From :
..News Watch
ငါးဆိုသည်မှာ ရေကိုအမှီပြု၍ နေရ ခြင်းဖြစ်သည်။ သူတို့ မှီခိုအားထားရာ ရေ ပမာဏအနည်းအများကိုလိုက်၍ သူတို့၏ လွတ်လပ်ပျော်ရွှင်မှုရသည်။ ပင်လယ်ကြီး ထဲတွင်နေရသောအခါ ဧရာမငါးကြီးတွေအဖြစ် လွတ်လပ်ပျော်ရွှင်စွာ ကျက်စားနိုင် ကြသည်။ ပုလင်းကလေးတစ်လုံးထဲသို့ ရောက်သွားသော ငါးတစ်ကောင်မှာ မလှုပ် သာမလှည့်သာ။ မြှုံးထဲသို့ရောက်သွားသူကတော့ နိဂုံးကမ္ပတ်အဆုံးသတ်ဖို့ မဝေး တော့ပြီ။ ရေကန်ငယ်လေးထဲတွင်လည်း နေရမည်။ မိမိရှင်သန်နေထိုင်ရာ ရေကန်သည် လည်း တဖြည်းဖြည်း အငွေ့ပျံခြောက်သွ့လာမည်ဆိုလျှင်မူကား ထိုကန်ထဲတွင်ဖြစ် ကြရသော ငါးကလေးများမှာ တထိတ်ထိတ် တလန့်လန့် ဖြစ်နေရှာပေလိမ့်မည်။ မိခင်မဲ့သွားသော လူမမယ်ကလေးသူငယ်တို့မှာလည်း ထိုသို့ပင်ရှိချေလိမ့်မည်။ သူ တို့၏အားကိုးရာ၊ ခိုလှုံရာသည် မိခင်ရင်ခွင်သာဖြစ်ရာ မိခင်မရှိတော့သော ကလေး တစ်ယောက်၏ ဘဝနှင့်ရေမရှိတော့သော ကန်ထဲ၌ ဖြစ်ရသော ငါးကလေးတွေဘဝ တူညီနေပေသည်။
မြန်မာ့နိုင်ငံရေးတွင် အမိနှင့်သော်လည်းကောင်း၊ ရေနှင့်သော်လည်းကောင်း တူသည်ဟုသတ်မှတ်ကာ ပြည်သူလူထုက အားကိုးကြသည်မှာ ဒီမိုကရေစီဘက်တော် သားများဟု ယုံကြည်ကြသော အတိုက်အခံ ခေါင်းဆောင်များကို ဖြစ်သည်။ အောက်ခြေမှ ပြည်သူလူထု ခံစားနေရသော ဒုက္ခများကို ပြည်သူ့ကိုယ်စား အသံ မြည်ပေးကြသူများအဖြစ် ထိုသူများကို အားထားခဲ့ကြပါသည်။ တစ်ချိန်ကဆိုလျှင် မြန်မာ့နိုင်ငံရေး၌ အတိုက်အခံတို့ အလွန်ပင် အားကောင်းမောင်းသန် ရှိခဲ့ကြသည်။ ပြည်ပသို့ ရောက်နေကြသော NLDအပါ အဝင် ပြည်ပရောက် ဒီမိုကရေစီဘက် တော်သားများ၏အသံသည်လည်းကောင်း၊ ပြည်တွင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ထိုစဉ်က အထွေထွေအတွင်းရေးမှူး) ဒေါ်အောင်ဆန်းစုကြည်နှင့် NLDခေါင်း ဆောင်ပိုင်းတို့သည်လည်းကောင်း၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ သည်လည်းကောင်း၊ မတရားအသင်း သတ်မှတ်ခံထားရသော အသင်းအဖွဲ့အမျိုး မျိုးသည်လည်းကောင်း၊ ပြည်သူလူထုရှေ့ မှ မားမားမတ်မတ်ရပ်ကာ စစ်အစိုးရ၏ မတရားသော အမိန့်အာဏာများ၊ ဖိနှိပ်ချုပ်ချယ်မှုများကို