Subscribe to our RSS Feed

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှတ်ပုံတင်ဖို့ ရာနှုန်းပြည့်နီးပါးအဆင်သင့်ဖြစ်နေပါပြီ

From : ..hot news



 လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီအနေဖြင့် ပါတီတရားဝင် ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် ပါတီ ၀င်ဟောင်းများဖြင့်ဆွေးနွေးတိုင် ပင်ညှိနှိုင်းမှုများပြုလုပ်လျက်ရှိ သည့်အပေါ် ပါတီမှတ်ပုံတင်ရေး နှင့်ပတ်သက်၍ ဗဟိုဦးဆောင် ကော်မတီဝင် ကိုဇော်ထွန်းကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

လူ့ဘောင်သစ်ပါတီအနေနဲ့ တရားဝင်မှတ်ပုံတင်ရေးအတွက် ဘယ်အဆင့်ထိရောက်သွားပြီ ဆိုတာပြောပြပေးပါခင်ဗျာ။


ကျွန်တောတို့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အနေနဲ့ ရွေးကောက်ပွဲကော် မရှင်မှာ ပြန်လည်မှတ်ပုံ တင်ဖို့ပြင်ဆင်နေ တာဆိုရင် ရာခိုင်နှုန်းအပြည့်နီးပါး အဆင်သင့်ဖြစ်နေပါပြီ။ အခုနယ် စပ်ဒေသကပြန်လာတဲ့ ရဲဘော် ခေါင်းဆောင်တွေကြားမှာ နိုင်ငံသားစိစစ်ရေးကတ် အိမ် ထောင်စု စာရင်းကိစ္စဆောင်ရွက် နေတာ ရာခိုင်နှုန်းအပြည့်နီးပါး ပြီးပါနေပြီ၊ မကြာခင်မှာပါတီ တည်ထောင်ခွင့်လျှောက်လွှာမှာ ပါဝင်ဆောင်ရွက်မယ့် ကိုယ်စား လှယ်တွေစုမိနေပါပြီ။ အထူးသ ဖြင့် ကျွန်တော်တို့ ပါတီရဲ့(၂၅) နှစ်ပြည့်အောက်တိုဘာ(၁၄)ရက် မတိုင်ခင်၊ ကျွန်တော်တို့ရဲ့ပထမ အဆင့်ကိုစတင်ဆောင်ရွက်နိုင် မယ်လို့မျှော်လင့်ထားပါတယ်။ လိုအပ်တဲ့အချက်လက်တွေကို ပြင်ဆင်မှုတွေလုပ်နေပါတယ်။ နောက်တစ်ခုကပြည်တွင်းမှာရှိ နေတဲ့ နယ်အသီးသီးမှာရှိနေတဲ့၊ ညှိနှိုင်းနေတဲ့ဖြစ်စဉ်တွေက အတော်ခရီးပေါက်နေပါပြီဖြစ် ပါတယ်။


လူ့ဘောင်သစ်ဒီမို ကရက်တစ် ပါတီအနေနဲ့ ပါတီခေါင်းဆောင် မှုအပိုင်းနဲ့ ပါတီမူဝါဒတွေကို ဘယ်လိုပြင် ဆင်ထားပါသလဲ ခင်ဗျာ။


ကျွန်တော်အခုဏကပြော သွားသလိုပထမအဆင့်ဆောင်ရွက် ပြီးတာနဲ့လူ့ဘောင်သစ်ပါတီအနေ နဲ့အနယ်နယ် အရပ်ရပ်က လူ့ဘောင် သစ်ကိုယ်စားလှယ်တွေ နဲ့ ခေါင်းဆောင်ဟောင်းတွေ ပါဝင်တဲ့အစုအဖွဲ့ကနေ ကျွန်တော်တို့ပါတီ ရဲ့ခေါင်းဆောင် မှုကို ဒီမိုကရေစီနည်းကျရွေးချယ် သွားမှာဖြစ်ပါတယ်။ တစ်ပြိုင် တည်းမှာပဲ ပါတီမှာလိုအပ်နေတဲ့ ဖွဲ့စည်းပုံစည်းမျဉ်းမူဝါဒအတွက် မူဝါဒကြမ်းပြုစုပြီးနေပါပြီဖြစ် ပါတယ်။


လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီအနေနဲ့ ပါတီမှတ်ပုံတင်တဲ့ အခါမှာအခက်ခဲတစ်စုံတစ်ရာ ရှိနိုင်ပါသလား၊ ရှိခဲ့ရင်လည်းပြော ပြပေးပါခင်ဗျာ။


ကျွန်တော်တို့မျှော်လင့်ထား တာကတော့ မှတ်ပုံတင်ရေးဖြစ် စဉ်မှာဘာမှရင်ဆိုင်ရမယ့်အခက်ခဲ မရှိဘူး လို့မျှော်လင့် ထားပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိ အစိုးရ နဲ့ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မတီနဲ့ကျွန်တော်တို့သဘော တူညီချက်ရထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ပါ တီမှတ်ပုံ တင်ခွင့် ပြုဖို့ကိစ္စကိုပါတီကိုယ်စားလှယ်တွေ ကိုယ် တိုင်နေပြည်တော်မှာ ရှိတဲ့ ရွေးကောက်ပွဲကော် မရှင်အဖွဲ့ဝင် လူကြီးတွေနဲ့တွေ့ပြီး ပါပြီ။ ဒါကြောင့်ကျွန်တော်တို့အတွက် မှတ်ပုံတင်ရေးအတွက် ခက်ခက် ခဲခဲမရှိနိုင်ဘူးလို့မျှော်လင့်ပါတယ်။


ကျွန်တော်မေးမြန်းခဲ့တဲ့အပေါ် မှာ ထပ်မံဖြည့်စွက်ပြောစရာရှိပါ သေးလား။ရှိရင်ပြောပြပေးပါ ခင်ဗျာ။


ကျွန်တော်တို့ကအစိုးရနဲ့ ဆွေးနွေးပြီးတရားဝင်ညှိနှိုင်းပြီး ပြန်ဝင်လာတာဖြစ်တဲ့အတွက် ကျွန်တော်တို့နဲ့ အတူတစ်နိုင်ငံ လုံး မှာရှိတဲ့ ကိုယ်စားလှယ်အသီးသီး နဲ့ ပူးပေါင်းပြီးတော့ရရှိလာတဲ့ ခေါင်းဆောင်တွေနဲ့ပါတီကို မှတ်ပုံတင်မှာဖြစ်ပါ တယ်။ ပါတီ ခေါင်းဆောင်တွေကိုရွေးချယ်တဲ့ နေရာမှာ ဒီမိုကရေစီနည်း ကျ ရွေးချယ် သွားမှာဖြစ်တယ်ဆိုတာ ကိုထပ်လောင်းပြောကြားလိုပါ တယ်။ ပါတီကိုမှတ်ပုံတင်ပြီးတဲ့ အခါမြန်မာပြည်မှာ လတ်တလော အရေးတကြီးလိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေ ကို မဟာမိတ် အင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ် တယ်လို့ပြောချင်ပါတယ်။


အခုလိုဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
.. www.MyanmarExpress.net
 

1 comments:

နိုင်ငံချစ်သော၊အမျိုးဘာသာကိုချစ်သောနိုင်ငံသားများ
နဲသာတွေ့လိုမြင်လိုပါတယ်။အောင်မြင်ပါစေ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်