Subscribe to our RSS Feed

သွေးဆုံးပြီးလျှင်လည်း ကလေးယူလို့ ရတော့မည်

From : .. bbc


အကြောင်းတစ်ခုခုကြောင့် အရွယ်မတိုင်မီ သွေးဆုံးသွားလို့ ကလေးမရနိုင်ကြတဲ့ မိခင်လောင်းတွေအတွက် မျှော်လင့်စရာ နည်းပညာတစ်ခုကို အမေရိကန်နဲ့ ဂျပန်က ဆရာဝန်တွေ ပူးပေါင်း တီထွင် ကုသခဲ့ရာမှာ အောင်မြင်မှု ရခဲ့ပြီလို့ သိရပါတယ်။

ရောဂါတစ်ခုခုကြောင့် အသက် ၃၀ လောက်မှာ သွေးဆုံးသွားကြတဲ့ အမျိုးသမီး ၂၇ ဦးကို စမ်းသပ်ကုသခဲ့ရာမှာ အလားအလာကောင်းတဲ့ ရလဒ်အဖြစ် မိခင် ၁ ဦး ကလေး ရရှိ မွေးဖွားနိုင်ခဲ့ပြီး နောက် ၁ ဦးကလည်း ကိုယ်ဝန်ရပြီး မွေးဖွားနိုင်တော့မယ်လို့ ဆိုပါတယ်။

ဆရာဝန်တွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးဆုံးသွားတဲ့ မိခင်လောင်းရဲ့ အစွမ်းမရှိတော့တဲ့ မျိုးဥကို ထုတ်ယူပြီး ဓာတ်ခွဲခန်းမှာ ပြုပြင်ပြောင်းလဲပေးပြီးနောက် မိခင်လောင်းရဲ့ သားအိမ်ပြွန်အတွင်း ပြန်ထည့်ပေးလိုက်ကာ ဟော်မုန်း ကုထုံးကို ပေးပြီး ကုသတဲ့ နည်းစနစ်ဖြစ်တယ်လို့ သိရပါတယ်။

ဒီနည်းစနစ်ဟာ ကင်ဆာရောဂါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးမရနိုင်တော့တဲ့ မိခင်လောင်းတွေအတွက်ပါ ကလေးရစေနိုင်ဖို့ မျှော်လင့်ရကြောင်း ဆိုပါတယ်။


.. www.MyanmarExpress.net
 

2 comments:

မာမီစုရေ ရသေးတယ်တဲ့၊
ဗိုလ်ချုပ်မျိုးဆက် နှာခေါင်းရှည်လေးတွေတော့
ရပြီးပြီ၊ ကုလားမဲလေးတစ်ယောက်လောက်
လုပ်လိုက်ပါဦးလား၊
အပြည်ပြည်ဆိုင်ရာ မျိုးဆက်လေးတွေရတာပေါ့။

များက အ၇င်ထဲက ကုလားနဲ့ တယောက်လောက် ဖောက်မလို့
ခုတော့ အဆင်ပြေပီးပေါ့ သားတို့ရယ် အဟင့်ဟင့်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်