From :
.. dvb
“ဘာတွေဆွေးနွေးခဲ့သလဲဆိုတော့ လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စ ဒီနှစ်ကုန် ဒီဇင်ဘာ ၃၁ ရက်မတိုင်ခင် လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက်အထိ ကုန်အောင် လုပ်နိုင်မလဲဆိုတဲ့ ကိစ္စ အဲဒီလို ကုန်အောင် လုပ်ဖို့အတွက် သွက်သွက်လက်လက်နဲ့ လှုပ်ရှားနိုင်ဖို့ အဲဒါတွေကို အဓိကထားပြီး ဆွေးနွေးတယ်။”
..
www.MyanmarExpress.net
လက်ကျန်
နိုင်ငံရေးအကျဉ်းသား ၁၃၃ ယောက်ကို ဒီဇင်ဘာ ၃၁ ရက် မတိုင်ခင်
လွှတ်ပေးရန်အတွက် အစိုးရတာဝန်ရှိသူတွေနဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား
စိစစ်ရေးကော်မတီတို့ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
ရန်ကုန်မြို့က
မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့မနက်ပိုင်းက ဆွေးနွေးခဲ့ကြတာဖြစ်ပြီး
ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား
ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)မှ ဦးဘိုကြည်က ပြောပါတယ်။
“ဘာတွေဆွေးနွေးခဲ့သလဲဆိုတော့ လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စ ဒီနှစ်ကုန် ဒီဇင်ဘာ ၃၁ ရက်မတိုင်ခင် လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက်အထိ ကုန်အောင် လုပ်နိုင်မလဲဆိုတဲ့ ကိစ္စ အဲဒီလို ကုန်အောင် လုပ်ဖို့အတွက် သွက်သွက်လက်လက်နဲ့ လှုပ်ရှားနိုင်ဖို့ အဲဒါတွေကို အဓိကထားပြီး ဆွေးနွေးတယ်။”
သူက ဆက်လက်ပြီး ယခုနှစ်ကုန် အကျဉ်းသားတွေ လွှတ်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန် ပြောဆိုခဲ့တဲ့အပေါ် ယခုလို ပြောဆိုပါတယ်။
“ကျနော်တို့က
စိစစ်တဲ့အလုပ်ကိုပဲ လုပ်လို့ရပါတယ်။ လွှတ်ပေးတဲ့ အလုပ်ကို လုပ်လို့
မရပါဘူး။ လွှတ်ပေးခြင်း မလွှတ်ပေးခြင်းက သမ္မတနဲ့ အစိုးရအဖွဲ့နဲ့ပဲ
ဆိုင်ပါတယ်။ တကယ်လို့ လွှတ်ပေးခဲ့ရင်လည်း သမ္မတက သူပြောဆိုတဲ့အတိုင်းကို
လုပ်တယ်လို့ ကျနော်တို့ သတ်မှတ်ရမှာ ဖြစ်သလို တကယ်လို့ လွှတ်ပေးတာ
မကုန်ခဲ့ဘူးဆိုရင်လည်း သမ္မတရဲ့ ပြောဆိုချက်အပေါ်မှာ သမ္မတပဲ
တာဝန်ယူရမှာဖြစ်ပါတယ်။”
အန်အယ်လ်ဒီအပါအ၀င်
အန်ဒီအက်ဖ်၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ အေအေပီပီဘီ၊
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နဲ့ နိုင်ချုပ်အဖွဲ့ စတဲ့အဖွဲ့အစည်းအတွေ
အပြင် ဦးဇာဂနာ၊ ဦးကိုကိုကြီး၊ ဦးဘိုကြည်တို့ တက်ရောက်ခဲ့ပြီး အစိုးရဘက်က
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒုဝန်ကြီး ဦးအောင်သိန်း၊ အကျဉ်းဦးစီးဌာန
ညွှန်ချုပ် ဦးသန်းဌေး၊ လူ့အခွင့်အရေးကော်မတီရဲ့ အတွင်းရေးမှူး
ဦးစစ်မြိုင်နဲ့ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့
ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။
3 comments:
ပြောတော့ နိုင်ငံရေး အကျဉ်းသား မရှိဘူးဆို။ ဘာဖြစ်လို့ ဆွေးနွေးနေတာလဲ။ အလုပ်မရှိ အလုပ်ရှာနေတာလား။ နိုင်ငံတော် ကောင်းဖို့အတွက် ဖြူစင်ရိုးသား တဲ့စိတ်ဓာတ်နဲ့ အလုပ်လုပ်ပါဗျာ။ ပြည်သူများ ကိုယ်စား......
သမတကြီးနှင့်တကွ ကာကွယ်ရေးဦးစီးချုပ် ကာ/လုံအဖွဲ့ အစိုးရအဖွဲ့များခင်ဗျား
တစ်ချိန်က လက်လက်စွဲကိုင်တိုက်ခိုက်ခဲ့ကြသော သူများကိုတောင် လွတ်ငြိမ်းချမ်းသာခွင့် ပြုနိုင်ပါသေးလျှင်
တစ်ချိန်က ရဲဘော်ရဲဘက်များဖြစ်သော ထောက်လှမ်းရေးများအားလုံးကိုလဲ လွတ်ငြိမ်းချမ်းသာခွင့်ပြု ပေးသင့်ပါပြီခင်ဗျာ
မိသားစုဝင်များ၏ ကျခဲ့ရသော/ ကျနေဆဲ မျက်ရည်များအား သုတ်ပေးသင့်ပါပြီခင်ဗျာ
မိသားစုသားသမီးဇနီးများ၏ ကိုယ်စိတ်ဆင်းရဲခံစားနေရမှုများအား ချူပ်ငြိမ်းစေသင့်ပါပြီခင်ဗျာ
လေးစားစွာဖြင့်
ABSDF က သံချောင်းတို့လို လူသတ်သမားတွေကိုတော့ လွှတ်ပေးလို့မဖြစ်ဘူးနော်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်