ရဲရဲဝံ့ဝံ့ ဝေဖန်ထောက် ပြခဲ့ကြသည်။ မတရားဘူးထင်လျှင် အချိန်မဆိုင်းဘဲ ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ရက်ရက်စက်စက် ဖိနှိပ်တိုက်ခိုက်နေသည့် ကြားမှ ရုန်းထအန်တုခဲ့ကြပါသည်။ ထို့ ကြောင့် ပြည်သူလူထုမှာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို မရကြသေးသော်လည်း မိမိတို့ဘက်မှ ပြတ်ပြတ်သားသားရပ်တည်မည့် အဖွဲ့အစည်းများရှိနေသေးသည့် အတွက် အားရကျေနပ်ခဲ့ကြပါသည်။ စစ်အစိုးရက မကောင်းတာလုပ်သော်လည်း မကောင်းသည်ကို မကောင်းဟုအော်မည့် သူများရှိနေခဲ့ကြပါသဖြင့် ဖြေသာပါသေး သည်။
ထိုအခင်းအကျင်းသည် ၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက် ပွဲကြီးအပြီးတွင် အင်အားချိန်ခွင်လျှာ ပြောင်းလဲသွားခဲ့ပါသည်။ ပြည်သူလူထုဘက်မှ ကူပြောပေးမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လွှတ်တော်နှင့် ရွေး ကောက်ပွဲကော်မရှင်၏ မြောက်မြားလှသော နှောင်ကြိုးများဖြင့် တုတ်နှောင်ခြင်း ခံလိုက်ရတော့သည်။ ယခင်က ပြည်သူ့ရှေ့မှ ရဲရဲတောက် ရပ်တည်ခဲ့သော NLD မှာယခုအခါ ငြိမ်ချက်သားကောင်းလှသည်။ ပြည်သူလုထု၏ နစ်နာမှုများမှာ မည်သူ့ကို တိုင်တမ်းရမှန်းမသိတော့ပါ။ ပြည်သူလူထု၏ မျက်ရည်စများကို ကူသုတ်ပေးမည့် အတိုက်အခံအဖွဲ့အစည်း မရှိတော့ပါ။ နိုင်ငံရေးအဖွဲ့အစည်းအမျိုးမျိုးမှာလည်း အစိုးရနှင့် အပေးအယူတွေ လုပ်လိုက်ကြလေပြီ။ ကျောင်းသားခေါင်း ဆောင်များမှာလည်း ယခင်က ပြတ်သား ရဲဝံ့ကြသလောက် ယခုအခါ တွေဝေယိမ်း ယိုင်နေလေပြီ။ နိုင်ငံရေးလုပ်ငန်းများထက် စာအုပ်ထုတ်ခြင်း၊ ပန်းချီဆွဲခြင်း၊ သီချင်း ဆိုခြင်း၊ စာပေဟောပြောခြင်း စသည့် လူလုံးပြအလုပ်များတွင်သာ အားစိုက်လုပ် ဆောင်နေကြသည်။ နိုင်ငံရေးဆိုသည်မှာ ဆန့်ကျင်ဘက်ချည်းပဲလည်းမဟုတ်၊ အပြု သဘောပူးပေါင်းဆောင်ရွက်မှုမျိုးလိုသည်ဟူသော်လည်း ရပ်တည်ချက် လုံးဝမတူ သူများနှင့် အပေါ်ယံပြုံးပြနေကြခြင်းသည် ပြည်သူလူထုက တောင့်တနေသော အပြောင်းအလဲအစစ်မဟုတ်ကြောင်း သတိချပ်စေလိုပါသည်။
