From :
.. abc
..
www.MyanmarExpress.net
အစိုးရနဲ့KIO ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အောက်တိုဘာ
၁၀ရက်နေ့အထိ ၃ရက်ကြာကျင်းပသွားမှာဖြစ်ပြီး အစိုးရဘက်က ဦးအောင်မင်း၊
ဗိုလ်ချုပ်ကြီးမြင့်စိုးစတဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့
KIOဘက်ကတော့ ဦးဆွမ်လွတ်ဂမ်၊ ဗိုလ်ချုပ်ဂွမ်မော်တို့ တက်ရောက်
ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲစတင်ကျင်းပတဲ့နေ့မှာ မေလဆွေးနွေးပွဲအတွင်းက သဘောတူညီခဲ့တဲ့အချက်တွေထဲက နှစ် ဘက်အဖွဲ့တွေကြား စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တဦးဖြစ်တဲ့ ဦးခွန်ဂျာက အခုလိုပြောပါတယ်။
“ဒီနေ့ ပထမနေ့မှာကတော့ လွန်ခဲ့တဲ့မေလ ၂၈-၃၀ရက်နေ့တုန်းက နှစ်ဦးနှစ်ဘက် သဘောတူညီထား လက် မှတ်ထိုးထားခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတယ်ဗျာ၊ ၂၈-၃၀ရက်နေ့တုန်းက သဘောတူညီပြီး သားဖြစ်တဲ့ monitoring နဲ့ ပတ်သက်ပြီးတော့ ဒီနေ့ဆွေးနွေးသွားတယ်၊ ဒါမပြီးပြတ်သေးဘူး မနက်ဖြန်ဆက်လက်ဆွေးနွေးမယ်၊ ပြီးတဲ့နောက်မှာ ကျနော်တို့ တပ်ပိုင်းဆိုင်ရာကို ပြန်ဆွေးနွေးမှာဖြစ်တယ်။”
ပြီးခဲ့တဲ့ မေလက အစိုးရနဲ့ KIO တို့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ဆွေးနွေးပွဲကနေ နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့တွေက အချက် (၇)ချက်ကို သဘောတူခဲ့ကြတာဖြစ်ပြီး အဲ့ဒီထဲမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်ဖို့၊ တိုက်ပွဲအ ရှိန်လျော့ချဖို့၊ နှစ်ဘက်ကိုယ်စားလှယ်တွေပါဝင်တဲ့ စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ (Joint monitoring committee) ဖွဲ့စည်းဖို့၊ တပ်နေရာချထားရေးညှိနှိုင်းဆောင်ရွက်ဖို့ စတာတွေကို သဘောတူညီခဲ့တယ်လို့ ပြောပါ တယ်။
သုံးရက်ကြာ ဆွေးနွေးပွဲ အတွင်းမှာ နှစ်ဘက်အဖွဲ့တွေဆွေးနွေးသွားမဲ့ ခေါင်းစဉ်တွေကို ပေးပို့ထားပြီး ဖြစ်တယ်လို့လည်း ဦးခွန်ဂျာက ဆက်ပြောပါတယ်။
“ကျန်ာတို့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်ပေါ်မှာ နံပါတ်၁ အနေနဲ့တော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုတဲ့ ခေါင်းစဉ်ပေါ်မှာ သပ်သပ်ဆွေးနွေးမယ်၊ ပြီးလို့ရှိရင် ကျနော်တို့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘယ်ပုံဘယ်နည်း ဆွေးနွေးသွားမယ်ဆိုတာကို ပြန်ဆွေးနွေးမှာဖြစ်တယ်၊ နောက်မှာ IDP နဲ့ ပတ်သက်တဲ့ ခေါင်းစဉ်နဲ့ ပြန် ဆွေးနွေးမယ်ဆိုတဲ့ခေါင်းစဉ်တွေ ကျနော်တို့ ဒီနေ့ပေးထားပါတယ်၊ ဒါဟာ ဒီနေ့ရယ်၊ မနက်ဖြန်၊ သဘက်ခါ ၃ရက်အတွက် နှစ်ဦးနှစ်ဘက်အနေနဲ့ ဆွေးနွေးသွားဖို့အတွက်ဆိုတဲ့ခေါင်းစဉ်ပေါ့။”
ဒီဆွေးနွေးပွဲကို လေ့လာသူအဖြစ် အစိုးရနဲ့ငြိမ်းချမ်းရေးရယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ ရှမ်းမျိုးနွယ်စုစာပေနဲ့ယဉ်ကျေးမှုအဖွဲ့တွေ၊ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့တွေ၊ ပြည်နယ်လွတ် တော်ကိုယ်စားလှယ်တွေ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဘီဂျေး နမ်ဘီးယား နဲ့ တရုတ်နိုင်ငံကလည်း လေ့လာသူအဖြစ်တက်ရောက်ခဲ့တဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ထားတာဖြစ်ပါတယ်။

2 comments:
ငါ မ စွဲ ကြ ပါ နဲ့ အ တ ကို ဘေး ဖယ် ကြ ပါ
ပြည် သူ တွေ ကို ငဲ့ ညှာ ကြ ပါ သာ ယာ တဲ့ ပြည် နယ် အေး ချမ်း တဲ့ ပြည် နယ် ဖြစ် အောင် လုပ် ကြ ပါ တော့ ငါ့ တိုင်း ပြည် ငါ့ နိုင့် ငံ ငါ့ မြန် မာ န်ုင် ငံ လို့ စွဲ ကြ ပါ
သာ ယာ လှ ပ အေး ချမ်း တဲ့ နိုင် ငံ ပြုးံ ပျော် ရွှင် နေ တဲ့ ပြည် သူ တွေ သင် တို့ မြင် ယောင် ကြည့် ကြ ပါ အ ချင်း ချင်း မ ဖြစ် ကြ ပါ နဲ့ တော့
အိမ် ကြက် ခြင်း ခွှတ် ခိုင်း ပြိး အ မြတ် ထုတ် နေ ကြ ပါ လား လို့ သိ ကြ ပါ တော့
ကိုယ့ ပြည် သူ တွေ ကို သ နား ကြ ပါ
တိုင်း ပြည် တိုး တက် အောင် ပြည် သူ တွေ ပျော် ရွှင် အောင် လုပ် ကြ ပါ တော့
တ ရုတ် ကြိး ရဲ့ နယ် ချဲ့ မူ ကို သိ ကြ ပါ တော့
ကိုယ့်  မြေ ကိုယ့် နယ် ကို ပြည် သူ တွေ အေး ချမ်း စွာ နေ ကြ အောင် လုပ် ကြ ပါ တော့
တိုင်း သ ပါး က ကူး ကျော် နေ တာ ကို တား ကြ ပါ တ ရုတ် တွေ ဝင် နေ ကြ ပါ ပြိ အ ထုတ် ရခက် လှ ပါ တယ် ပြည် သူ တွေ ကို ငဲ့ ညုာ ကြ ပါ
Pku THEER THREE
PKU THREE THREE says Chinese are coming. Yes they are coming because Christian and Islam British, American and Kalar also are coming with Aung San Su Kyi in front of them. All Myanmar must support our Government and Tat-Ma-Daw.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်