From :
.. bbc
မြန်မာ့တပ်မတော်က ဒုဗိုလ်မှူးကြီးနဲ့အထက် အရာရှိ ၃ဝ ကို ဗြိတိန်နိုင်ငံ Cranfield တက္ကသိုလ်က လာမယ့် နှစ်ဆန်းပိုင်းမှာ မြန်မာနိုင်ငံထဲကို သွားပြီး သင်တန်းပေးမယ်လို့ သိရပါတယ်။ အခုလို မြန်မာ့တပ်မတော် အရာရှိတွေကို သင်တန်းပို့ချပေးခြင်းဟာ မြန်မာအစိုးရရဲ့ တောင်းဆိုချက် အရ ပြည်တွင်း ပြုပြင်ပြောင်းလဲရေးတွေမှာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ဗြိတိန်က လက်ခံတာ ဖြစ်ပါတယ်။
သင်တန်းမှာ ပို့ချပေးမယ့် ဘာသာရပ်တွေနဲ့ ပတ်သက်လို့ Cranfield တက္ကသိုလ်က နိုင်ငံတကာ လုံခြုံရေးစင်တာ အကြီးအကဲ Laura Cleary က ဘီဘီစီကို ရှင်းပြရာမှာ ကျယ်ပြန့်တဲ့ လုံခြုံရေးအမြင်နဲ့ ကာကွယ်ရေးစနစ်ကို စီမံခန့်ခွဲခြင်း ဆိုတဲ့ ခေါင်းစဉ်အာက်မှာ လုံခြုံရေး၊ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု ဘာသာရပ်တွေ ပို့ချပေးမယ့်အကြောင်း၊ ကမ္ဘာပေါ်မှာ ပြောင်းလဲလာတဲ့ လုံခြုံရေးအမြင် အယူအဆတွေကြောင့် စစ်တပ် တစ်ခုတည်းသာမက လူ့အဖွဲ့အစည်း တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ လုံခြုံရေးအမြင် သဘောထားတွေ ဆွေးနွေးမယ့်အကြောင်း ပြောပါတယ်။
သင်တန်း တစ်ကြိမ် တက်ရုံနဲ့တော့ လူတစ်ယောက်ရဲ့ သဘောထား ခံယူချက် ပြောင်းသွားနိုင်ဖို့လည်း မမျှော်လင့်ထားပါဘူးလို့ Laura Cleary က ဆိုပါတယ်။ ဘယ်လို ဖြစ်သင့်တယ် ဆိုတာကို ပို့ချပေးမှာထက် သင်တန်းသားတွေထံက လုံခြုံရေးနဲ့ ပတ်သက်တဲ့ အမြင်တွေနဲ့ မေးခွန်းတွေ၊ ဆန်းစစ်ချက်တွေကို အပြန်အလှန် ဖလှယ်ဖို့ အားပေးမယ်လို့လည်း သိရပါတယ်။ ဒီဆွေးနွေးမှုတွေကိုလည်း သင်ခန်းစာတွေကို လေ့ကျက်သင်ကြားရတာမျိုးသက်သက် မဟုတ်ဘဲ မြန်မာ့ လူ့အဖွဲ့အစည်း အတွင်းမှာ ပြန်လည် ဆွေးနွေးရမှာ ဖြစ်ကြောင်းလည်း Ms Cleary က ဆိုပါတယ်။
လွတ်လပ်ရေး မရခင်က ဗြိတိန် စစ်ကျောင်းတွေမှာ လာရောက် ပညာဆည်းပူးခဲ့ဖူးတဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးက အရင်ကလည်း အဆက်အသွယ် ရှိခဲ့ဖူးလို့ အခုလို သင်ကြားမယ်၊ အပြန်အလှန် အတွေ့အကြုံဖလှယ်မယ် ဆိုတာ ကောင်းမွန်ကြောင်း၊ သူတို့က ပေးချင်တာထက် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သင်ခန်းစာ ဖော်ထုတ်ပြီး သူတို့ အကျိုးအမြတ်အတွက် သင်တာမျိုးလည်း ရှိတတ်ကြောင်း၊ စေတနာ မှန်မှန်နဲ့သာ လုပ်ဆောာင်ဖို့ လိုအပ်ကြောင်း သူရ ဦးတင်ဦးက ဘီဘီစီကို ရှင်းပြပါတယ်။
.. www.MyanmarExpress.net

.jpg)

5 comments:
2013 မှာတော့ အကြိုက်ဆုံး
သတင်းပဲ
အမြင်ချင်းဖလှယ်တာကကောင်းပါတယ်၊သင်တန်းတက်မယ့်အရာရှိတွေကိုသီးခြားကြိုတင်ပြီးသင်တန်းပေးသင့်တယ်၊ဘယ်အရာမှအလကားမပေးဘူးဆိုတာသိသင့်တယ်၊၀ါရင့်သဘာရင့်တွေကိုတက်သင့်တယ်၊နိုင်ငံရဲ့လုံခြုံရေးမှာစစ်တိုက်ဘူးသူတွေကိုဦးစားပေးတက်သင့်တာပေါ့
Britain thinks that they can brain wash our officers. Well, they are wrong. Let me tell you what our Myanmar Officers think about the British Instructors of Cranfield. Let me quote the late Bo Hmu Gyi Tin Maung. "Those British Instructors saw us on the ground up from the 6 storeyed building and we the Myanmar Officers saw them up down from the ground. Just as they saw us as small chaps we saw them small chaps too" That means both the British Instructors and Myanmar Officers think small to each other. . .
right
right
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်