Subscribe to our RSS Feed

ရန်ကုန် စင်္ကာပူနဲ့ ဘယ်တော့တူမှာလဲ..?? ကားတွေ ပြိုင်မမောင်းတော့ရင်၊ တစ်ဖက်ယာဉ်ကြောကို ကျော်မမောင်းတော့ရင် တူလာပါလိမ့်မယ်..

From : ..eleven

တစ်ဖက်ယာဉ်ကြောသို့ ကျော်ကာ စည်းကမ်းမဲ့ မောင်းနှင်နေသည့် မော်တော်ယာဉ်များ အပါအ၀င် စည်းကမ်း ဖောက်ဖျက်သည့် မော်တော်ယာဉ်များကို ထောင်ဒဏ်ချမှတ် သည်အထိ အရေးယူသွားမည့် အစီအစဉ်ကို အများပြည်သူသို့ အသိပေး ကြေညာချက်များ ထုတ်ပြန်သွားပြီး မကြာမီတွင် အရေးယူမှု စတင်တော့မည် ဖြစ်ကြောင်း ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

စည်းကမ်း ဖောက်ဖျက်သည့် မော်တော်ယာဉ်များကို ထိရောက်စွာ အရေးယူနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီသို့ တင်ပြထားကြောင်း သိရသည်။

စည်းကမ်းမဲ့ မောင်းနှင်မှုများနှင့် ပတ်သက်၍ ''ယာဉ်မောင်းတွေအပြင် ယာဉ်ပိုင်ရှင်တွေ ကိုလည်း ထိရောက်စွာ အရေးယူသွားမှာပါ။ စီမံချက် ဒဏ်ငွေတွေ ရိုက်ပြီးတော့ အရေးယူ ပေမယ့်လည်း လိုက်နာမှုတွေ အားနည်းနေတယ်။ ဒါကြောင့် စည်းကမ်းဖောက်တဲ့ ယာဉ်မောင်းတွေကို ထောင်ဒဏ် ပြစ်ဒဏ်ထိ အရေးယူဖို့ အတွက် တာဝန်ရှိသူ အဆင့်ဆင့်ကို တင်ပြထားတယ်။ ဘယ်လို အရေးယူမယ် ဆိုတာကိုလည်း အများပြည်သူကို အသိပေး ကြေညာသွားမယ်။ ပြီးတာနဲ့ ထောင်ဒဏ်ပြစ်ဒဏ်ကို စတင် အရေးယူ သွားပါမယ်'' ဟု ယာဉ်ထိန်းတပ်ဖွဲ့ ခွဲမှူးရုံး (ရန်ကုန်)မှ ရဲမှူးသာဌေးက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လစဉ်စည်းကမ်းမဲ့ မောင်းနှင်နေသည့် ယာဉ်အစီးရေ ၁၅၀၀၀ ၀န်းကျင်ကို အရေးယူနေရပြီး အောက်တိုဘာ ၁ ရက်မှ စတင်၍ စီမံချက် ဒဏ်ငွေဖြင့် အရေးယူမှုကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးထံမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လစဉ်စည်းကမ်း ဖောက်ဖျက်မှုကြောင့် အရေးယူခဲ့ရသည့် ယာဉ်အများစုမှာ တစ်ဖက်ယာဉ်ကြောသို့ ကျော်ကာ မောင်းနှင်နေခြင်း၊ ဖြူနီကျားတွင် ယာဉ်ရပ်ခြင်း၊ မှတ်တိုင်ကျော်ရပ်ခြင်း၊ အပြိုင်အဆိုင် မောင်းနှင်ခြင်း၊ မီးပွိုင့်အနီဖြတ်ခြင်း၊ မှတ်တိုင်မဟုတ်ဘဲ ခရီးသည် အတင်အချလုပ်ခြင်း၊ တံခါးဖွင့် မောင်းနှင်ခြင်း စသည့်ဖြစ်စဉ်များကို ကျူးလွန်ခဲ့ကြောင်း သိရသည်။

