From :
..YMG
.
. www.MyanmarExpress.net
ကျောက်ဖြူမြို့တွင် မဂ္ဂါဝပ် ၅၀ စက်သစ်တစ်လုံး
တပ်ဆင်ကာ ရခိုင် တစ်ပြည်လုံးကို လျှပ်စစ်မီးပေးနိုင် ရန်စီစဉ်ထားသည်ဟု
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ ကြောင်း
စစ်တွေမြို့မိမြို့ဖများ ကပြောသည်။
အောက်တိုဘာ၂ ရက် နံနက် ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးရှိ လွှတ်တော်ခန်းမ၌ နိုင်ငံ တော်သမ္မတဦးသိန်းစိန်နှင့် ရခိုင် ပြည်နယ် အစိုးရအဖွဲ့အပါအဝင် စစ်တွေမြို့မိမြို့ဖများနှင့် တွေ့ ဆုံပွဲတွင် သမ္မတဦးသိန်းစိန်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တစ်ခုလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ သုံးစွဲနိုင်ရေး အတွက် မဟာဓာတ် အားလိုင်းဖြင့် ချိတ်ဆက်သွယ်တန်း လျက်ရှိသော် လည်း များမကြာမီ အချိန်အတွင်းတွင် ကျောက်ဖြူ မြို့၌ မဂ္ဂါဝပ်၅၀ စက်သစ် တစ် လုံး တပ်ဆင်၍ ယင်းစက်ဖြင့် ရခိုင် ပြည်နယ် ၁ရမြို့နယ်သို့ လျှပ်စစ် ဓာတ်အားသွယ်တန်းပေးသွားမည် ဖြစ်ပြီး ပိုလျှံသည့်လျှပ်စစ်ဓာတ် အားများကိုသာ ပြည်မဘက်သို့ ခွဲဝေပေးသွားမည်ဟု နိုင်ငံတော် သမ္မတ က ပြောကြားခဲ့ကြောင်း စစ်တွေမြို့မိမြို့ဖ ဦးသာပွင့်က ပြန် လည်ပြောသည်။
သို့သော် ကျောက်ဖြူတွင် တပ်ဆင်မည့်အဆိုပါ မဂ္ဂါဝပ် ၅၀ စက်သစ်ကို မည်သည့်အချိန်တွင် တပ်ဆင်၍ လုပ်ငန်းများစတင် ဆောင်ရွက်မည် ဆိုသည်ကို သမ္မတ က ရှင်းလင်းပြောကြားမှုမရှိခဲ့ ကြောင်း၊ ယင်းအပြင် အဆိုပါတွေ့ ဆုံပွဲသို့ တက်ရောက်လာသူများ အနေဖြင့်လည်း မည်သည့်အ ကြောင်းအရာများကိုမျှ သမ္မတ ထံတင်ပြဆွေးနွေးခွင့် မရရှိခဲ့ကြ ကြောင်း ယင်းတွေ့ဆုံပွဲသို့တက် ရောက်ခဲ့သူများ၏ပြောပြချက် အရ သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် တစ်ခုလုံး လျှပ်စစ်ဓာတ်အားရရှိ စေရန်အတွက် မဟာဓာတ်အား လိုင်းများကို ပြည်-ဥသျှစ်ပင်မှ တစ်လိုင်းနှင့် မင်းဘူး-အမ်းမှတစ် လိုင်းတို့ဖြင့် ချိတ်ဆက်သွယ်တန်း လျက်ရှိပြီး ယင်းသို့ သွယ်တန်းမှု မှာ ၂၀၁၄ခုနှစ်အကုန်တွင် ပြီးဆုံး မည်ဖြစ်ကြောင်း၊ ယင်းသို့ သွယ် တန်းပြီးပါက ရခိုင်တစ်ပြည်နယ်လုံး လျှပ်စစ်ဓာတ်အားလုံလောက်စွာ သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန ပြည် ထောင် စုဝန်ကြီး ဦးခင်မောင်စိုးက ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေး အဖွဲ့ရုံး၌ စက်တင် ဘာ ၂၈ရက်ကပြုလုပ်သော သ တင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားထားသည်။

3 comments:
Very good.
good
ဒီလို အကြမ်းဖက် ဆူပူမှုတွေ ဖြစ်အောင် အနောက်က ကြိုးကိုင် နေတာက သူရဦးရွှေမန်း ဖြစ်နိုင်ပါတယ် ဒါကြောင့် အစိုးရက မဖော်ထုတ်ပေး လည်းဖြစ် နိုင်တယ် သူကသမ္မတကြီး ကို မနာလိုဖြစ်နေတာ နေမှာ အခုထိ သမ္မတကြီးကို လွှတ်တော်ဥက္ကဌ တယောက်အနေနဲ့ ချီးကျူးပြော ဆိုတာမရှိသေးဘူး တိုက်ခိုက်ဖို့ပဲ ဂွင်ချောင်း နေတယ် သူ့မှာလည်း အာဏာ ရှိတယ်ဆိုပြီး အာဏာပြနေတာ အသိသာ ကြီး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်