ချဉ်ဖတ်အိုးထဲသို့ကျသွားသော မုန်လာတစ်ဖတ်သည် အလိုလို ချဉ်ဖတ်ဘဝ ရောက်သွားပေလိမ့်မည်။ အလုပ်သမား၊ လယ်သမား၊ အခြေခံလူထုသည် သူတို့၏ လိုလားတောင့်တချက်များကို ကိုယ်စားပြုဆောင်ရွက်ပေးမည့် အတိုက်အခံ ပျောက်ဆုံးနေသဖြင့် ဥစ္စာရင်လို ဥစ္စာရင်ခဲဟူသောသဘောနှင့် ကိုယ်တိုင်တောင်းဆို၊ တိုက်ပွဲဝင်ရာမှ ဥပဒေမဲ့အစွန်းရောက် လုပ်ရပ်များဆီသို့ မရည်ရွယ်ဘဲ ရောက် ရှိသွားကာ နစ်နာသူများက ဥပဒေချိုးဖောက်သူများ ဖြစ်သွားရပြန်သည်။ အလုပ် ပြုတ်သွားသော အလုပ်သမားများ၊ လယ်ယာမဲ့သွားသော လယ်သမားများ၊ မတရား သည့် အမိန့်အာဏာများကို အတိုက်အခံများက လူထုကိုယ်စား ရဲရဲဝံ့ဝံ့ ယခင်လို မရပ်တည်ကြသဖြင့် ပြည်သူလူထုမှာ အမိမဲ့သား ရေနည်းငါးဖြစ်နေကြဦးမည် ဖြစ်သည်။
.. www.MyanmarExpress.net

3 comments:
စောင်းပါးရှင်၏တွေးခေါ်မှုကိုသဘောကျပါသည်
သို့သော် ရက်ရက်စက်စက်ဖိနှိပ်မှုများအကြားမှ
ပြည်သူတွေအတွက် ရုန်းထအန်တုသည်ဆိုရာမှာတော့
အနည်းငယ် စဉ်းစားစရာရှိပါသည်။
အနှီး ၈၈ ဆိုသူများနှင့် ယခု ဒီမိုခေါင်းဆောင်ဆိုသူများသည်
တကယ်သေဘေးကြုံရမည့်
ကိစ္စများတွင် ဝေးဝေးမှသာမြှောက်ပင့်ပေးလေ့ရှိပါသည်။
ဒါကြောင့် သူတို့သည် ဒဏ်ရာမျှပင်မရရှိဘူးဘဲ
မသိနားမလည်သူများသာ သူတို့မြှောက်ပင့်မှုအောက်မှာ
ထိခိုက်ပျက်ဆီးရပါသည်။
သူတို့ကတော့ ထောင်အကျခံပြီး နိုင်ငံရေးအကျဉ်းသားအဖြစ်
သီးခြားအထောက်အပံ့များရယူလေ့ရှိပါသည်။
ဒါကြောင့် ကျွန်တော်တို့ပြည်သူများဟာ
သူတို့မရှိယုံဖြင့် အမိမဲ့ငါးမဖြစ်နိုင်ပါခင်ဗျား။
အချို့က ပြောကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရဲ့ မီးရှူးတန်ဆောင်တဲ့။ NLD ပါတီကြီးတာင် ဒေါ်စု မရှိတဲ့နောက်ပိုင်း ဆက်လက်ရှင်သန် ရပ်တည်နိုင်ပါ့မလား ဆိုပဲ။
တကယ်တော့ ဒီနေ့အခြေအနေတွေက ပြောင်းပြန်ဖြစ်ရပ်ကို ပြသနေတာဖြစ်တယ်။ NLD ကနေ ပဲ့ထွက်လာတဲ့ ဒေါက်တာသန်းညိမ်းတို NDF နဲ့ ဦးသိန်းညွန့်တို့ရဲ့ ပါတီသစ်တွေဟာ NLD ကိုယ်စားလှယ်တွေထက်တောင် လွှတ်တော်ထဲမှာ ပြောရဲဆိုရဲ ရှိလာကြတယ်၊ တကယ်တော့ အဲဒီပါတီက ခေါင်းဆောင်တွေဟာ အခုမှ နေ့ချင်းညချင်း အရည်အချင်းတွေ ရှိလာကြတာမဟုတ်ကြဘူး။ အရင် NLD အထင်ကရ ခေါင်းဆောင်တွေဘ၀ မှာကထည်းကလည်း အလားအလာရှိကြသူတွေပဲ။ ခက်တာက ဟိုမှာတုန်းက ဒေါ်စု အမိန့်ရမှ ခမျာများမှာ လုပ်ခွင့်ကိုင်ခွင့် ရကြတာမဟုတ်လား။
