Subscribe to our RSS Feed

ဒေါ်လာ ၁၁ ဘီလီယံကိစ္စ မသိရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ပြော

From : ..dvb


သတင်းစာနဲ့ ဂျာနယ်တွေမှာ ဖော်ပြနေတဲ့ မြန်မာနိုင်ငံက ဘဏ်စာရင်း အကောင့် ၅ခုနဲ့ နိုင်ငံခြားဘဏ်တွေမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားတယ်ဆိုတဲ့ကိစ္စ မသိရှိပါကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောပါတယ်။
ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သူက ခုလို ရှင်းပြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံပိုင်ဘဏ်၊ ပုဂ္ဂလိကဘဏ်တွေကနေ နိုင်ငံခြားဘဏ်တွေမှာ အပ်နှံထားတဲ့ နိုင်ငံခြား အရန်ငွေဟာ စက်တင်ဘာလ ၁၀ ရက်နေ့အထိ စုစုပေါင်း ၇ ဒဿမ ၆ ဘီလီယံပဲ ရှိပြီး ကျန်ဘဏ်စာရင်းနဲ့ ငွေစာရင်းတွေကိုတော့ မသိကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
အလားတူ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကလည်း သတင်းစာ တစောင်မှာ ရေးသားဖော်ပြထားတဲ့ မြန်မာနိုင်ငံက ဘဏ်အကောင့် ၅ ခုနဲ့ ဒေါ်လာ ၁၁ ဘီလီယံ ရှိတာကြောင့် ကမ္ဘာ့ဘဏ်ကနေ အကြွေးတွေ လျော်ပစ်တာ မလုပ်ခဲ့ကြောင်း ရေးသား ဖော်ပြချက်ဟာလည်း မှားယွင်းကြောင်း၊ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်အပေါ်မှာ တင်နေတဲ့ အကြွေးနဲ့ ပတ်သက်ပြီး ဖြေရှင်းမယ့် နည်းနာ ၄ ခု ရှိကြောင်း၊ ဒီအထဲကမှ အသင့်တော်ဆုံးလို့ ဆိုတဲ့ နိုင်ငံတခုခုကနေ ပေါင်းစည်းချေးငွေရယူပြီး ဖြေရှင်းတဲ့နည်းကို အသုံးပြုခဲ့ခြင်းသာ ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ 

.. www.MyanmarExpress.net
 

4 comments:

တတားဦး ထောက်ရစ်ကွင်း

မြေတိုင်း စာရေး


လာဘ်စား ထားတဲ့ ငွေ ၁၀ သိန်း

ပြန်ပေး လိုက်ပါ

why we can not take legal action who ever rubbish talk?

Many people in Myanmar including Members of Parliament in Hluttaw knew that who stole public money and saved in foreign banks although Union bank of Myanmar did not say about 11 billion $ case.

ကျုပ်လည်း ဗဟိုဘဏ် ဥက္ကဌဆိုရင် မသိဘူးပဲ ပြောမှာ။ ဘာမှမဆိုင်ဘဲ ကျုပ်ကြောင့် နိုင်ငံတော် သိက္ခာ အကျ မခံနိုင်ဘဘူး။ ဝန်ထမ်းတွေ လာဘ်စားတဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း လူလည်ခေါင်မှာ သိက္ခာကျအောင် comment များ မရေးစေချင်ပါဘူး။ သူတို့လည်း လစာနဲ့ အဆင့်အတန်းနဲ့ ကိုက်ညီရင် အဲ့ဒီလို လုပ်မှာ မဟုတ်ပါဘူး။ တချိုက စိတ်ဓာတ်ရေးရာ အဆင့်အတန်း နိမ့်ကျတော့ သူများကောင်းစား တာကို မုဒိတာ မပွားနိုင်ကြဘူး။ ကျုပ်တွေ့တာ မြင်တာကို ပြောရရင် တိုင်းပြညနဲ့ နိုင်ငံတော်ကို ချစ်မြတ် နိုးလို့ ဆိုပြီး နိုင်ငံတော်ထံမှ ဘာမှမယူဘဲ နိုင်ငံတာဝန် ထမ်းဆောင် နေတဲ့သူ မရှိသလောက်ပါဘဲ။ လူကြားကောင်းအောင် နိုင်ငံတော် အတွက် မနားမနေ အလုပ်လုပ်နေပါတယ် ဆိုပြီး ညာရွှီးကာ ကိုယူထားတာတွေ လူမသိအောင် သရုပ်ဆောင်ပြနေတာတွေပဲ ကျုပ်မြင်မိနေတယ်။ အမှန်တကယ်သာ သူ့အကျိုးအတွက်မပါဘဲ နိုင်ငံအကျိုးတာ ထမ်းဆောင် နေသူတွေဆိုရင် သူတို့ကို ဘုရားထက် အရင်ရှိခိုးပူဇော်ကြမှာပါ။ အားလုံး ကိုယ်ကျိုး အတွက် လုပ်နေကြသူတွေ ကြားထဲမှာ သူတော်ကောင်းယောင် ဆောင်နေတာကသာ ရှက်ဖို့ ကောင်းတာပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်