Subscribe to our RSS Feed

ဒိုင်းမွန်းရွှေကြည် မှ ဒေါ်အောင်ဆန်းစုကြည် သို့ ပေးစာ




ကျွန်တော် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီစာကို ရေးသင့်တယ်ထင်လို့ ရေးလိုက်တာပါ။ ဒီနေ့ မြန်မာနိုင်ငံတော်ကြီး အကျဉ်းအကြပ်တွင်းက ရုန်းထွက်ဖို့ နိုင်ငံသားတိုင်းတာဝန်ကိုယ်စီ ရှိနေကြပါပြီ။ ကျွန်တော်တို့ လူ့သမိုင်းနဲ့ယှဉ်ပြီးကြည့်ကြည့် ကမ္ဘာ့သမိုင်းနဲ့ ယှဉ်ပြီး ကြည့်ကြည့် မြန်မာသမိုင်းကို အစဖော် ကြည့်မလား၊ ဘယ်လိုပဲကြည့်ကြည့် မြန်မာနိုင်ငံသားတွေဟာ ရိုးသားမှုကို အမြဲအသုံးချခံရလေ့ ရှိတာကို လေ့လာခွင့်ရမှာပါ။

ပညာ၊ ဗဟုသုတတွေထက် ပင်ကိုယ်စေတနာ၊ မေတ္တာ၊ ကရုဏာ ရှိကြတဲ့ မြန်မာအင်ပါယာမှာ အရည်းကြီးတွေက ဖန်ခုန်၊ သေရည်သောက်၊ ပန်းဦးချိုး၊ ကာမေသုရာကနေပြီး အနော်ရထာမင်းကြောင့် ဗုဒ္ဓဘာသာ အများစုကိုးကွယ်ရာ နိုင်ငံဖြစ်ခဲ့ပေမယ့် ရှေးဘုရင်တွေ၊ မင်းဆိုးမင်းညစ်တွေကြောင့် ပဒေသရာဇ် စနစ်ဆိုးတွေကြောင့် တိုင်းရင်းတွေ စစ်ခင်းခဲ့ရပါတယ်။ စစ်ဆိုတာ မတရားမှုနဲ့ တရားမျှတမှု ၂ ခုကြောင့်ပါ။ ဓမ္မဝါဒီနဲ့ အဓမ္မဝါဒီတွေက ဖန်တီးခြင်းကြောင့်ဖြစ်ရတာပါ။ မွန်၊ ရခိုင်၊ ကရင် ကချင်ရဲ့နောက် မှာ စစ်ရဲ့ ဆိုးကျိုး ကိုလိုနီရဲ့ ဆိုးကျိုးကြောင့် ထပ်များလာတာက ဘာသာရေး၊ လူမျိုးရေးသွေးနှောမှု ဖြစ်ပါတယ်။ ဒါတွေဟာ အချိန်ကာလရှည်ကြာလာတာနဲ့အမျှ “လုပ်စား” လို့ရတဲ့ နိုင်ငံရေး ဘာသာရေးတွေ ပါဖွံ့ဖြိုးလာတယ်။ သူတို့ကြောင့် လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီတို့ ထပ်ပြီး ဆင့်ပွားလာကြပြန်ပါတယ်။ ဒါတွေရဲ့ နောက်မှာတော့ သူဋ္ဌေးနဲ့ ဆင်းရဲသား တိုက်ပွဲကြီးတစ်ခု အနာဂတ်မှာ တွေ့ကြုံရပါဦးမယ်။ ပြီးရင် လူသားတွေရဲ့ အဓိကရန်သူဟာ “ဆင်းရဲခြင်း၊ ငတ်မွတ်ခြင်း” ဆိုတာကြုံရင် “အာဒံနဲ့ ဧဝ” က စလိုက်တဲ့ လူသားမျိုးနွယ်စုတွေဟာ ကမ္ဘာပျက်မှ ဦးညွတ်ကြမယ်။ စိတ်ထဲထင်လို့ ဒီစာကို ရေးရတာပါ။

မိချောင်းမင်းကို ရေးကင်းပြတာမဟုတ်ပါ။ သာမန်နိုင်ငံသားတစ်ယောက်အနေနဲ့ အမေစုကို ချစ်ခင် ရိုသေလေးစားဘို့၊ ဒီစာကိုရေးရခြင်းသာ ဖြစ်ပါတယ်။ ဒီနေ့ ကြုံတွေ့နေရ တဲ့ ပြဿနာပေါင်းစုံ ကို ဒေါ်အောင်ဆန်းစုကြည်မှ ကြိုးစားလုပ်ဆောင်နေသည်ကို အုပ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် တင်ပြခွင့် ရခြင်းဖြစ်ပါသည်။ သို့ပါ၍ ကျွန်တော်တွေ့ဆုံပြီး အမေစု ယနေ့ကြုံတွေ့နေရသော လက်ပံတောင်းတောင် ကိစ္စနှင့် ရခိုင်အရေးကိစ္စတွင် ကျွန်တော် အကြံပေးစာများ ရေးသားခဲ့သော်လည်း အမေစုထံ ရောက်မည်လို့ မထင်ခဲ့ပါဘူး။ ကျွန်တော်ရဲ့ စာအုပ်တွေကိုလည်း ပေးပို့ခဲ့ပါတယ်။ အမေ့ထံ မရောက်ဘူးလို့ ထင်ပါတယ်။ ပေးပို့တဲ့ သက်သေအထောက်အထားတော့ ရှိပါတယ်။ ယခုထပ်မံ၍ ကျွန်တော် ဘယ်သူလဲ၊ ဘာလဲ၊ ဘာလုပ်ပေးနိုင်မလဲ၊ အမေနဲ့အတူ နိုင်ငံတော်အတွက် အုပ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်မယ်ထင်လို့ ဒီစာနဲ့အတူ ကျွန်တော်ရဲ့ “ဘဝ” အဖြစ်မှန်စာအုပ် နိုင်ငံရေးမှာ ကျွန်တော် ပါဝင်ခွင့်ရဖို့ထက် ဒီအချိန်မှာ အမေ့ကို ကျွန်တော် တွေ့ခွင့်ရဖို့ အရမ်းအရေးကြီးနေပါပြီ။