လက်ရှိ NLD မှာလည်း သူတို့လို လုပ်တတ်ကိုင်တတ်ကြသူတွေ ရှိမှာပါ။ လောင်းရိပ်မလွတ်လို့သာ ကုပ်နေကြရတာ။
ထူးဆန်းတာက အရင်က NLD လက်အောက်ခံ မဟုတ်သေးတဲ့ ဒေါက်တာမြတ်ဥာဏစိုး ဟာ လွှတ်တော်ထဲမှာ တော်တော်ကျယ်ကျယ် လောင်လောင် ပြောရဲတဲ့သူ။ ဦးသိန်းစိန်ရဲ့ ၀န်ကြီးစာရင်းကိုတောင် ကန့်ကွက်ရဲတာလေ။ အခုများတော့ ရင်ဘတ်မှာ ခွပ်ဒေါင်းတံဆိပ် ကပ်လိုက်ကထည်းက နှုတ်ဆိတ်သွားလိုက်တာ ရှိမှန်းတောင် မသိရတော့ဘူး။
ဆိုတော့ကာ နိုင်ငံရေးသမားတွေ အာစေးကပ်ပြီး ငြိမ်းကုပ်သွားရတာရဲ့ တရားခံအစစ်ဟာ ဒေါ်စုလောင်းရိပ်သာ ဖြစ်တယ်ဆိုတာ ပေါ်လွင်နေပြီ။
သူ့လောင်းရိပ်အောက်က လွတ်မြောက်ခွင့်ရလာတဲ့ သူတွေဟာ
၁။ အရာရာမှာ အစိုးရကို ထိပ်တိုက်ရင်ဆိုင်ရမယ်ဆိုတဲ့ အပေါစားအလွယ်တကူ အတိုက်အခံဝါဒကို စွန့်လွှတ်လာတယ်။
၂။ ပြည်သူလူထုအတွက် တကယ်အကျိုးရှိမယ်လို့ ထင်တဲ့ဟာတွေကို ကျရင်တော့ ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ရဲရဲဝံ့ဝံ့ တင်ပြလာတယ်။ သူတို့တင်ပြချက်ကြောင့် ပြည်သူတွေ အကျိုးခံစားခွင့် အတန်အသင့်လည်း ရလာကြတယ်။
၃။ သူတို့တင်ပြချက်တွေထဲမှာ လက်တွေ့မကျတာ မဖြစ်နိုင်တာတွေရှိလို့ ပြည်ထောင်စု အဖွဲ့ဝင်တွေက တရားနည်းလမ်းတကျ ပြန်ရှင်းပြရင်လည်း ကျေကျေနပ်နပ် မှတ်သားခံယူတယ်။ အလကား ရှက်ရမ်းရမ်းပြီး ပြည်သူလူထုရဲ့ သဘောထားကို နယ်တွေဆင်း ခံယူမယ်တို့ဘာတို့ ဆိုပြီး ကွန်မြူနစ်နည်းတွေနဲ့ အစိုးရကို အကြပ်ကိုင်တာမျိုးမလုပ်တဲ့ ဂုဏ်သရေရှိတဲ့ နိုင်ငံရေးသမားတွေဖြစ်လာကြတယ်။
အပေါ်ကလူပြောတာဟုတ်တယ်ဗျ
တကယ်အရည်အချင်းရှိသူတွေက
NLD က ခွဲထွက်ကုန်ပြီ၊
သူတို့အရည်အချင်းကိုလည်း လွှတ်တော်မှာ
ပြသနိုင်တြတယ်။
အရည်အချင်းရှိတော့လည်း
ဘယ်လိုလုပ် ထမီခိုစားချင်မလဲ။
ထမီပိုင်ရှင်ကလည်း ဗိုလ်ချုပ်အရှိန်နဲ့
ရှင်သန်နေရတာ။
အပြစ်ရှာကြေးဆိုရင် သူမှားထားတာတွေက
အများကြီး၊ အဖေသတ်တဲ့လူမျိုးကိုယူတာနဲ့တင်
လုံလောက်နေပြီ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်