(သြဂုတ်လအတွင်း တာမွေမြို့နယ်၌ တစ်ဖက်ယာဉ်ကြောသို့ ကျော်တက် မောင်းနှင်နေသည့် ခရီးသည်တင် ယာဉ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်))

.. www.MyanmarExpress.net
 

2 comments:

1-THE DISCIPLINE IS MOSTLY DEPENDS UPON
THE RULES OF THE ROADS,ROAD MARKINGS
ON THE ROADS,SIGN BOARDS AS NECESSARY
AND EFFECTIVE LEGAL ACTIONS BY POLICE
AND THE TRAFFIC COURTS.
2-PLEASE MAKE NEW EFFECTIVE LAWS AFTER
STUDY HOW THE OTHER COUNTRIES ARE DOING.
3-MAY BE OUR RULES OF ROADS IS OUTDATED.
4-NEED DRIVER HAND BOOK WITH UPDATED
RULES AND REGULATIONS.
5-MAKE HEAVY FINES TO ALL TRAFFIC
OFFENDERS.
6-LAWS AND ORDERS AND NECESSARY LEGAL ACTIONS MUST BE SAME TO EVERY DRIVERS.
7-EVERYBODY/PERSONS MUST UNDER THE
LAWS AND ORDERS.
8-THERE ARE ABOUT THREE TYPE OF PEOPLE
IN ALL COUNTRIES.THEY ARE AS FOLLOWS;
(1)TYPE ONE; THEY KNOW THEIR DUTY AND FOLLOW THE RULES AND REGULATIONS.
(2)TYPE TWO;THEY FOLLOW THE RULES AND REGULATION ABOUT FIFTY PERCENT.
(3)TYPE THREE;THEY DO NOT LIKE TO FOLLOW
AND RULES AND REGULATIONS.
9-ANY HOW EVERY BODY AFRAID TO EFFECTIVE LEGAL ACTIONS AGAINST THEM.
10-THEREFORE TAKE EFFECTIVE LEGAL ACTIONS ALL THE TIMES.INCREASE FINE TEN TIME TO TWENTY TIMES ETC... FINE K10,000
INSTEAD OF K1000 OR MAY BE INCREASE TO K20,000 OR MAY BE K50,000.
PLEASE DO STRICT RULES.NEVER FINE JUST
K1000 FOR HEAVY OFFENDER.WE SAW THIS KIND OF FIND TO ONE OF THE NLD MEMBER IN NAYPYIDAW COURT.
11-IMMEDIATELY STOP ALL UNDERSTANDING.
12-IMMEDIATELY STOP ALL KIND OF BRIBERY AND CORRUPTION.
13-PLEASE TAKE THE ALL LEGAL ACTIONS TO
THOSE PERSONS BELONGED TO POWERFUL
GROUP AND PERSONS.ALL POWERFUL PERSON
SHOULD CHANGE THEIR MIND AND WILLING
ACCEPT THE BLAMES PUNISHMENTS TO THOSE PERSONS CONNECTED TO THEM.
14-WE CAN ACHIEVE OUR GOAL IF WE CAN REALLY TAKE THE LEGAL ACTION EQUALLY TO
ALL PERSONS.
15-PLEASE USE HEAVY FINE,SUSPENSION AND
CANCELLATION OF LICENSE TO ALL TRAFFIC
OFFENDERS.
16-WE THINK ONLY HEAVY TRAFFIC OFFENDERS SUCH DRUNK DRIVING AND KILL SOME ONE AND
KILLING PEOPLE BY USING THE CAR AS A
SMOKELESS GUN ONLY SHOULD SEND FOR
PRISON TERMS.
17-OF COURSE AUTHORITY HAVE THE POWER
TO USE BUT PLEASE THINK AND MAKE SURE
NOT TO GO TOO FAR.

Very good. 1 year prison for Myanmar car drivers who have violate rules.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်