Subscribe to our RSS Feed

အစိုးရနှင့်ကေအိုင်အိုဆွေးနွေးပွဲ အခြေအနေ ၀န်ကြီး ဦးအုန်းမြင့်ကို မေးမြန်းချက်

From : ..dvb

အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တို့ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ကချင်ပြည်နယ် မြို့တော်  မြစ်ကြီးနားမြို့မှာ ဒီနေ့ ကျင်းပခဲ့ကြပြီး နှစ်ဖက် ပွင့်လင်းမြင်သာမှုရှိပြီး အလားအလာ ကောင်းတယ်လို့ တက်ရောက်သူတွေက ပြောပါတယ်။

 
ဒီကနေ့စတင်တဲ့ ဆွေးနွေးပွဲအတွင်း  ပြီးခဲ့တဲ့မေလ   ဆွေးနွေးပွဲကနေ  ဒီကနေ့အထိ နှစ်ဖက် အဖွဲ့တွေကြား   ဖြစ်ထွန်းတိုးတက်မှုတွနဲ့   နှစ်ဖက် စောင့်ကြည့်လေ့လာရေးအဖွဲ့ဖွဲ့ဖို့ အချက်နှစ်ချက်ကို ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး  ကချင်ပြည်နယ် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးလည်းဖြစ်ြ၊ ငိမ်းချမ်းရေးကော်မတီအဖွဲ့ဝင်တဦးလည်း ဖြစ်တဲ့ ဦးအုန်းမြင့်နဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်