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေးပီပီ မြန်မာတွေအတွက် မြန်မာနိုင်ငံတော်ကြီးရဲ့ အနာဂတ်အတွက် အမေဟာ အရေးကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အမေနဲ့တွေ့ဆုံပြီး ကျွန်တော်မက် ခဲ့သော အိပ်မက်နဲ့ ဆရာကြီး ဦးရာဇာတ်၊ ဦးဖေခင်တို့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ အတိတ်သမိုင်း ဟာ မြန်မာနိုင်ငံတော်အတွက် အနာဂတ်မှာ ဘယ်လိုကောင်းအောင်လုပ်နိုင်မလဲဆိုတာကို ကျွန်တော် အမေ့ကို ပြောမပြရရင် ကျွန်တော်ဟာ အိပ်မက်တစ္ဆေရဲ့ ခြောက်လှန့်မှုကို ခံနေရမယ်လို့ ထင်ပါတယ်။ ရှေးကလည်း နိုင်ငံရေး မလုပ်ခဲ့ဘူး။ နောင်လည်း မလုပ်ဘူး။ ဒါပေမယ့် စာမျိုးစုံစာပေါင်းစုံ ဖတ်နေတဲ့အတွက် အမေအကျဉ်းကြပ် ထဲမှာ ရှိနေတယ်လို့ ခံစားရပြီး အမေနဲ့ တွေ့ဆုံခွင့်ရဖို့ ဒါဟာ ပထမဦးဆုံးစတင်ကြိုးစားလိုက်ပါတယ်။

ကျွန်တော် အစ္စလာမ်ဘာသာဝင် သာမန်နိုင်ငံသားတစ်ယောက်သာဖြစ်ပါတယ်။ မြန်မာနိုင်ငံရေးမှာ အစ္စလာမ်တွေ မပါဝင်ပါနဲ့လို့ ကျွန်တော့်အဖေ ဆိုဆုံးမဘူးလို့ နိုင်ငံရေးမလုပ်ဘဲ စီးပွားရေးလုပ်ပြီး စားဝတ်နေရေးပြေလည်နေသူဖြစ်ပါတယ်။ ဒီနေ့ အမေ့ကို လက်ပံတောင်းတောင် အခက်အခဲ ကို တွေးမိလို့ အမေပြောတဲ့ နိုင်ငံရေးလုပ်နေတာ နေရာ၊ ရာထူးမလိုပါဘူး ဆိုတာရယ်။ ဂျာမနီမှာ ဂျူးတွေကို သတ်စဉ်က မဆိုင်သလိုနေတဲ့ ခရစ်ယာန်တရားဟောဆရာရဲ့ အကြောင်းကို အမေပြောခဲ့ တာကို မှတ်သားထားပြီး ဒီစာရေးလိုက် မိတ္တူဆွဲထားပါတယ်။ မရောက်သေးရင် ထပ်ခါ၊ ထပ်ခါ ပို့ပေးပါမယ်။ အမေ ကျွန်တော်ရဲ့ လုံးချင်း စာအုပ်သုံးအုပ်ကို ဖတ်ဖို့အချိန်ပေးပါ။ အကျိုးတစ်ခုရမယ်လို့ ယုံကြည်ပါတယ်။ တကယ်လို့ အမေမဖတ်အားဘူး၊နိုင်ငံတော်အတွက်လည်း မလိုအပ်ဘူးဆိုရင် ကျွန်တော့် အိပ်မက်တစ္ဆေကခွင့်လွှတ်ပြီးကျွန်တော်သာမန်ပြည်သူလိုအိပ်ပျော်အောင်အိပ်ပြီးသာမန်ပြည်သူတစ်ယောက်လို နေသွားပါမယ်။ တွေ့ကြုံတဲ့ဒုက္ခတွေကိုလည်း ခံစားသွားပါ့မယ်။

ဆရာတော် ဦးဝီရသူနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့သော အခွေကိုလည်း အမေစုထံပေးပို့ခဲ့ ပါသည်။ ရောက်မရောက် မသိရပါ။ ဆရာတော် ဦးဝီရသူနှင့် အမေစုနှင့် ကျွန်တော် အတူတွေ့ဆုံရန် ကြိုးစားပါမည်။

ဒိုင်းမွန်းရွှေကြည်
09.73238176

 

.. www.MyanmarExpress.net
 

1 comments:

Diamond Shwe Kyi is expecting too much Daw Su. She is no superior than ordinary spoilt woman. People think she has the quality to lead the country because she is the daughter of Bo Gyoke Aung San. Those people are all wrong.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်