From :
..president office
..
www.MyanmarExpress.net



နေပြည်တော် အောက်တိုဘာ ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ယနေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီခွဲတွင်
ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ ခေတ္တ တည်းခိုသည့်
အစိုးရဧည့်ဂေဟာ၌ ဂျပန်နိုင်ငံ NHK ရုပ်မြင်သံကြားမှ မြန်မာနိုင်ငံ
ဌာနခွဲအကြီးအကဲ Mr.Jun Kobayashi အား လက်ခံတွေ့ဆုံပြီး တွေ့ဆုံမေးမြန်းခန်း
အဖြစ် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ဂျပန်နိုင်ငံ အဆာဟိရှင်ဘွန်းမှ
အာရှဒေသအကြီးအကဲ Mr. Ono နှင့် ရန်ကုန်ဌာနခွဲမှ သတင်းထောက် Mr.Igarashi
တို့၏တွေ့ဆုံမေးမြန်းမှုနှင့် ပြည်တွင်း မီဒီယာ ဖြစ်သည့် Myanmar
International TV ၏ တွေ့ဆုံမေးမြန်းမှုများကိုလည်း ပြန်လည် ဖြေကြားခဲ့ သည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ဇနီး
ဒေါ်ခင်ခင်ဝင်းနှင့် အဖွဲ့သည် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင်
ဘန်ဒါဆရီ ဘီဂါဝန်မြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အထူး
လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင်
နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး ဒေါ်နန်းရွှေမှုန်၊ တပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး
ဒေါ်ကြူကြူလှ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းမှူး၊
ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံရုံးယာယီ တာဝန်ခံ Ms. Syamim Nabilah Daud
နှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။


7 comments:
နိုင် ငံ တော် သမ္မတ ကြိး ဦး သိန်း စိန်
တိုင်း ပြည် တိုင်း ပြည် ပြိး ပြည့် စံ အောင် တိုး တတ် စေ လို လျင်
၁/ တပ် မ တော် တ ခု တည်း ဖြစ် အောင် လုပ် ပါ
၂/ ပြည် နယ် အ မတ် အုပ် ခူပ် ရေး မူး မှ လွှတ် တော် လွှတ် တော် မှ သမ္မတ အဲဒီ လို တ ဆင့် စီသွား ပြိး နိုင် ငံ ရေး ပြည် နယ် တိုး တတ် ရေး တိုင်း ပြည် တိုး တတ် ရေး လုပ် ရမှာ ပါ
၃ / အုပ် ခူပ် ရေး မူး ကို ပြည် သူ မှ ခန့် တဲ့ အုပ် ခူပ် ရေး တွေ ဖြစ် လျင် ပို ကောင် ပါ သည်
လဒ် စား မူ နည်း သွား ပါ လိမ့် မည်
လေး စား စွာ ဖြင့်
PKU THEER THREE
သမ္မတ ကြိး ဦး သိန်း စိန်
တိုင်း ပြည် တိုး တတ် ဘို့ အ တွက် ကျ နော် ၏ မ ဆို စ လောက် အ သိ နဲ့ တင် ပြ အပ် ပါ သည်
၁ / တပ် မ တော် တ စု တည်ုးဖြစ် အောင် လုပ် ပါ
၂ / ပြည် နယ် အ မတ် အုပ် ခူပ် ဆရး မူး မှ လှတ် တော် လွှတ် တော် မှ သမ္မ တ အအဲ ဒီလို တ ဆင့် စီ သွား ရမှာ ပါ အုပ် ခူပ် ရေး မူး တွေ ကို ပြည် သူ တင် မြှောက် တဲ့ သူ ဖြစ် လျင် ပို ကောင်း ပါ သည် လဒ် စား မူ နည်း ပြိး နိုင် ငံ တော် ဝင် ငွေ တိုး လာ ပါ လိမ့်မည်
