာဆိုင်ရှင် အပြစ်ရှိ


April 13 2014


အမေရိကန်အစိုးရ၏ food stamp ခေါ် အစားအသောက် ထောက်ပံ့ကြေး အလွဲသုံးစား ပြုလုပ်မှုဖြင့် မစ်ရှီဂန်ပြည်နယ်၊ လန့်စင်းမှ မြန်မာစတိုးဆိုင်ပိုင်ရှင်က ဗဟိုပြည်ထောင်စု တရားရုံးတွင် အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုပြီး ဒေါ်လာ ၄၁,၀၀၀ ကိုပြန်လည် ပေးလျော်မည် ဖြစ်ကြောင်း ဧပြီ ၂ ရက်နေ့ တရားရုံးမှတ်တမ်းအရ သိရှိရပါသည်။ဝင်ငွေနည်းသူများအား အစိုးရက ပေးအပ်သော အစားအသောက် ထောက်ပံ့ကြေးကို အလွဲသုံးစား လုပ်မှုဖြင့် တရားစွဲခံရသော Golden Burma Asian Grocery စတိုးဆိုင် ဖြစ်ပါသည်။ဝင်ငွေနည်းသူများအား အစိုးရက ပေးအပ်သော အစားအသောက် ထောက်ပံ့ကြေးကို အလွဲသုံးစား လုပ်မှုဖြင့် တရားစွဲခံရသော Golden Burma Asian Grocery စတိုးဆိုင် ဖြစ်ပါသည်။

Golden Burma Asian Grocery and Gifts အမည်ရှိ အာရှစတိုးဆိုင်ကို ခင်ပွန်းနှင့်အတူ ဖွင့်လှစ်လုပ်ကိုင်ခဲ့သော ဒေါ်အေးအေးစိုးသည် အစိုးရအစားအသောက် ထောက်ပံ့ကြေး ဒေါ်လာ ၃၀၀,၀၀၀ နီးပါးကို အလွဲသုံးစား ပြုလုပ်ခဲ့သည်ဟု အမှုလိုက် ဥပဒေအရာရှိများက စွပ်စွဲကာ ယမန်နှစ်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ပြီးခဲ့သော မတ်လက တင်သွင်းခဲ့သော ညှိနှိုင်းသဘောတူညီချက်အရ ဗဟိုအစိုးရသည် ဒေါ်လာ ၃၀,၀၀၀ မှ ၇၀,၀၀၀ ကြား ဆုံးရှုံးခဲ့ကြောင်း ဖော်ပြသည်။

အမေရိကန်အစိုးရက ဝင်ငွေနည်းသူများအား ပေးအပ်သော အစားအသောက် ထောက်ပံ့ကြေးကို ငွေကြေးနှင့် လဲလှယ်ခွင့် မရှိပဲ ကန့်သတ်ထားသည်။ ဒေါ်အေးအေးစိုးသည် ဈေးဝယ်သူများကို အစားအသောက် ၂၅ ဒေါ်လာဖိုးဝယ်လျှင် ၂၅ ဒေါ်လာဖိုး ငွေသားပေးပြီး ၎င်းတို့၏ ထောက်ပံ့ကြေးကဒ်မှ ဒေါ်လာ ၅၀ ဖိုး ဖြတ်ယူခဲ့ကြောင်း သူမ၏ ရှေ့နေ ဘီလ် ဟန်ကင်းစ်က ပြောကြားသည်။

သူမသည် အသေးစိတ်အချက်များကို ဂရုမစိုက်မိခြင်းကြောင့် အမှားများ လုပ်မိကြောင်း ရှေ့နေက ပြောကြားပါသည်။ ထို့ပြင် ယဉ်ကျေးမှုဆိုင်ရာ နားလည်မှုလွဲမှားသည်များလည်း ရှိခဲ့သည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံသား ခံယူထားသော ဒေါ်အေးအေးစိုးနှင့် ခင်ပွန်းတို့၏ စတိုးဆိုင် ဖောက်သည်အများစုမှာ မြန်မာလူမျိုးများ ဖြစ်ကြသည်။ စတိုးဆိုင်၏ ရောင်းရငွေအားလုံး၏ ၉၀ ရာခိုင်နှုန်းသည် food stamp အစိုးရထောက်ပံ့ကြေး ကဒ်ပြားဖြင့် ဝယ်ယူခြင်း ဖြစ်၏။

အစိုးရ ထောက်ပံ့ကြေး အလွဲသုံးစားမှုသည် ထောင်ဒဏ် နှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။

ဒေါ်အေးအေးစိုးနှင့် ခင်ပွန်းသည် Golden Burma Asian Grocery စတိုးကို ၂၀၀၉ ခုနှစ်မှ စတင်ဖွင့်လှစ်ပြီး အစိုးရ၏ food stamp ခေါ် အစားအသောက် ထောက်ပံ့ကြေးကိုပါ လက်ခံရောင်းချခဲ့သည်။ အမှုဖြစ်ပွားပြီးနောက် ထောက်ပံ့ကြေး လက်ခံသော ကိရိယာကို အစိုးရဌာနမှ ပြန်လည်ဖြုတ်သိမ်းသွားသဖြင့် ယမန်နှစ် နှစ်ကုန်ပိုင်းတွင် ဆိုင်ပိတ်လိုက်ရပါသည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်