၃ / ဘဏ် များ ကို လည်း မြို့ အ ခြေ အ နေ ကြည့် ၍ ၂ဘဏ် ၃ ဘဏ် ထား သင့် ပါါ သည် များ လာ လျင် ဆိုး ကီူး တွေ ကြုံ လာ ပါ လိမ့် မည်
၎ / တရား ဝင် ပန့် ဆီ ဆိုင် လုပ် ပါ ဆို လို့ လုပ် ကြ ပါ သည် မြို့ အ လိုက် လမ်း အ လိုက် ဆိုင် ကို ခွှင့် ပြု သင့် ပါ သည် များ လာ လျင် ဆိုး ကီူး တွေ ဖြစ် လာ ပါ လိမ့် မည်
ပန့် ဆိုင် တွေ ကို အ စိုး ရက ဆီချ ပေး တာ က ဓါတ် ဆီ တ မိုး တည်း ပါ အစိုး ရ ချ မှတ် ထား သော လီတာ ကို ဓါတ် ဆီ ဘဲ ရောင်း လို့ ရ ပါ သည် ဒီဇယ် ပရီ မီယယ် အေါ် တိန်း
ကုပ္ဗဏီ မှ ဝယ် ရ ပါ သည် ကုပ္ဗဏီ မှ အ စိုး ရ သတ် ထား သော လီတာ မ ပေး ပါ ပန့် ဆိုင် များ ဘယ် လို ဆရာင်း ချ ရပါ မည် နည်း
ပန့် ဆိုင် များ နိုင် ငံ တော် အ ခွန် ကို ထမ်း ဆောင် ကြ ရ ပေ တော့ မည် တ ရား မ ဝင် ဆိုင် တွေ ကို ဘယ် လို လုပ် ကြ မည် နည်း
ပန့် ဆိုင် များ တွင် အ စိုး ရ က ဖိ တရား မ ဝင် ဆိုင် များ က ထိုး နှက် နှင့် ပန့် ဆိုင် များ ဒုက္ခ ရောက် လှ ပါ သည်
တိုင်း ပြည် တိုး တတ် ဘို့ လှပ ဘို့ စည်း ကမ်း ကျ ဘို့ အ တွက် မြို့ ရှောင် လမ်း ကို ဂယု ပြု သင့် ပါ သည် ပ ခုက္ကူ မြို့ ရှောင် လမ်း သည် မြန် မာ နိုင် ငံ မိန်း လမ်း ကျ ပါ သည် အိမ် ဝိုင်း များ ပန့်  ဆီ ဆိုင် များ ဆောက် လုပ် နေ ပါ သည် မြေ စာ ရင်း အာ ဏာ ပိုင် အ ဖွဲ့ များ ငွေ စာုးပိး လုပ် ဆောင် နေ ခြင်း ဖြစ် ပါ သည်
နေ ပြည် တော် မှ တား မြစ် ပေး မှ ရ ပါ တော့ မည် မြို့ တွင်း တက္ကသိုလ် အ နီး တွင် ရွှေ ဧရာ ဝ တီ ဆီဆိုင် သည် သံကန် များ ဆီပန့် များ ဖြစ် ရောင်း ချ နေ ပါ သည် တရား မ ဝင် ဘဲ အ တင့် ရဲ ခြင်း သည် ခရီုင် အုပ် ခူပ် ရေး မူး မှ လဒ် စား ထား ခြင်း ဖြစ် ပါ သည် မူး ရစ် ဆေး ပြား ရောင်း သူ ကို အ ရပ် သား တောင် သိ ပါ သည် ဘာ ကြောင့် ခရိုင် မူး မှ အ ရေး မ ယူ ခြင်း မှာ လဒ် စား ထား ခြင်း ကြောင့် ဖြစ် ပါ သည်
နေ ပြည် တော် မှ တိုင်း ပြည် ချစ် လူ ကြိး မင်း များ အ မြန် အ ရေး ယူ ပေး ပါ ရန် တင် ပြ အပ် ပါ သည်
PKU THEER THREE
သမ္မတကြီးနဲ့သူ၏ချစ်သူဒေါ်ခင်ခင်ဝင်းတို့ကျန်းမာချမ်းသာကြပါစေ
သမ္မတကြီးဟာမြန်မာပြည်ကိုတိုးတက်အောင်လုပ်နိုင်ပါလိမ့်မယ်
၂၀၁၅မှာလည်းသမ္မတကြီးကိုထောက်ခံပါဦးမယ်
သမ္မတကြီးအောင်မြင်တော့မယ် ကြိုဆိုကြစို့
ဘတ်စကားပေါာ်လါး တိုးတက်နေတာ
တူယူလါပြီဆိုတော့ ထုတော့မယ်ပေါ့
ကုလါးဆီက ဘာရခဲ့လဲ
က မ္ဘာ ပေါ် မှာ ရှိ တဲ့ဒီ မို က ရေ စီ နိုင် ငံ တွေ မှာ စစ် တပ် ဟာ တ ခု ဘဲ ရှိ တယ် မြန် မာ ပြည် မှာ လို ရောင် စုံ လက် နက် ကိုင် အ ဖွဲ တွေ မ များ ဘူး ဒါ ကြော င့် တပ် မ တော် ကို ခေတ် မှီ တိုး တက် အင် အား ကြီး အောင် လုပ် ပေး ပါ လို့ သ မ တ ကြီး ကို ပြော ချင် ပါ တယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်